ယူနိုက်တက်ရဲ့ ပထမဆုံး တောင်အာရှသား ဇီဒန်း အစ်ဘယ်လ်

ယူနိုက်တက် အသင်းဟာ ယမန်နေ့က အိုးလ်ထရပ်ဖို့ဒ် ကွင်းထဲမှာ

ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ယန်းဘွိုင်းစ် အသင်းကို

ရင်ဆိုင် ကစားခဲ့ရပြီး တစ်ဖက် တစ်ဂိုးစီ သရေ ရလဒ်ကိုသာ ရယူသွားနိုင်ခဲ့ပါတယ် ။

အဲဒီပွဲမှာတော့ အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာနေခဲ့တဲ့ အတွက်

နည်းပြသစ် ရန်းဂ်နစ် က ပွဲထွက်ခွင့် နည်းပါးခဲ့တဲ့ စီနီယာ ကစားသမားတွေကို

အာမတ် ဒီယာလို ၊ အီလန်ဂါ တို့လို လူငယ်လေးတွေနဲ့ တွဲဖက်ကစားစေခဲ့ပါတယ်။

ယူနိုက်တက်တို့ ပွဲချိန် စတင်ပြီး 9 မိနစ် အကြာမှာပဲ ဂရင်းဝုဒ် ရဲ့

လှပတဲ့ ကန်ချက်နဲ့ အတူ ပွဲစဉ်ကို ဦးဆောင်နိုင်ခဲ့ကြပါတယ် ။

ဒါပေမဲ့ ပထမပိုင်းပြီးဆုံးဖို့ 3 မိနစ်အကြာမှာ ယန်းဘွိုင်းစ် ဖက်မှ

ကွင်းလယ်လူ ရီဒါက ခြေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့တဲ့အတွက်

ပထမပိုင်းဟာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ရပါတယ် ။

အဲဒီနောက် ဒုတိယပိုင်းမှာ ရန်းဂနစ်ဟာ လူငယ်အသင်းမှ တီဒန် မန်ဂီ ၊

ရှိုရီတိုင်ယာ ၊ ဆာဗေ့ချ် ၊ အစ်ခ်ဘယ် တို့ အပြင် နွေက ခေါ်ယူခဲ့တဲ့

ဂိုးသမား တွမ်ဟီတန် ကိုလည်း ထည့်သွင်း ကစားစေခဲ့ပါတယ် ။

ဒါပေမဲ့ ရလဒ်ကတော့ ထူးခြားမလာခဲ့ပါဘူး ။

ဇီဒန်း အစ်ဘယ်လ်ဟာ ဗုဒ္ဓဟူးနေ့ညက ယန်းဘွိုင်းစ်နဲ့ ကစားခဲ့တဲ့

ချန်ပီယံလိဂ်ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီးနောက်

ယူနိုက်တက်အသင်းသမိုင်းမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့

ပထမဆုံး တောင်အာရှသားဘောလုံးသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

ကျောနံပါတ် ၇၃ ကို ဝတ်ဆင်ထားတဲ့ အစ်ဘယ်လ်ဟာ ဒုတိယပိုင်း

ပွဲကစားချိန်ပြည့်ဖို့ မိနစ်အနည်းငယ်အလိုမှာ ဂျက်ဆီ လင်ဂတ်နေရာမှာ

လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ပါကစ္စတန်နဲ့ အီရတ်နွယ်ဖွား

မန်ချက်စတာဇာတိဖွား ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ ဧပြီလမှာ

အသင်းနဲ့ ပရိုစာချုပ် ချုပ်ဆိုတဲ့ ပထမဆုံး ဗြိတိသျှတောင်အာရှသား

ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

“အခုလို ကစားခွင့်ရတာ အရမ်းအံ့အားသင့်စရာကောင်းတယ်လို့

ခံစားရပါတယ်။ ကျွန်တော် ဒီအခွင့်အရေးရဖို့အတွက် တစ်ဘဝလုံး

အလုပ်လုပ်ခဲ့ရတာပါ။ အိပ်မက်တွေက တကယ်ဖြစ်လာခဲ့ပါပြီ။

အခုက အစပဲ ရှိသေးပြီး ကျွန်တော် ဆက်ပြီး ကြိုးစားလုပ်ဆောင်သွားနိုင်မယ်လို့

မျှော်လင့်မိပါတယ်”လို့ အစ်ဘယ်လ်က MUTV ကို ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

zawgyi

ယူႏိုက္တက္ရဲ႕ ပထမဆုံး ေတာင္အာရွသား ဇီဒန္း အစ္ဘယ္လ္

ယူႏိုက္တက္ အသင္းဟာ ယမန္ေန႔က အိုးလ္ထရပ္ဖို႔ဒ္ ကြင္းထဲမွာ

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ေနာက္ဆုံးပြဲစဥ္အျဖစ္ ယန္းဘြိဳင္းစ္ အသင္းကို

ရင္ဆိုင္ ကစားခဲ့ရၿပီး တစ္ဖက္ တစ္ဂိုးစီ သေရ ရလဒ္ကိုသာ ရယူသြားႏိုင္ခဲ့ပါတယ္ ။

အဲဒီပြဲမွာေတာ့ အုပ္စုဗိုလ္ အျဖစ္နဲ႔ ေနာက္တစ္ဆင့္ တက္ဖို႔ ေသခ်ာေနခဲ့တဲ့ အတြက္

နည္းျပသစ္ ရန္းဂ္နစ္ က ပြဲထြက္ခြင့္ နည္းပါးခဲ့တဲ့ စီနီယာ ကစားသမားေတြကို

အာမတ္ ဒီယာလို ၊ အီလန္ဂါ တို႔လို လူငယ္ေလးေတြနဲ႔ တြဲဖက္ကစားေစခဲ့ပါတယ္။

ယူႏိုက္တက္တို႔ ပြဲခ်ိန္ စတင္ၿပီး 9 မိနစ္ အၾကာမွာပဲ ဂရင္းဝုဒ္ ရဲ႕

လွပတဲ့ ကန္ခ်က္နဲ႔ အတူ ပြဲစဥ္ကို ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္ ။

ဒါေပမဲ့ ပထမပိုင္းၿပီးဆုံးဖို႔ 3 မိနစ္အၾကာမွာ ယန္းဘြိဳင္းစ္ ဖက္မွ

ကြင္းလယ္လူ ရီဒါက ေျခပဂိုး ျပန္လည္ သြင္းယူႏိုင္ခဲ့တဲ့အတြက္

ပထမပိုင္းဟာ သေရရလဒ္သာ ထြက္ေပၚခဲ့ရပါတယ္ ။

အဲဒီေနာက္ ဒုတိယပိုင္းမွာ ရန္းဂနစ္ဟာ လူငယ္အသင္းမွ တီဒန္ မန္ဂီ ၊

ရႈိရီတိုင္ယာ ၊ ဆာေဗ့ခ်္ ၊ အစ္ခ္ဘယ္ တို႔ အျပင္ ေႏြက ေခၚယူခဲ့တဲ့

ဂိုးသမား တြမ္ဟီတန္ ကိုလည္း ထည့္သြင္း ကစားေစခဲ့ပါတယ္ ။

ဒါေပမဲ့ ရလဒ္ကေတာ့ ထူးျခားမလာခဲ့ပါဘူး ။

ဇီဒန္း အစ္ဘယ္လ္ဟာ ဗုဒၶဟူးေန႔ညက ယန္းဘြိဳင္းစ္နဲ႔ ကစားခဲ့တဲ့

ခ်န္ပီယံလိဂ္ပြဲစဥ္မွာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ၿပီးေနာက္

ယူႏိုက္တက္အသင္းသမိုင္းမွာ အသင္းအတြက္ ပါဝင္ကစားေပးခဲ့တဲ့

ပထမဆုံး ေတာင္အာရွသားေဘာလုံးသမားျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။

ေက်ာနံပါတ္ ၇၃ ကို ဝတ္ဆင္ထားတဲ့ အစ္ဘယ္လ္ဟာ ဒုတိယပိုင္း

ပြဲကစားခ်ိန္ျပည့္ဖို႔ မိနစ္အနည္းငယ္အလိုမွာ ဂ်က္ဆီ လင္ဂတ္ေနရာမွာ

လူစားဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ၿပီး ပါကစၥတန္နဲ႔ အီရတ္ႏြယ္ဖြား

မန္ခ်က္စတာဇာတိဖြား ကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ ဧၿပီလမွာ

အသင္းနဲ႔ ပ႐ိုစာခ်ဳပ္ ခ်ဳပ္ဆိုတဲ့ ပထမဆုံး ၿဗိတိသွ်ေတာင္အာရွသား

ကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။

“အခုလို ကစားခြင့္ရတာ အရမ္းအံ့အားသင့္စရာေကာင္းတယ္လို႔

ခံစားရပါတယ္။ ကြၽန္ေတာ္ ဒီအခြင့္အေရးရဖို႔အတြက္ တစ္ဘဝလုံး

အလုပ္လုပ္ခဲ့ရတာပါ။ အိပ္မက္ေတြက တကယ္ျဖစ္လာခဲ့ပါၿပီ။

အခုက အစပဲ ရွိေသးၿပီး ကြၽန္ေတာ္ ဆက္ၿပီး ႀကိဳးစားလုပ္ေဆာင္သြားႏိုင္မယ္လို႔

ေမွ်ာ္လင့္မိပါတယ္”လို႔ အစ္ဘယ္လ္က MUTV ကို ပြဲအၿပီးမွာ ေျပာၾကားခဲ့ပါတယ္။