
ယူနိုက်တက်ဟာ ၁၀ ရက်တာအတွင်း မတူညီတဲ့ပြိုင်ပွဲ ၄ရပ်ကို





ကျော်ဖြတ်ရတော့မယ့်အချိန်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ခေါင်းဆောင်မှု
အရည်အချင်းကို နည်းပြတန်ဟတ်ကချီးကျူးခဲ့တယ်လို့ Dailymail က





ဖော်ပြလိုက်ပါတယ်။ မက်ဂွိုင်းယားရဲ့အရေးပါမှုကျဆင်းခဲ့တဲ့နောက်
ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းခေါင်းဆောင်လက်ပတ်ကို
ပုံမှန်ဝတ်ဆင်ခွင့်ရခဲ့သူဖြစ်တယ်။ လက်စတာနဲ့ပွဲမတိုင်ခင်မှာ တန်ဟတ်က





“ပထမဆုံးအနေနဲ့ အသင်းခေါင်းဆောင်၊ ကွင်းထဲမှာ သူပေးခဲ့တဲ့
ခွန်အားတွေက ဥပမာတစ်ခုပဲ။ သူက ကျွန်တော်တို့ရဲ့ နည်းဗျူဟာ





ချဉ်းကပ်မှုနဲ့ အသွင်ကူးပြောင်းမှုမှာ အသင်းအတွက် အရမ်းအရေးကြီးတယ်။
သူက စံနမူနာကောင်းပါ။ သူက အမှန်တကယ်မြင့်မားတဲ့
စံချိန်စံညွှန်းတွေနဲ့ကိုက်ညီတဲ့ ဂိမ်းတွေကိုကစားနိုင်တယ်။





အသင်းမှာရှိတဲ့ လူတိုင်းအတွက်စံနမူနာကောင်းတစ်ခုပါ” လို့ ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်စတာနဲ့ပွဲအပြီး ကြာသပတေးညမှာ





ဘာစီလိုနာနဲ့ ယူရိုပါလိဂ် ဒုတိယအကျော့၊ တနင်္ဂနွေနေ့မှာ
နယူးကာဆယ်နဲ့ ကာရာဘောင်းဖလားဗိုလ်လုပွဲ၊ လာမယ့်
သီတင်းပတ်ထဲမှာ ဝက်စ်ဟမ်းနဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်ဆိုတဲ့





မတူညီတဲ့ပြိုင်ပွဲ ၄ ရပ်ကိုဖြန့်ကျက်ရဖို့ရှိနေတာဖြစ်တယ်။
ဒီလိုအနေအထားမှာတော့ ကစားသမားတွေရဲ့တောင်းဆိုချက်ကို





စောင့်ကြည့်ပြီးမှ စီမံခန့်ခွဲမှုတွေလုပ်ဆောင်သွားမယ်လို့
နည်းပြတန်ဟတ်က ပြောဆိုထားပါတယ်။
zawgyi





ယူႏိုက္တက္ရဲ႕ နည္းဗ်ဴဟာခ်ဥ္းကပ္မႈနဲ႔ အသြင္ကူးေျပာင္းမႈမွာ ဘ႐ူႏိုဖာနန္ဒက္စ္က အလြန္အေရးပါတဲ့ကစားသမားလို႔ တန္ဟတ္ ခ်ီးက်ဴးလိုက္
ယူႏိုက္တက္ဟာ ၁၀ ရက္တာအတြင္း မတူညီတဲ့ၿပိဳင္ပြဲ ၄ရပ္ကို





ေက်ာ္ျဖတ္ရေတာ့မယ့္အခ်ိန္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေခါင္းေဆာင္မႈ
အရည္အခ်င္းကို နည္းျပတန္ဟတ္ကခ်ီးက်ဴးခဲ့တယ္လို႔ Dailymail က
ေဖာ္ျပလိုက္ပါတယ္။ မက္ဂြိဳင္းယားရဲ႕အေရးပါမႈက်ဆင္းခဲ့တဲ့ေနာက္





ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္အသင္းေခါင္းေဆာင္လက္ပတ္ကို
ပုံမွန္ဝတ္ဆင္ခြင့္ရခဲ့သူျဖစ္တယ္။ လက္စတာနဲ႔ပြဲမတိုင္ခင္မွာ တန္ဟတ္က





“ပထမဆုံးအေနနဲ႔ အသင္းေခါင္းေဆာင္၊ ကြင္းထဲမွာ သူေပးခဲ့တဲ့
ခြန္အားေတြက ဥပမာတစ္ခုပဲ။ သူက ကြၽန္ေတာ္တို႔ရဲ႕ နည္းဗ်ဴဟာ
ခ်ဥ္းကပ္မႈနဲ႔ အသြင္ကူးေျပာင္းမႈမွာ အသင္းအတြက္ အရမ္းအေရးႀကီးတယ္။





သူက စံနမူနာေကာင္းပါ။ သူက အမွန္တကယ္ျမင့္မားတဲ့
စံခ်ိန္စံၫႊန္းေတြနဲ႔ကိုက္ညီတဲ့ ဂိမ္းေတြကိုကစားႏိုင္တယ္။





အသင္းမွာရွိတဲ့ လူတိုင္းအတြက္စံနမူနာေကာင္းတစ္ခုပါ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။
ယူႏိုက္တက္ဟာ လက္စတာနဲ႔ပြဲအၿပီး ၾကာသပေတးညမွာ
ဘာစီလိုနာနဲ႔ ယူ႐ိုပါလိဂ္ ဒုတိယအေက်ာ့၊ တနဂၤေႏြေန႔မွာ





နယူးကာဆယ္နဲ႔ ကာရာေဘာင္းဖလားဗိုလ္လုပြဲ၊ လာမယ့္
သီတင္းပတ္ထဲမွာ ဝက္စ္ဟမ္းနဲ႔ အက္ဖ္ေအဖလား ပၪၥမအဆင့္ပြဲစဥ္ဆိုတဲ့





မတူညီတဲ့ၿပိဳင္ပြဲ ၄ ရပ္ကိုျဖန႔္က်က္ရဖို႔ရွိေနတာျဖစ္တယ္။
ဒီလိုအေနအထားမွာေတာ့ ကစားသမားေတြရဲ႕ေတာင္းဆိုခ်က္ကို
ေစာင့္ၾကည့္ၿပီးမွ စီမံခန႔္ခြဲမႈေတြလုပ္ေဆာင္သြားမယ္လို႔





နည္းျပတန္ဟတ္က ေျပာဆိုထားပါတယ္။