ယူနိုက်တက်ရဲ့ ကြယ်ပွင့်ကစားသမားဟောင်း ဒါလေဘလိုင်းရဲ့ဖခင်
ဒန်နီ ဘလိုင်းကတော့ ဆိုးလ်ရှားဟာ နည်းစနစ် ပလန်ဘားမှမရှိတဲ့သူလို့
ဝေဖန် ခဲ့ပါတယ်။ ဒန်နီ ဘလိုင်းဟာ ယူနိုက်တက်ပရိသတ်တွေအမုန်းဆုံး
နည်းပြတစ်ဦးဖြစ်တဲ့ လူးဝစ် ဗန်ဂေါလ်ရဲ့ နယ်သာလန် နည်းပြအဖွဲ့ထဲမှာ
လက်ထောက်နည်းပြ အဖြစ် လုပ်ကိုင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။
သူက ယူနိုက်တက်ရဲ့ ကိုယ်ပိုင် ကစားဟန်ပျောက်ဆုံးနေတဲ့အပေါ်
အားမရဖြစ်နေခဲ့သလို ပြိုင်ဘက်အသင်းတွေအပေါ် ဖိအားပေး တိုက်စစ်ဆင်နိုင်မှုမရှိတဲ့
ဆိုလ်းရှားရဲ့ နည်းစနစ်ကိုလည်း အပြစ်တင် ဝေဖန်ခဲ့ပါတယ်။
ဒန်နီ ဘလိုင်းက ” ဆိုးလ်ရှားရဲ့ပလန်ကရောဘာလဲ? သေချာတာတစ်ခုက
ဆိုးလ်ရှားမှာပလန်မရှိဘူး။ သူ့မှာနည်းစနစ်နဲ့ပတ်သတ်ပြီး အစီအစဉ်တွေ
ရှိနေတာကို ကျွန်တော် မတွေ့ရဘူး။ နောက် ဒီရာသီမှာ ယူနိုက်တက်က
မကြာခဏဆိုသလိုရလာဒ်ကောင်းတတ်ပေမယ့် ဘယ်တော့မှ အသင်းလိုက်
ကစားပြီး ပြိုင်ဘက်အသင်းတွေကို အသင်းကြီးတစ်သင်းအနေနဲ့ဖိအားပေ
းကစားသွားတာမျိုး ကျွန်တော် တို့မမြင်ရသေးဘူး။
ပြိုင်ဘက်အသင်းတွေကို အမြဲတမ်းဖိအားပေးနေရမယ်လို့ ကျွန်တော်
မဆိုလိုပါဘူးဗျာ။ အရည်အချင်းတွေရှိတဲ့ကစားသမားတွေရှိနေရက်နဲ့
အသင်းလိုက်ကစားဟန်ပျောက်နေပြီး နိုင်ပွဲရဖို့ အသင်းငယ်တွေနဲ့တွေ့လည်း ရုန်းကန်နေရတဲ့ပုံစံကတော့ တကယ့်ပြဿနာပါ”
“ အဲဗာတန်နဲ့ပွဲမှာဆိုရင် ဦးဆောင်ဂိုးရပြီးချိန်မှာ တစ်ဖက်အသင်းက
ပြန်တိုက်စစ်ဆင်လာမှာကို သူတို့ရဲ့ကွင်းဘက်အခြမ်းကနေ ပြန်စောင့်နေကြတယ်။ ”
“ သူတို့က တန်ပြန်တိုက်စစ်ကနေပဲ ဂိုးသွင်းချင်နေပုံပါပဲ။ ဒါပေမယ့်
ဒါက ယူနိုက်တက်လို အသင်း အတွက် ဒီလိုပုံစံက အဆင်ပြေမနေဘူးလေ။ ”
“ ခင်ဗျားတို့တွေ့ခဲ့မှာပါ အဲဗာတန်တို့ချေပဂိုးပြန်ရတဲ့အခါ သူတို့ဘယ်လို
ရုန်းကန် ခဲ့ရလဲဆိုတာပါပဲ။ သူတို့က ပွဲရလဒ်ကိုပြောင်းလဲ ပစ်နိုင်တဲ့ အခွင့်အရေးတွေ
သိပ်မဖန်တီးနိုင်ခဲ့ဘူး။” “ ရလဒ်တွေကမကောင်းပါဘူး။ ယန်းဘွိုင်းစ်၊ ဝက်စ်ဟမ်း
တို့နဲ့ဖလားပွဲတွေမှာရှုံးတယ်။ ပြီးတော့ ဗီလာကိုထပ်ရှုံးတယ်။
ဗီလာ ရီးရဲယ်လ်ကိုတော့ ရော်နယ်လ်ဒိုရဲ့အရည်အချင်းနဲ့မို့ သူတု့ိကံကောင်း
သွားခဲ့တယ်။ နောက်တော့ အဲဗာတန်နဲ့ကန်တယ်၊ သရေတဲ့ ”
“ ဒါဟာ အသင်းက တိုးတက်ဖို့လိုသလို၊ တိုးတက်အောင်လည်းလုပ်ဖို့လည်
းလိုနေသေးတယ်ဆိုတာကိုပြသနေတာပါပဲ။ ဆိုးလ်ရှားဟာ ယူနိုက်တက်ဆီ
မရောက်ခင်က ထိပ်တန်းအဆင့်မှာ အကြာကြီးနေခဲ့ဖူးတဲ့ မန်နေဂျာတစ်ယောက်လို့
ကျွန်တော်တို့ မပြောနိုင်ပါဘူး။ ” “ သူကနော်ဝေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ နည်းပြ
တစ်ယောက်ဖြစ်ပေမယ့် အဲဒါက ကွဲပြားတဲ့ အဆင့်တစ်ခုပါ။
သူက ယူနိုက်တက်အသင်းရဲ့ သမိုင်းထဲက ကစားသမားတစ်ယောက်ဖြစ်နေလို့
အခြားနည်းပြတွေထက် အချိန်ပိုရပြီး နည်းပြ နေရာမြဲနေတယ်ဆိုတာကိုလဲ ကျွန်တော်သိပါတယ်။ ”
“ သူက ၁၉၉၉ မှာ ချန်ပီယံလိဂ်ဖလားရစေတဲ့ ဂိုးကိုသွင်းယူခဲ့တဲ့ကစားသမား
ဖြစ်နေပေမယ့် အခုအချိန်မှာ ဖြစ်နေတဲ့ အသင်းရဲ့ အခြေအနေအတွက် ဒါက
မလုံလောက်တော့ပါဘူး။ ”လို့ ပြောသွားခဲ့ပါတယ်။
ဒန်နီ ဘလိုင်းက ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး ယူနိုက်တက်မှာ ရော်နယ်လ်ဒိုကို
ထည့်သွင်းကစားစေခဲ့တာက အသင်း ရဲ့ ဟန်ချက်ကို အထောက်အကူမပြုဘူး
လို့လည်း ဆက်ပြီးပြောခဲ့ပါတယ်။ သူက“ ရော်နယ်လ်ဒိုရဲ့ပွဲအပေါ် ချဉ်းကပ်တဲ့
ကစားပုံ တွေကို ခင်ဗျားပြောင်းလဲပစ်လို့မရဘူး။
ဒီတော့ ဆိုးလ်ရှားက ရော်နယ်လ်ဒိုရဲ့ကစားဟန်နဲ့လိုက်ဖက်မယ့် အသင်းကစားပုံ၊
ကစားဟန်ကိုပြင်ဆင်ဖို့လိုလိမ့်မယ်။ ရော်နယ်လ်ဒိုက ယူနိုက်တက်ကိုပြန်လာပြီး
အရေးပါတဲ့ဂိုးတွေကိုသွင်းပေးနေတယ်။ ဒါပေမယ့် ဒီအသင်းမှာရော်နယ်လ်ဒိုရှိနေခြင်းဟာ
နည်းပရိယာယ်အရ တွေးခေါ်ပုံကွဲပြားဖို့လိုအပ်နေတယ်။ အသင်းက ရော်နယ်ဒိုနဲ့
အချိတ်အဆက်ပျောက်နေပြီး တိုက်စစ်မှာရော်နယ်လ်ဒိုရှိနေတယ်ဆိုတဲ့ယုံကြည်မှုမျိုး
သူတို့မှာမရှိဘူးဖြစ်နေတယ်” “ဆိုးလ်ရှားကို ယူနိုက်တက်ရဲ့ နည်းပြတစ်ယောက်အနေနဲ့
ခင်ဗျားတို့ဘယ်လိုပဲတွေးထားထားပါ။ ဒီအခိုက်အတန့်က အပြောင်းအလဲလုပ်ဖို့
အချိန်ကောင်းမဟုတ်ဘူး။ သူတို့အသင်းကလည်း ပရီးမီးယားလိဂ်မှာ
အများကြီးပြတ်မကျန်သေးပါဘူး။ ဒါပေမယ့်ခင်ဗျားတို့ ထင်တာထက်တော့
ယူနိုက်တက်က ပွဲတွေပိုရှုံးနေခဲ့ကြတယ်။”
zawgyi
ဗီလာ ရီးရဲယ်လ်ကိုတော့ ရော်နယ်လ်ဒိုရဲ့အရည်အချင်းနဲ့မို့ သူတို့ကံကောင်း