
ယူနိုက်တက်အသင်းကနေ နော်တင်ဟမ်အသင်းထံအငှားချထားတဲ့
လူငယ်ကွင်းလယ်ကစားသမားလေးဂျိမ်းဂါနာဟာ သရဲနီဂျာစီ ခဏချွတ်ချိန်မှာ
ခြေစွမ်းထက်နေပါတယ်။
နော်တင်ဟမ်ကွင်းလယ်မှာအပါတ်စဉ်တိုင်းထိပ်တန်းခြေစွမ်းပြနေတဲ့အသက်၂၀အရွယ်
ကွင်းလယ်ကစားသမားလေးဟာနောက်ပိုင်းပွဲစဉ်တွေမှာတည်ကန်ဘောတွေကပါ
အသင်းအတွက်ဂိုးရဖို့အထောက်ကူပြုမှုတွေအများအပြားပြုလုပ်လာနိုင်ခဲ့လို့
တစ်ချိန်ကယူနိုက်တက်ရဲ့တည်ကန်ဘောဝိဇ္ဇာဘောလုံးမင်းသားဒေးဗစ်ဘက်ဟမ်းနဲ့တောင်
နှိုင်းယှဉ်မှုတွေကို ခံနေရပါပြီ။
ပြီးခဲ့တဲ့ စတုတ်အသင်းနဲ့အိမ်ကွင်းပွဲစဉ်မှာနော်တင်ဟမ်တို့ပွဲချိန်၅၆မိနစ်မှာဂျွန်ဆန်ရဲ့ဂိုးနဲ့
ဦးဆောင်နိုင်ခဲ့ပေမယ့်၆၈မိနစ်မှာမီဂျာကစတုတ်အတွက်ခြေပဂိုးသွင်းယူသွားခဲ့သလို
ပွဲချိန်၈၈မိနစ်မှာဘာကာကပင်နယ်တီကနေတစ်ဆင့်ဘာကာကစတုတ်အတွက်
အနိုင်ဂိုးသွင်းယူသွားခဲ့သလိုပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့နော်တင်ဟမ်ဂိုးသမားဆမ်ဘာလည်း
တိုက်ရိုက်အနီကဒ်နဲ့ထုတ်ပယ်ခံခဲ့ရပါတယ်။
ဒါပေမယ့်ပွဲချိန်၉၂မိနစ်မှာတော့စတုတ်ပင်နယ်တီဧရိယာဘယ်ဘက်ထိပ်နားမှာရရှိခဲ့တဲ့ပြစ်ဒဏ်ဘော
ဂါနာကတိုက်ရိုက်ကန်သွင်းခဲ့ရာမှာတော့စတုတ်ဂိုးသမားဖမ်းမမိခဲ့ဘဲဘောလုံးဟာဂိုးဘားကို
တိုက်ရိုက်ထိမှန်ခဲ့ပြီးပြန်ထွက်လာတဲ့ဘောလုံးကိုမက္ကမ်းနားကဂိုးရှေ့မှာလွတ်နေတဲ့
ယာတတ်စီကိုခေါင်းတိုက်ပေးပို့ခဲ့ပြီ းယာတတ်ကလွတ်လွတ်ကျွတ်ကျွတ်သွင်းယူခဲ့ပါတယ်။
ဒါကြောင့် တစ်ယောက်လျှော့ပြီး၁-၂ဂိုးနဲ့ရှုံးနေတဲ့နော်တင်ဟမ်အသင်းအတွက် ဂါနာကတော့
အကောင်းဆုံး ထောက်ပံ့နိုင်ခဲ့ပါတယ်။
Zawgyi
ယူနိုက္တက္ရဲ့အေ၀းေရာက္မွ ဘက္ခမ္းနဲ႔ အႏႈိင္းခံရတဲ့ လူငယ္ကစားသမားေလး
ယူႏိုက္တက္အသင္းကေန ေနာ္တင္ဟမ္အသင္းထံအငွားခ်ထားတဲ့
လူငယ္ကြင္းလယ္ကစားသမားေလးဂ်ိမ္းဂါနာဟာ သရဲနီဂ်ာစီ ခဏခြၽတ္ခ်ိန္မွာ
ေျခစြမ္းထက္ေနပါတယ္။
ေနာ္တင္ဟမ္ကြင္းလယ္မွာအပါတ္စဥ္တိုင္းထိပ္တန္းေျခစြမ္းျပေနတဲ့အသက္၂၀အ႐ြယ္
ကြင္းလယ္ကစားသမားေလးဟာေနာက္ပိုင္းပြဲစဥ္ေတြမွာတည္ကန္ေဘာေတြကပါ
အသင္းအတြက္ဂိုးရဖို႔အေထာက္ကူျပဳမႈေတြအမ်ားအျပားျပဳလုပ္လာႏိုင္ခဲ့လို႔
တစ္ခ်ိန္ကယူႏိုက္တက္ရဲ႕တည္ကန္ေဘာဝိဇၨာေဘာလုံးမင္းသားေဒးဗစ္ဘက္ဟမ္းနဲ႔ေတာင္
ႏႈိင္းယွဥ္မႈေတြကို ခံေနရပါၿပီ။
ၿပီးခဲ့တဲ့ စတုတ္အသင္းနဲ႔အိမ္ကြင္းပြဲစဥ္မွာေနာ္တင္ဟမ္တို႔ပြဲခ်ိန္၅၆မိနစ္မွာဂြၽန္ဆန္ရဲ႕ဂိုးနဲ႔
ဦးေဆာင္ႏိုင္ခဲ့ေပမယ့္၆၈မိနစ္မွာမီဂ်ာကစတုတ္အတြက္ေျခပဂိုးသြင္းယူသြားခဲ့သလို
ပြဲခ်ိန္၈၈မိနစ္မွာဘာကာကပင္နယ္တီကေနတစ္ဆင့္ဘာကာကစတုတ္အတြက္
အႏိုင္ဂိုးသြင္းယူသြားခဲ့သလိုျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ေနာ္တင္ဟမ္ဂိုးသမားဆမ္ဘာလည္း
တိုက္႐ိုက္အနီကဒ္နဲ႔ထုတ္ပယ္ခံခဲ့ရပါတယ္။
ဒါေပမယ့္ပြဲခ်ိန္၉၂မိနစ္မွာေတာ့စတုတ္ပင္နယ္တီဧရိယာဘယ္ဘက္ထိပ္နားမွာရရွိခဲ့တဲ့ျပစ္ဒဏ္ေဘာကို
ဂါနာကတိုက္႐ိုက္ကန္သြင္းခဲ့ရာမွာေတာ့စတုတ္ဂိုးသမားဖမ္းမမိခဲ့ဘဲေဘာလုံးဟာဂိုးဘားကို
တိုက္႐ိုက္ထိမွန္ခဲ့ၿပီးျပန္ထြက္လာတဲ့ေဘာလုံးကိုမကၠမ္းနားကဂိုးေရွ႕မွာလြတ္ေနတဲ့
ယာတတ္စီကိုေခါင္းတိုက္ေပးပို႔ခဲ့ၿပီ းယာတတ္ကလြတ္လြတ္ကြၽတ္ကြၽတ္သြင္းယူခဲ့ပါတယ္။
ဒါေၾကာင့္ တစ္ေယာက္ေလွ်ာ့ၿပီး၁-၂ဂိုးနဲ႔ရႈံးေနတဲ့ေနာ္တင္ဟမ္အသင္းအတြက္ ဂါနာကေတာ့
အေကာင္းဆုံး ေထာက္ပံ့ႏိုင္ခဲ့ပါတယ္။