
ရော်နယ်ဒိုလိုပဲ လေပေါ်မြောက်တက် ပျံဝဲနိုင်တဲ့ ဟာလန်း
လူငယ်ခြေတက် ကစားသမားတွေထဲမှာ နည်းပြတွေရော၊ ပရိသတ်တွေပါ
စောင့်ကြည့်အားပေးနေတဲ့ ကစားသမားကတော့ ဟာလန်းပါပဲ။
ဒေ့ါမွန်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ ယမန်နေ့ညက
ဂရူသာဖက်သ်နဲ့ပွဲစဉ်မှာ အနိုင်ဂိုး ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းဟာ အသင်းသမိုင်းတစ်လျှောက်
ပြက္ခဒိန်တစ်နှစ်အတွင်းမှာ ဂိုး ၃၀ သွင်းယူနိုင်တဲ့
ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဒေါ့မွန်အသင်းက ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဟာလန်းဟာ
ရော်နယ်ဒိုလို ကမ္ဘာမြေဆွဲငင်အားကို ဆန့်ကျင်တဲ့ ခုန်ပျံမှုပုံစံမျိုးနဲ့
အလွန်လှပတဲ့ ခေါင်းတိုက်သွင်းဂိုးကို သွင်းယူခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ် နော်ဝေကြယ်ပွင့်တိုက်စစ်မှူးဟာ ပထမပိုင်းမှာပဲ
ပင်နယ်တီကနေတစ်ဆင့် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ၈၂ မိနစ်မှာ
ဂျူလီယန် ဘရန့်တ်ရဲ့ အလွတ်တည်ကန်ဘောကနေ ဖြတ်တင်ပေးလိုက်တဲ့
ဘောလုံးကို အလွန်ကောင်းမွန်တဲ့ ခေါင်းတိုက်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။
ဘရန့်တ်ဟာ ပင်နယ်တီဧရိယာထဲမှာ စောင့်ဆိုင်းနေတဲ့ အသင်းဖော်
ဟာလန်းရှိရာကို အလွန်ကောင်းမွန်တဲ့ ကန်တင်ပေးပို့မှု ပြုလုပ်ခဲ့တာဖြစ်ပြီး
နော်ဝေတိုက်စစ်မှူးက ပြိုင်ဘက် နောက်ခံလူ မက်ဆီမီလီယန် ဘောင်ဝါ
လိုက်မမီနိုင်လောက်တဲ့ အမြင့်ကို ခုန်ပြီး ဂိုးညာဘက်အောက်ထောင့်ကို
ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ဟာလန်းကို မျိုးစုံချီးကျူးနေကြပါတယ်။
“သူက နော်ဝေ လူသန်ကြီးပဲ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့သလို၊
“ကောင်းလိုက်တဲ့ ခုန်ချက်ပဲ မိုက်တယ်” ဆိုပြီး ချီးကျူးသလို၊
“ယူနိုက်တက်ရေ ဒေါ့မွန်လိုချင်သလောက်သာ ပေးလိုက်ပြီး
ဟာလန်းကို ခေါ်လိုက်ပါတော့”လို့ ပို့စ်တင်သူလည်းရှိပါတယ်။
zawgyi
ယူနိုက်တက်ရေ နော်ဝေ လူသန်ကြီးကိုလိုချင်သလောက်သာ ပေးလိုက်ပြီး ခေါ်လိုက်ပါတော့
ဒေါ့မွန်ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ ယမန်နေ့ညက