ယူနိုက်တက်ရောက်တော့မယ့် တန်ဟတ်ကို အကြာကြီးဆက်ရှိစေချင်ခဲ့တာလို့ ဗန်ဒါဆာ ဝန်ခံ

အေဂျက်စ်အသင်းအကြီးအကဲ ဗန်ဒါဆာက မိမိတို့အသင်းအနေနဲ့

ယူနိုက်တက်အသင်းကို တာဝန်ယူတော့မယ့် နည်းပြအဲရစ်တန်ဟတ်ကို
လက်လွှတ်အဆုံးရှုံးမခံဖို့ ကြိုးစားခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အမြဲတမ်းနည်းပြအဖြစ် ယခုရာသီအကုန်မှာ
တန်ဟတ် တာဝန်ယူတော့မယ်လို့ အတည်ပြုကြေညာခဲ့ပြီး
လက်ရှိယာယီနည်းပြ ရန်းနစ်က နွေရာသီမှာ

အသင်းရဲ့အကြံပေးအဖြစ် ပြောင်းလဲတာဝန်ယူမှာဖြစ်ပါတယ်။
တန်ဟတ်ဟာ ယူနိုက်တက်နည်းပြအဖြစ် ၃နှစ်စာချုပ်
ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီး နောက်ထပ် ၁နှစ်
သက်တမ်းတိုးခွင့်ပါ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။
နယ်သာလန်နိုင်ငံသား တန်ဟတ်ဟာ အေဂျက်စ်အသင်းကို

နယ်သာလန်ရဲ့အင်အားကြီးကလပ်အဖြစ် ပြန်လည်
ရပ်တည်စေနိုင်ခဲ့သလို ၂၀၁၉ ခုနှစ်ကလည်း
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်စေနိုင်ခဲ့ပါတယ်။
၂၀၀၅ ကနေ ၂၀၁၁ အထိ ယူနိုက်တက်မှာ
အောင်မြင်မှုအများအပြား ရယူနိုင်ခဲ့တဲ့ ဂိုးသမားဟောင်း

ဗန်ဒါဆာဟာ အေဂျက်စ်အသင်းရဲ့ အမှုဆောင်အရာရှိအဖြစ်
တာဝန်ယူထားသူဖြစ်ပြီး အသက် ၅၂ နှစ်အရွယ်ရှိ
တန်ဟတ်ကို ဆုံးရှုံးရမှာက အသင်းအတွက်
ကြီးမားတဲ့ဆုံးရှုံးမှုပဲလို့ ဝန်ခံခဲ့ပါတယ်။
”၄နှစ်ခွဲဆိုတဲ့ကာလက ကြာရှည်တာမှန်ပေမယ့်

ကျွန်တော်တို့အနေနဲ့ တန်ဟတ်ကို အေဂျက်စ်မှာ
အကြာကြီး ဆက်ရှိစေချင်ခဲ့တာပါ။
သူဟာ အံ့အားသင့်စရာကောင်းတဲ့လိဂ်မှာ
ပါဝင်ယှဉ်ပြိုင်နေတဲ့ ကမ္ဘာ့အကြီးမားဆုံး
ကလပ်အသင်းတစ်သင်းထံ ခြေလှမ်းတစ်ရပ်

လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အေဂျက်စ်အသင်းနဲ့အတူ သူရယူပေးခဲ့တဲ့
အောင်မြင်မှုတွေကြောင့် တန်ဟတ်ကို
အသင်းဘက်က ကျေးဇူးအများကြီး
တင်ရမှာဖြစ်ပေမယ့် ကျွန်တော်တို့အသင်းနဲ့

သူ့ရဲ့လက်တွဲမှုက အဆုံးမသတ်သေးပါဘူး။
ရာသီအကုန်မှာ သူ့ရဲ့ထွက်ခွာမှုက
ပိုပြီးတော့တောင် ကြီးမားလာဦးမှာပါ။
အခုချိန်မှာတော့ ဘယ်လိုပဲဖြစ်ဖြစ်
လက်ကျန်ပွဲတွေကို အာရုံစိုက်ပြီး

အမှတ်ပေးချန်ပီယံဖြစ်ဖို့ ကြိုးစားရပါမယ်”လို့ ဗန်ဒါဆာက ပြောပါတယ်။
တန်ဟတ်ကလည်း ယူနိုက်တက်အသင်းနည်းပြအဖြစ်
တာဝန်ယူခွင့်ရမှာဖြစ်လို့ ပျော်ရွှင်မိတာမှန်ပေမယ့်
လက်ရှိအချိန်မှာတော့ နောက်ဆုံး ၄ ရာသီအတွင်း
အမှတ်ပေးချန်ပီယံဆု ၃ကြိမ်မြောက်

ရယူနိုင်ဖို့ပဲ အာရုံအပြည့်စိုက်ထားတယ်လို့ အခိုင်အမာပြောပါတယ်။
”ယူနိုက်တက်နည်းပြအဖြစ် တရားဝင်ဖြစ်ခွင့်ရခဲ့လို့ ပျော်ရွှင်မိပါတယ်။
ဒါပေမဲ့ ကျွန်တော်ဟာ လက်ရှိအချိန်မှာ
ရာသီအကုန်လက်ကျန် ၅ပွဲအကြောင်းပဲ ခေါင်းထဲ ထည့်ထားပါတယ်။
အေဂျက်စ်နည်းပြအဖြစ် အကောင်းဆုံး အဆုံးသတ်လိုပါတယ်။

ပြောရရင် အမှတ်ပေးချန်ပီယံအဖြစ်၏
ချန်ပီယံလိဂ်အုပ်စုအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရဖို့ပေါ့”လို့ တန်ဟတ်က ပြောပါတယ်။

Zawgyi

ယူႏုိက္တက္ေရာက္ေတာ့မယ့္ တန္ဟတ္ကို အၾကာႀကီးဆက္ရွိေစခ်င္ခဲ့တာလို႔ ဗန္ဒါဆာ ၀န္ခံ
ေအဂ်က္စ္အသင္းအႀကီးအကဲ ဗန္ဒါဆာက မိမိတုိ႔အသင္းအေနနဲ႔
ယူႏုိက္တက္အသင္းကို တာ၀န္ယူေတာ့မယ့္ နည္းျပအဲရစ္တန္ဟတ္ကို
လက္လႊတ္အဆုံးရံႈးမခံဖို႔ ႀကိဳးစားခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာဆိုလုိက္ပါတယ္။
ယူႏုိက္တက္အသင္းဟာ အၿမဲတမ္းနည္းျပအျဖစ္ ယခုရာသီအကုန္မွာ

တန္ဟတ္ တာ၀န္ယူေတာ့မယ္လုိ႔ အတည္ျပဳေၾကညာခဲ့ၿပီး
လက္ရွိယာယီနည္းျပ ရန္းနစ္က ေႏြရာသီမွာ
အသင္းရဲ႕အႀကံေပးအျဖစ္ ေျပာင္းလဲတာ၀န္ယူမွာျဖစ္ပါတယ္။
တန္ဟတ္ဟာ ယူႏုိက္တက္နည္းျပအျဖစ္ ၃ႏွစ္စာခ်ဳပ္
ခ်ဳပ္ဆိုဖုိ႔ သေဘာတူညီခဲ့ၿပီး ေနာက္ထပ္ ၁ႏွစ္

သက္တမ္းတိုးခြင့္ပါ ထည့္သြင္းခ်ဳပ္ဆိုခဲ့ပါတယ္။
နယ္သာလန္ႏိုင္ငံသား တန္ဟတ္ဟာ ေအဂ်က္စ္အသင္းကို
နယ္သာလန္ရဲ႕အင္အားႀကီးကလပ္အျဖစ္ ျပန္လည္
ရပ္တည္ေစႏိုင္ခဲ့သလို ၂၀၁၉ ခုႏွစ္ကလည္း
ခ်န္ပီယံလိဂ္ဆီမီးဖုိင္နယ္အထိ တက္ေရာက္ေစႏိုင္္ခဲ့ပါတယ္။

၂၀၀၅ ကေန ၂၀၁၁ အထိ ယူႏိုက္တက္မွာ
ေအာင္ျမင္မႈအမ်ားအျပား ရယူႏုိင္ခဲ့တဲ့ ဂိုးသမားေဟာင္း
ဗန္ဒါဆာဟာ ေအဂ်က္စ္အသင္းရဲ႕ အမႈေဆာင္အရာရွိအျဖစ္
တာ၀န္ယူထားသူျဖစ္ၿပီး အသက္ ၅၂ နွစ္အရြယ္ရွိ
တန္ဟတ္ကို ဆုံးရံႈးရမွာက အသင္းအတြက္

ႀကီးမားတဲ့ဆုံးရံႈးမႈပဲလို႔ ၀န္ခံခဲ့ပါတယ္။
”၄ႏွစ္ခြဲဆုိတဲ့ကာလက ၾကာရွည္တာမွန္ေပမယ့္
ကၽြန္ေတာ္တို႔အေနနဲ႔ တန္ဟတ္ကို ေအဂ်က္စ္မွာ
အၾကာႀကီး ဆက္ရွိေစခ်င္ခ့ဲတာပါ။
သူဟာ အံ့အားသင့္စရာေကာင္းတဲ့လိဂ္မွာ

ပါ၀င္ယွဥ္ၿပိဳင္ေနတဲ့ ကမၻာ့အႀကီးမားဆုံး
ကလပ္အသင္းတစ္သင္းထံ ေျခလွမ္းတစ္ရပ္
လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။
ေအဂ်က္စ္အသင္းနဲ႔အတူ သူရယူေပးခဲ့တဲ့
ေအာင္ျမင္မႈေတြေၾကာင့္ တန္ဟတ္ကို

အသင္းဘက္က ေက်းဇူးအမ်ားႀကီး
တင္ရမွာျဖစ္ေပမယ့္ ကၽြန္ေတာ္တုိ႔အသင္းနဲ႔
သူ႔ရဲ႕လက္တြဲမႈက အဆုံးမသတ္ေသးပါဘူး။
ရာသီအကုန္မွာ သူ႕ရဲ႕ထြက္ခြာမႈက
ပိုၿပီးေတာ့ေတာင္ ႀကီးမားလာဦးမွာပါ။

အခုခ်ိန္မွာေတာ့ ဘယ္လုိပဲျဖစ္ျဖစ္
လက္က်န္ပြဲေတြကို အာရုံစုိက္ၿပီး
အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ ႀကိဳးစားရပါမယ္”လုိ႔ ဗန္ဒါဆာက ေျပာပါတယ္။
တန္ဟတ္ကလည္း ယူႏုိက္တက္အသင္းနည္းျပအျဖစ္
တာ၀န္ယူခြင့္ရမွာျဖစ္လုိ႔ ေပ်ာ္ရႊင္မိတာမွန္ေပမယ့္

လက္ရွိအခ်ိန္မွာေတာ့ ေနာက္ဆုံး ၄ ရာသီအတြင္း
အမွတ္ေပးခ်န္ပီယံဆု ၃ႀကိမ္ေျမာက္
ရယူနိုင္ဖို႔ပဲ အာရုံအျပည့္စိုက္ထားတယ္လုိ႔ အခုိင္အမာေျပာပါတယ္။
”ယူႏုိက္တက္နည္းျပအျဖစ္ တရား၀င္ျဖစ္ခြင့္ရခဲ့လုိ႔ ေပ်ာ္ရႊင္မိပါတယ္။
ဒါေပမဲ့ ကၽြန္ေတာ္ဟာ လက္ရွိအခ်ိန္မွာ

ရာသီအကုန္လက္က်န္ ၅ပြဲအေၾကာင္းပဲ ေခါင္းထဲ ထည့္ထားပါတယ္။
ေအဂ်က္စ္နည္းျပအျဖစ္ အေကာင္းဆုံး အဆုံးသတ္လိုပါတယ္။
ေျပာရရင္ အမွတ္ေပးခ်န္ပီယံအျဖစ္၏
ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို တုိက္ရိုက္တက္ေရာက္ခြင့္ရဖို႔ေပါ့”လုိ႔ တန္ဟတ္က ေျပာပါတယ္။