ယူနိုက်တက်မှာ အဆင်မပြေဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်ကို ကယ်တင်ဖို့ အာဆင်နယ်ကြိုးစားဖွယ်ရှိဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ

လာမယ့်နွေရာသီအတွင်း ယူနိုက်တက်တိုက်စစ်မှူး ရက်ရ်ှဖို့ဒ်ကို
ခေါ်ယူဖို့ ကြိုးစားဖွယ်ရှိနေကြောင်း သိရပါတယ်။
အာဆင်နယ်တိုက်စစ်မှူးတွေဖြစ်တဲ့ လာကာဇက်နဲ့
အန်ကီတီးယားတို့က ယခုရာသီအကုန်မှာ စာချုပ်သက်တမ်း
ကုန်ဆုံးတော့မှာဖြစ်ရာ တိုက်စစ်ပိုင်းအားနည်းသွားနိုင်ပေမယ့်

တိုက်စစ်မှူး ၂ဦးပေါင်း ယခုနှစ်အတွင်း ပရီးမီးယားလိဂ်သွင်းဂိုးကလည်း
တစ်ဂိုးပဲရှိလို့ ဘယ်လိုပဲဖြစ်ဖြစ် တိုက်စစ်ပိုင်းကို ပြင်ဆင်ဖွယ်ရှိနေပါတယ်။
ဒါ့အပြင် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း
အသင်းခေါင်းဆာင်ဟောင်း အူဘာမီယန်းကို
ဘာစီလိုနာအသင်းဆီ ထွက်ခွာခွင့်ပေးခဲ့ပါသေးတယ်။

အဲဒီအတွက်ကြောင့် အာဆင်နယ်ဟာ လာမယ့်နွေရာသီမှာ
အင်္ဂလန်လက်ရွေးစင် ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့
ကြိုးစားဖွယ်ရှိနေတယ်လို့ The Mirror က ရေးသားဖော်ပြပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယခုနောက်ပိုင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး
၂၀၂၂ အတွင်း ပရီးမီးယားလိဂ်မှာ ဦးစားပေးကစားသမားအဖြစ်

၃ပွဲသာ ကစားခွင့်ရထားပါတယ်။
သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကလည်း ကျဆင်းလာပြီး
၂၀၂၀-၂၁ ရာသီက ၂၁ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်
ယခုရာသီမှာတော့ စုစုပေါင်း ၅ဂိုးပဲ သွင်းယူထားနိုင်ပါသေးတယ်။
အခုလု် ကလပ်အသင်းမှာ ရုန်းကန်နေရတာကို

ကစားသမားဖြစ်သူက အဖြေရှာဖို့ ကြိုးစားနေသလို
အင်္ဂလန်အသင်းမှာပါ ချန်လှပ်ခြင်းခံလာရပါတယ်။
ယူနိုက်တက်မှာရှိတဲ့ သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းက
၂၀၂၃ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းဘက်က
နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့် ရထားပါတယ်။

Zawgyi

ယူႏုိက္တက္မွာ အဆင္မေျပျဖစ္ေနတဲ့ ရက္ရွ္ဖို႔ဒ္ကို ကယ္တင္ဖို႔ အာဆင္နယ္ႀကိဳးစားဖြယ္ရွိဟုဆို
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အာဆင္နယ္အသင္းဟာ

လာမယ့္ေႏြရာသီအတြင္း ယူႏုိက္တက္တုိက္စစ္မွဴး ရက္ရ္ွဖို႔ဒ္ကို
ေခၚယူဖုိ႔ ႀကိဳးစားဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အာဆင္နယ္တုိက္စစ္မွဴးေတြျဖစ္တဲ့ လာကာဇက္နဲ႔
အန္ကီတီးယားတုိ႔က ယခုရာသီအကုန္မွာ စာခ်ဳပ္သက္တမ္း
ကုန္ဆုံးေတာ့မွာျဖစ္ရာ တုိက္စစ္ပုိင္းအားနည္းသြားႏိုင္ေပမယ့္

တုိက္စစ္မွဴး ၂ဦးေပါင္း ယခုႏွစ္အတြင္း ပရီးမီးယားလိဂ္သြင္းဂိုးကလည္း
တစ္ဂိုးပဲရွိလုိ႔ ဘယ္လုိပဲျဖစ္ျဖစ္ တိုက္စစ္ပိုင္းကို ျပင္ဆင္ဖြယ္ရိွေနပါတယ္။
ဒါ့အျပင္ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ဇန္န၀ါရီလအတြင္း
အသင္းေခါင္းဆာင္ေဟာင္း အူဘာမီယန္းကို
ဘာစီလုိနာအသင္းဆီ ထြက္ခြာခြင့္ေပးခဲ့ပါေသးတယ္။

အဲဒီအတြက္ေၾကာင့္ အာဆင္နယ္ဟာ လာမယ့္ေႏြရာသီမွာ
အဂၤလန္လက္ေရြးစင္ ရက္ရွ္ဖို႔ဒ္ကိုေခၚယူဖို႔
ႀကိဳးစားဖြယ္ရွိေနတယ္လုိ႔ The Mirror က ေရးသားေဖာ္ျပပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ယခုေနာက္ပိုင္းမွာ ပုံမွန္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး
၂၀၂၂ အတြင္း ပရီးမီးယားလိဂ္မွာ ဦးစားေပးကစားသမားအျဖစ္

၃ပဲြသာ ကစားခြင့္ရထားပါတယ္။
သူ႕ရဲ႕ဂိုးသြင္းစြမ္းရည္ကလည္း က်ဆင္းလာၿပီး
၂၀၂၀-၂၁ ရာသီက ၂၁ဂိုးအထိ သြင္းယူႏိုင္ခဲ့ေပမယ့္
ယခုရာသီမွာေတာ့ စုစုေပါင္း ၅ဂိုးပဲ သြင္းယူထားႏုိင္ပါေသးတယ္။
အခုလု္ ကလပ္အသင္းမွာ ရုန္းကန္ေနရတာကို

ကစားသမားျဖစ္သူက အေျဖရွာဖုိ႔ ႀကိဳးစားေနသလုိ
အဂၤလန္အသင္းမွာပါ ခ်န္လွပ္ျခင္းခံလာရပါတယ္။
ယူႏိုက္တက္မွာရွိတဲ့ သူ႕ရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက
၂၀၂၃ ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္ေပမယ့္ အသင္းဘက္က
ေနာက္ထပ္တစ္ႏွစ္သက္တမ္းတုိးခြင့္ ရထားပါတယ္။