ယူနိုက်တက်မှာ အဆင်မပြေဖြစ်နေတဲ့ ရက်ရှ်ဖို့ဒ်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာ

သတင်းတွေရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ

ယူနိုက်တက်မှာ အနာဂတ်မသေမချာဖြစ်နေတဲ့
တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့
စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်
ရက်ရှ်ဖို့ဒ်ဟာ ယခုလအတွင်း မန်စီးတီးကို

၄-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ဒါဘီပွဲမှာ
အရန်ခုံ ထိုင်ခဲ့ရပြီးနောက် အသင်းရှိ
သူ့ရဲ့အနေအထားကို ပြန်လည်စဉ်းစားသုံးသပ်နေတယ်လို့ သိရပါတယ်။
မန်ချက်စတာညနေခင်းသတင်းစာရဲ့ဖော်ပြချက်အရ
ရက်ရှ်ဖို့ဒ်အနေနဲ့ အဲဒီကောလာဟလသတင်း

ထွက်ပေါ်လာချိန်ကတည်းက သူ့ဖုန်းကို
ခေါ်တဲ့သူတွေ ဆက်တိုက်ဆိုသလို လာနေတယ်လို့
သူနဲ့နီးစပ်သူတွေက အသိပေးခဲ့ကြောင်း သိရပါတယ်။
ရက်ရှ်ဖို့ဒ်က သူ့ရဲ့ငယ်မွေးခြံပေါက်အသင်းကနေ
မထွက်ခွာဘဲ အသင်းနဲ့ ကာလရှည်

စာချုပ်သစ် ချုပ်ဆိုချင်နေပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၃ နွေရာသီမှာ စာချုပ်
သက်တမ်းကုန်ဆုံးမှာဖြစ်ပေမယ့် အသင်းဘက်က
တစ်နှစ်ထပ်တိုးခွင့်ရရှိထားပြီး ယခုရာသီမှာ
ပြိုင်ပွဲစုံ ၂၆ပွဲကစားထားတဲ့အနက် ၅ဂိုးပဲသွင်းယူထားနိုင်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဇန်နဝါရီလက
တိုက်စစ်ပိုင်းအင်အားဖြည့်တင်းမှုအဖြစ် ဖာရန်တောရက်စ်နဲ့
အူဘာမီယန်းတို့ကို အမြဲတမ်းစာချုပ်၊ ထရာအိုရေးကို
အငှားနဲ့ အသီးသီးခေါ်ယူခဲ့ပေမယ့် နွေရာသီမှာ
တောင်ပံတိုက်စစ်မှူး ဒမ်ဘီလီက စာချုပ်သက်တမ်း

ကုန်ဆုံးတော့မှာဖြစ်သလို နောက်ထပ်တိုက်စစ်မှူး
လုခ်ဒီဂျောင်ကလည်း မိခင်ကလပ်
ဆီဗီလာအသင်းဆီ ပြန်ရမှာဖြစ်ပါတယ်။
ပြီးတော့ ၂၀၂၁ နွေရာသီကမှ အသင်းကိုရောက်လာတဲ့
တိုက်စစ်မှူး ဒီပိုင်းရဲ့အနာဂတ်ကလည်း

မသေမချာဖြစ်နေပြီး ရက်ရှ်ဖို့ဒ်ကို
ခေါ်ယူဖို့ လီဗာပူးကလည်း စောင့်ကြည့်နေပေမယ့်
ယူနိုက်တက်နဲ့ လီဗာပူးတို့ကြား ပြင်းထန်တဲ့
အားပြိုင်မှုတွေကြောင့် လီဗာပူးကို
ရက်ရှ်ဖို့ဒ် ရောက်ဖို့တော့ ရာခိုင်နှုန်း အတော်လေးနည်းနေပါတယ်။

Zawgyi

ယူႏိုက္တက္မွာ အဆင္မေျပျဖစ္ေနတဲ့ ရက္ရွ္ဖို႔ဒ္ကို ေခၚယူခ်င္ေနတဲ့ ဘာစီလိုနာ
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘာစီလိုနာအသင္းဟာ

ယူႏိုက္တက္မွာ အနာဂတ္မေသမခ်ာျဖစ္ေနတဲ့
တိုက္စစ္မႉး မားကပ္စ္ရက္ရွ္ဖို႔ဒ္ကိုေခၚယူဖို႔
စိတ္ဝင္စားေနတယ္လို႔သိရပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ အဂၤလန္လက္ေ႐ြးစင္
ရက္ရွ္ဖို႔ဒ္ဟာ ယခုလအတြင္း မန္စီးတီးကို

၄-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့တဲ့ ဒါဘီပြဲမွာ
အရန္ခုံ ထိုင္ခဲ့ရၿပီးေနာက္ အသင္းရွိ
သူ႔ရဲ႕အေနအထားကို ျပန္လည္စဥ္းစားသုံးသပ္ေနတယ္လို႔ သိရပါတယ္။
မန္ခ်က္စတာညေနခင္းသတင္းစာရဲ႕ေဖာ္ျပခ်က္အရ
ရက္ရွ္ဖို႔ဒ္အေနနဲ႔ အဲဒီေကာလာဟလသတင္း

ထြက္ေပၚလာခ်ိန္ကတည္းက သူ႔ဖုန္းကို
ေခၚတဲ့သူေတြ ဆက္တိုက္ဆိုသလို လာေနတယ္လို႔
သူနဲ႔နီးစပ္သူေတြက အသိေပးခဲ့ေၾကာင္း သိရပါတယ္။
ရက္ရွ္ဖို႔ဒ္က သူ႔ရဲ႕ငယ္ေမြးၿခံေပါက္အသင္းကေန
မထြက္ခြာဘဲ အသင္းနဲ႔ ကာလရွည္

စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ေနပါတယ္။
ရက္ရွ္ဖို႔ဒ္ဟာ ၂၀၂၃ ေႏြရာသီမွာ စာခ်ဳပ္
သက္တမ္းကုန္ဆုံးမွာျဖစ္ေပမယ့္ အသင္းဘက္က
တစ္ႏွစ္ထပ္တိုးခြင့္ရရွိထားၿပီး ယခုရာသီမွာ
ၿပိဳင္ပြဲစုံ ၂၆ပြဲကစားထားတဲ့အနက္ ၅ဂိုးပဲသြင္းယူထားႏိုင္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဇန္နဝါရီလက
တိုက္စစ္ပိုင္းအင္အားျဖည့္တင္းမႈအျဖစ္ ဖာရန္ေတာရက္စ္နဲ႔
အူဘာမီယန္းတို႔ကို အၿမဲတမ္းစာခ်ဳပ္၊ ထရာအိုေရးကို
အငွားနဲ႔ အသီးသီးေခၚယူခဲ့ေပမယ့္ ေႏြရာသီမွာ
ေတာင္ပံတိုက္စစ္မႉး ဒမ္ဘီလီက စာခ်ဳပ္သက္တမ္း

ကုန္ဆုံးေတာ့မွာျဖစ္သလို ေနာက္ထပ္တိုက္စစ္မႉး
လုခ္ဒီေဂ်ာင္ကလည္း မိခင္ကလပ္
ဆီဗီလာအသင္းဆီ ျပန္ရမွာျဖစ္ပါတယ္။
ၿပီးေတာ့ ၂၀၂၁ ေႏြရာသီကမွ အသင္းကိုေရာက္လာတဲ့
တိုက္စစ္မႉး ဒီပိုင္းရဲ႕အနာဂတ္ကလည္း

မေသမခ်ာျဖစ္ေနၿပီး ရက္ရွ္ဖို႔ဒ္ကို
ေခၚယူဖို႔ လီဗာပူးကလည္း ေစာင့္ၾကည့္ေနေပမယ့္
ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ၾကား ျပင္းထန္တဲ့
အားၿပိဳင္မႈေတြေၾကာင့္ လီဗာပူးကို
ရက္ရွ္ဖို႔ဒ္ ေရာက္ဖို႔ေတာ့ ရာခိုင္ႏႈန္း အေတာ္ေလးနည္းေနပါတယ္။