ယူနိုက်တက်မှာ အကြံပေးအဖြစ် ဆောင်ရွက်တော့မှာမဟုတ်တဲ့ ရန်းနစ်

ယူနိုက်တက်ယာယီနည်းပြဟောင်း

ရန်းနစ်ဟာ အိုးထရက်ဖို့ဒ်အသင်းမှာ
အကြံပေးအဖြစ် ၂နှစ်ကြာ
လုပ်ကိုင်မှာမဟုတ်တော့ဘူးလို့ သိရပါတယ်။
အသက် ၆၃ နှစ်အရွယ်ရှိ ဂျာမနီနိုင်ငံသားဟာ
သူ့ရဲ့အလုပ်သစ်ဖြစ်တဲ့ သြစတြီးယားနည်းပြရာထူးကိုပဲ

အပြည့်အဝအာရုံစိုက်သွားမှာဖြစ်ပါတယ်။
ဒီဇင်ဘာလအတွင်း ယူနိုက်တက်ယာယီနည်းပြအဖြစ်
ရန်းနစ် ရောက်လာခဲ့ရာမှာ ယခုရာသီအကုန်
ယာယီနည်းပြရာထူးကနေ ထွက်ခွာတဲ့အခါ
အသင်းရဲ့အကြံပေးအဖြစ်

၂နှစ်ကြာ တာဝန်ယူဖို့ တစ်ခါတည်း
သဘောတူညီခဲ့တာပါ။
သူ့နေရာမှာ ယူနိုက်တက်ရဲ့
အမြဲတမ်းနည်းပြအဖြစ် အစား
ဝင်ရောက်လာတဲ့ တန်ဟတ်က

အသင်းဘက်ကနေ ဆုံးဖြတ်လိုက်တာ
ဖြစ်ကြောင်း ပြောပါတယ်။
တနင်္ဂနွေနေ့က သြစတြီးယားနည်းပြအဖြစ်
ပြုလုပ်ခဲ့တဲ့ မီဒီယာမိတ်ဆက်ပွဲမှာ
ရန်းနစ်က အဆိုပါသတင်းကို

အတည်ပြုခဲ့တာဖြစ်ပါတယ်။
ရန်းနစ်ဟာ ယူနိုက်တက်မှာ
အကြံပေးအဖြစ် တစ်လ ၆ ရက်
အလုပ်လုပ်ဖို့ သဘောတူညီခဲ့တာဖြစ်ပေမယ့်
ရာသီပိတ်ပွဲစဉ်အပြီး အသင်းတာဝန်ရှိသူတွေနဲ့

ရန်းနစ်တို့ ပြန်လည်စဉ်းစားဆွေးနွေးခဲ့ပြီးနောက်
အခုလိုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရန်းနစ်ဟာ ယူနိုက်တက်နဲ့ လမ်းမခွဲခင်
သူ့နေရာ အစားဝင်လာတဲ့
တန်ဟတ်နဲ့ အချိန်အတော်ကြာ

ဆွေးနွေးခဲ့ပြီး ရန်းနစ်အနေနဲ့
ယူနိုက်တက်ယာယီနည်းပြအဖြစ်
တာဝန်ယူခဲ့ရာမှာ အသင်းက
ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရတဲ့အပြင်
ရာသီပိတ်ပွဲမှာ ဝက်စ်ဟမ်းက

အရေးနိမ့်သွားလို့သာ ယူနိုက်တက်အသင်း
ယူရိုပါလိဂ်ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။

Zawgyi

ယူႏုိက္တက္မွာ အႀကံေပးအျဖစ္ ေဆာင္ရြက္ေတာ့မွာမဟုတ္တဲ့ ရန္းနစ္
ယူႏုိက္တက္ယာယီနည္းျပေဟာင္း
ရန္းနစ္ဟာ အိုးထရက္ဖို႔ဒ္အသင္းမွာ
အႀကံေပးအျဖစ္ ၂ႏွစ္ၾကာ
လုပ္ကိုင္မွာမဟုတ္ေတာ့ဘူးလုိ႔ သိရပါတယ္။

အသက္ ၆၃ ႏွစ္အရြယ္ရွိ ဂ်ာမနီႏိုင္ငံသားဟာ
သူ႕ရဲ႕အလုပ္သစ္ျဖစ္တဲ့ ၾသစႀတီးယားနည္းျပရာထူးကိုပဲ
အျပည့္အ၀အာရုံစုိက္သြားမွာျဖစ္ပါတယ္။
ဒီဇင္ဘာလအတြင္း ယူႏုိက္တက္ယာယီနည္းျပအျဖစ္
ရန္းနစ္ ေရာက္လာခဲ့ရာမွာ ယခုရာသီအကုန္

ယာယီနည္းျပရာထူးကေန ထြက္ခြာတဲ့အခါ
အသင္းရဲ႕အႀကံေပးအျဖစ္
၂ႏွစ္ၾကာ တာ၀န္ယူဖို႔ တစ္ခါတည္း
သေဘာတူညီခဲ့တာပါ။
သူ႕ေနရာမွာ ယူႏုိက္တက္ရဲ႕

အၿမဲတမ္းနည္းျပအျဖစ္ အစား
၀င္ေရာက္လာတဲ့ တန္ဟတ္က
အသင္းဘက္ကေန ဆုံးျဖတ္လုိက္တာ
ျဖစ္ေၾကာင္း ေျပာပါတယ္။
တနဂၤေႏြေန႔က ၾသစႀတီးယားနည္းျပအျဖစ္

ျပဳလုပ္ခဲ့တဲ့ မီဒီယာမိတ္ဆက္ပြဲမွာ
ရန္းနစ္က အဆုိပါသတင္းကို
အတည္ျပဳခဲ့တာျဖစ္ပါတယ္။
ရန္းနစ္ဟာ ယူႏုိက္တက္မွာ
အႀကံေပးအျဖစ္ တစ္လ ၆ ရက္

အလုပ္လုပ္ဖို႔ သေဘာတူညီခ့ဲတာျဖစ္ေပမယ့္
ရာသီပိတ္ပြဲစဥ္အၿပီး အသင္းတာ၀န္ရွိသူေတြနဲ႔
ရန္းနစ္တို႔ ျပန္လည္စဥ္းစားေဆြးေႏြးခဲ့ၿပီးေနာက္
အခုလိုဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ရန္းနစ္ဟာ ယူႏုိက္တက္နဲ႔ လမ္းမခြဲခင္

သူ႕ေနရာ အစား၀င္လာတဲ့
တန္ဟတ္နဲ႔ အခ်ိန္အေတာ္ၾကာ
ေဆြးေႏြးခဲ့ၿပီး ရန္းနစ္အေနနဲ႔
ယူႏုိက္တက္ယာယီနည္းျပအျဖစ္
တာ၀န္ယူခဲ့ရာမွာ အသင္းက

ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံးရံႈးခဲ့ရတဲ့အျပင္
ရာသီပိတ္ပြဲမွာ ၀က္စ္ဟမ္းက
အေရးနိ္မ့္သြားလို႔သာ ယူႏုိက္တက္အသင္း
ယူရိုပါလိဂ္၀င္ခြင့္ရခဲ့တာျဖစ္ပါတယ္။