ယူနိုက်တက်မှာ နေရာရတော့မယ့် ဟန်နီဘယ်လ်

ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဖြစ်သူ ရန်းဂ်နစ်ကတော့ မကြာသေးမီကမှ

ပြီးဆုံးသွားတဲ့ အာရပ်နိုင်ငံများ ဖလားပြိုင်ပွဲမှာ တူနီးရှားအသင်းနဲ့ အတူ

ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသင်းရဲ့ လူငယ်ကြယ်ပွင့်

ဟန်နီဘယ်လ်မက်ဂျ်ဘရီကို အသင်းကြီးရဲ့ လူစာရင်းမှာ

ထည့်သွင်း အသုံးပြုတော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

မက်ဂျ်ဘရီဟာ ယူနိုက်တက်အကယ်ဒမီက ထွန်းတောက်လာတဲ့

ကြယ်ပွင့်ဖြစ်ပြီး ယခုလအစောပိုင်းက တူနီးရှားအသင်းကို

အာရပ်ဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့

တူနီးရှားအသင်းက အယ်ဂျီရီးယားအသင်းကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပါတယ်။

လူငယ်ကစားသမားအရွယ်မှာ ပြင်သစ်လူငယ်အသင်းတွေအတွက်

ရွေးချယ်ခံခဲ့ရပေမယ့် သူဟာ ဇန်နဝါရီလအတွင်းမှာ အာဖရိကနိုင်ငံများ

ဖလားပြိုင်ပွဲအတွက် တူနီးရှားလက်ရွေးစင်အသင်းကို ကိုယ်စားပြုဦးမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဟန်နီဘယ်ကို ပြင်သစ်ကလပ်

မိုနာကိုအသင်း ကနေ ၂၀၁၉ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း

ပေးချေကာ ခေါ်ယူထားခဲ့တာ ဖြစ်ပြီး ဟန်နီဘယ်ကို အသင်းရဲ့

အနာဂတ် စီမံကိန်းတွေမှာ အဓိကကျလာမယ့် ကွင်းလယ်လူ အဖြစ် သတ်မှတ်ထားပါတယ်။

ရန်းဂ်နစ်က “ဟန်နီဘယ်က အာရပ်နိုင်ငံများ ဖလားပြိုင်ပွဲ ကနေ

ပြန်ရောက်လာကတည်းက ကျွန်တော်တို့နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေပါတယ်။

ကံမကောင်းတာ တစ်ခုက သူဟာ ဇန်နဝါရီလမှာလည်း

အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရဖို့ ရှိနေတာပါ။

ကျွန်တော်က သူ ဝင်ကစားခဲ့တဲ့ တူနီးရှားနဲ့ အယ်လ်ဂျီးရီးယားတို့ရဲ့

ဗိုလ်လုပွဲကို သေချာ ကြည့်ခဲ့ပါတယ်။ အဲဒီပွဲမှာ သူဟာ လူစားလဲခံခဲ့ရပေမယ့်

သူ့ရဲ့ ခြေစွမ်းတွေက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။

ကျွန်တော်ကတော့ ငါတို့အတွက် နောက်ထပ် အရည်အသွေးမြင့်

လူငယ်ကြယ်ပွင့် ကစားသမား တစ်ယောက် ရှိနေပြန်ပြီလို့တောင်

တွေးမိပါသေးတယ်။ အာဖရိကနိုင်ငံများ ဖလားပြိုင်ပွဲပြီးရင်တော့

သူ့ကို အသင်းရဲ့ လူစာရင်းမှာ အမြဲတမ်း

မြင်တွေ့ရတော့မှာပါ” လို့ ပြောကြားသွားခဲ့တာပါ။

zawgyi

ယူႏိုက္တက္မွာ ေနရာရေတာ့မယ့္ ဟန္နီဘယ္လ္

ယူႏိုက္တက္အသင္းရဲ႕ ယာယီနည္းျပ ျဖစ္သူ ရန္းဂ္နစ္ကေတာ့ မၾကာေသးမီကမွ

ၿပီးဆုံးသြားတဲ့ အာရပ္ႏိုင္ငံမ်ား ဖလားၿပိဳင္ပြဲမွာ တူနီးရွားအသင္းနဲ႔ အတူ

ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့တဲ့ အသင္းရဲ႕ လူငယ္ၾကယ္ပြင့္

ဟန္နီဘယ္လ္မက္ဂ်္ဘရီကို အသင္းႀကီးရဲ႕ လူစာရင္းမွာ

ထည့္သြင္း အသုံးျပဳေတာ့မယ္လို႔ အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။

မက္ဂ်္ဘရီဟာ ယူႏိုက္တက္အကယ္ဒမီက ထြန္းေတာက္လာတဲ့

ၾကယ္ပြင့္ျဖစ္ၿပီး ယခုလအေစာပိုင္းက တူနီးရွားအသင္းကို

အာရပ္ဖလားဗိုလ္လုပြဲသို႔ ပို႔ေဆာင္ေပးခဲ့ပါတယ္။ အဆိုပါပြဲစဥ္မွာေတာ့

တူနီးရွားအသင္းက အယ္ဂ်ီရီးယားအသင္းကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ပါတယ္။

လူငယ္ကစားသမားအ႐ြယ္မွာ ျပင္သစ္လူငယ္အသင္းေတြအတြက္

ေ႐ြးခ်ယ္ခံခဲ့ရေပမယ့္ သူဟာ ဇန္နဝါရီလအတြင္းမွာ အာဖရိကႏိုင္ငံမ်ား

ဖလားၿပိဳင္ပြဲအတြက္ တူနီးရွားလက္ေ႐ြးစင္အသင္းကို ကိုယ္စားျပဳဦးမွာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ဟန္နီဘယ္ကို ျပင္သစ္ကလပ္

မိုနာကိုအသင္း ကေန ၂၀၁၉ခုႏွစ္မွာ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀သန္း

ေပးေခ်ကာ ေခၚယူထားခဲ့တာ ျဖစ္ၿပီး ဟန္နီဘယ္ကို အသင္းရဲ႕

အနာဂတ္ စီမံကိန္းေတြမွာ အဓိကက်လာမယ့္ ကြင္းလယ္လူ အျဖစ္ သတ္မွတ္ထားပါတယ္။

ရန္းဂ္နစ္က “ဟန္နီဘယ္က အာရပ္ႏိုင္ငံမ်ား ဖလားၿပိဳင္ပြဲ ကေန

ျပန္ေရာက္လာကတည္းက ကြၽန္ေတာ္တို႔နဲ႔ အတူ ေလ့က်င့္ခန္း ဆင္းေနပါတယ္။

ကံမေကာင္းတာ တစ္ခုက သူဟာ ဇန္နဝါရီလမွာလည္း

အာဖရိကႏိုင္ငံမ်ား ဖလားၿပိဳင္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္ရဖို႔ ရွိေနတာပါ။

ကြၽန္ေတာ္က သူ ဝင္ကစားခဲ့တဲ့ တူနီးရွားနဲ႔ အယ္လ္ဂ်ီးရီးယားတို႔ရဲ႕

ဗိုလ္လုပြဲကို ေသခ်ာ ၾကည့္ခဲ့ပါတယ္။ အဲဒီပြဲမွာ သူဟာ လူစားလဲခံခဲ့ရေပမယ့္

သူ႔ရဲ႕ ေျခစြမ္းေတြက ကြၽန္ေတာ့္ကို အံ့အားသင့္ေစခဲ့ပါတယ္။

ကြၽန္ေတာ္ကေတာ့ ငါတို႔အတြက္ ေနာက္ထပ္ အရည္အေသြးျမင့္

လူငယ္ၾကယ္ပြင့္ ကစားသမား တစ္ေယာက္ ရွိေနျပန္ၿပီလို႔ေတာင္

ေတြးမိပါေသးတယ္။ အာဖရိကႏိုင္ငံမ်ား ဖလားၿပိဳင္ပြဲၿပီးရင္ေတာ့

သူ႔ကို အသင္းရဲ႕ လူစာရင္းမွာ အၿမဲတမ္း

ျမင္ေတြ႕ရေတာ့မွာပါ” လို႔ ေျပာၾကားသြားခဲ့တာပါ။