
လီဗာပူး၊ အက်စတွန်ဗီလာ၊ ဒါဘီတို့ရဲ့ ကစားသမားဟောင်း ဒင်းဆောင်ဒါစ်က
ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာ ငတုံး၊ ငအတွေနဲ့
တွဲကစားနေရတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ ခြေစွမ်းပိုင်းကျဆင်းမှုတွေနဲ့
ရင်ဆိုင်နေရပေမယ့် ဒီရာသီမှာ ယူနိုက်တက်အတွက်
ပြိုင်ပွဲစုံ (၁၄) ဂိုးသွင်းယူပေးထားနိုင်ပါတယ်။
လက်ရှိယူနိုက်တက်ရဲ့အနေအထားက ရှေ့လယ်နောက် နေရာစုံမှ
ာ အားနည်းချက်တွေရှိနေပြီး နောက်တန်းမှာ မက်ဂွိုင်းရား၊
ကွင်းလယ်မှာ ဖရက်ဒ်နဲ့တော်မီနေးတို့ မကြာခဏဆိုသလို
ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။ ဘန်လေနဲ့
နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း မက်ဂွိုင်းရားရဲ့ အားနည်းချက်ကတစ်ဆင့်
ယူနိုက်တက်တို့ ချေပဂိုးပေးခဲ့ရပြီး အဝေးကွင်းမှာ သရေတစ်မှတ်နဲ့ ကျေနပ်ခဲ့ရပါတယ်။
“ဘန်လေနဲ့ပွဲမှာ တကယ်ဆိုရင် ယူနိုက်တက်က ၃ ဂိုးပြတ်လောက်နဲ့
ဦးဆောင်နေရမှာ၊ ဒါပေမယ့် အဲဒီကနေ သူတို့က ပုန်းကွယ်လာခဲ့ပြီး
နောက်ပဲပြန်ဆင်းဖို့လုပ်နေတော့တယ်။
ရော်နယ်ဒိုကို ခင်ဗျားမေးကြည့်လိုက်၊ သူ့ရဲ့ကစားသမားဘဝမှာ
တွဲကစားဖူးတဲ့ အဆိုးရွားဆုံးကွင်းလယ်လူက ဘယ်သူလဲဆိုတာ၊
ဖရက်ဒ်နဲ့ မက်တော်မီနေးတို့ သေချာပေါက်ပါနေလိမ့်မယ်။
လူတွေက ရော်နယ်ဒိုကိုပဲ လက်ညှိုးထိုးချင်နေကြတာ၊
ဒါပေမယ့် သူက ငတုံး၊ ငအတွေနဲ့ တွဲကစားနေရပြီး
တချို့ကစားသမားတွေက သူ့လောက်တောင်မှ တုံ့ပြန်နိုင်စွမ်းမရှိဘူး”
“ပြိုင်ဘက်ဂိုးပေါက်နားမှာ ဘောလုံးက တဝဲလည်လည်ဖြစ်နေတယ်။
ပေါ့ဂ်ဘာ၊ ရက်ရှ်ဖို့ဒ်၊ လင်ဂတ်၊ ရော်နယ်ဒိုတို့က အသွားအပြန်ရှိနေတယ်။
ဒါပေမယ့် ခံစစ်ပိုင်းမှာ လေးယောက်စလုံးက သာမန်အဆင့်ပဲရှိနေပြီး
ကွင်းလယ်မှာ အင်ဂျင်တစ်လုံးလိုမောင်းနှင်နိုင်တဲ့ ကစားသမားမျိုးမရှိဘူး။
အဲဒီနေရာမှာ ကစားနေသူတွေက ရှိသင့်တဲ့ အဆင့်အတန်းမှာ မရှိဘူး”လို့
ဒင်းဆောင်ဒါစ် က ပြောပါတယ်။
zawgyi
ယူႏိုက္တက္မွာ ငတုံး၊ ငအေတြနဲ႔ ေရာ္နယ္ဒိုက တြဲေဆာ့ေနရတာလို႔ ဒင္းေဆာင္ဒါစ္က ေျပာၾကား
လီဗာပူး၊ အက္စတြန္ဗီလာ၊ ဒါဘီတို႔ရဲ႕ ကစားသမားေဟာင္း ဒင္းေဆာင္ဒါစ္က
ေရာ္နယ္ဒိုအေနနဲ႔ ယူႏိုက္တက္မွာ ငတုံး၊ ငအေတြနဲ႔
တြဲကစားေနရတယ္လို႔ သုံးသပ္ေျပာၾကားလိုက္ပါတယ္။
ေရာ္နယ္ဒိုဟာ လက္ရွိအခ်ိန္မွာ ေျခစြမ္းပိုင္းက်ဆင္းမႈေတြနဲ႔
ရင္ဆိုင္ေနရေပမယ့္ ဒီရာသီမွာ ယူႏိုက္တက္အတြက္
ၿပိဳင္ပြဲစုံ (၁၄) ဂိုးသြင္းယူေပးထားႏိုင္ပါတယ္။
လက္ရွိယူႏိုက္တက္ရဲ႕အေနအထားက ေရွ႕လယ္ေနာက္ ေနရာစုံမွ
ာ အားနည္းခ်က္ေတြရွိေနၿပီး ေနာက္တန္းမွာ မက္ဂြိဳင္းရား၊
ကြင္းလယ္မွာ ဖရက္ဒ္နဲ႔ေတာ္မီေနးတို႔ မၾကာခဏဆိုသလို
ေဝဖန္ခံေနရတာလည္းျဖစ္ပါတယ္။ ဘန္ေလနဲ႔
ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာလည္း မက္ဂြိဳင္းရားရဲ႕ အားနည္းခ်က္ကတစ္ဆင့္
ယူႏိုက္တက္တို႔ ေခ်ပဂိုးေပးခဲ့ရၿပီး အေဝးကြင္းမွာ သေရတစ္မွတ္နဲ႔ ေက်နပ္ခဲ့ရပါတယ္။
“ဘန္ေလနဲ႔ပြဲမွာ တကယ္ဆိုရင္ ယူႏိုက္တက္က ၃ ဂိုးျပတ္ေလာက္နဲ႔
ဦးေဆာင္ေနရမွာ၊ ဒါေပမယ့္ အဲဒီကေန သူတို႔က ပုန္းကြယ္လာခဲ့ၿပီး
ေနာက္ပဲျပန္ဆင္းဖို႔လုပ္ေနေတာ့တယ္။
ေရာ္နယ္ဒိုကို ခင္ဗ်ားေမးၾကည့္လိုက္၊ သူ႔ရဲ႕ကစားသမားဘဝမွာ
တြဲကစားဖူးတဲ့ အဆိုး႐ြားဆုံးကြင္းလယ္လူက ဘယ္သူလဲဆိုတာ၊
ဖရက္ဒ္နဲ႔ မက္ေတာ္မီေနးတို႔ ေသခ်ာေပါက္ပါေနလိမ့္မယ္။
လူေတြက ေရာ္နယ္ဒိုကိုပဲ လက္ညႇိဳးထိုးခ်င္ေနၾကတာ၊
ဒါေပမယ့္ သူက ငတုံး၊ ငအေတြနဲ႔ တြဲကစားေနရၿပီး
တခ်ိဳ႕ကစားသမားေတြက သူ႔ေလာက္ေတာင္မွ တုံ႔ျပန္ႏိုင္စြမ္းမရွိဘူး”
“ၿပိဳင္ဘက္ဂိုးေပါက္နားမွာ ေဘာလုံးက တဝဲလည္လည္ျဖစ္ေနတယ္။
ေပါ့ဂ္ဘာ၊ ရက္ရွ္ဖို႔ဒ္၊ လင္ဂတ္၊ ေရာ္နယ္ဒိုတို႔က အသြားအျပန္ရွိေနတယ္။
ဒါေပမယ့္ ခံစစ္ပိုင္းမွာ ေလးေယာက္စလုံးက သာမန္အဆင့္ပဲရွိေနၿပီး
ကြင္းလယ္မွာ အင္ဂ်င္တစ္လုံးလိုေမာင္းႏွင္ႏိုင္တဲ့ ကစားသမားမ်ိဳးမရွိဘူး။
အဲဒီေနရာမွာ ကစားေနသူေတြက ရွိသင့္တဲ့ အဆင့္အတန္းမွာ မရွိဘူး”လို႔
ဒင္းေဆာင္ဒါစ္ က ေျပာပါတယ္။