ယူနိုက်တက်မှထွက်ခွာကာလုပ်ခလျှော့ယူပြီးအသင်းဟောင်းဂျူဗင်တပ်သို့ပြန်ပြောင်းတော့သရဲနီ ကြယ်ပွင့်

ပေါလ်ပေါ့ဘာဟာမန်ချက်စတာယူနိုက်တက်မှထွက်ခွာကာလုပ်ခလျှော့ယူပြီး

အသင်းဟောင်းဂျူဗင်တပ်သို့ပြန်ပြောင်းတော့မှာဖြစ်ကြောင်း သိရပါတယ်။

ပေါလ်ပေါ့ဘာဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး

အနာဂတ်နှင့်ပတ်သက်ပြီးသတင်းများစွာထွက်ပေါ်နေသူလည်းဖြစ်ပါတယ်။

ပေါ့ဘာဟာမန်ယူနှင့်စာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးမှုများပြုလုပ်လာခဲ့ပေမယ့်

ယခုတိုင်အဆင်ပြေမှုမရသေးပါဘူး။

ယခုအခါပေါလ်ပေါ့ဘာဟာပြင်သစ်အသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းစဉ်ရရှိခဲ့တဲ့

ဒဏ်ရာကြောင့်အနည်းဆုံးနှစ်လကြာအနားယူရတော့မှာဖြစ်ပါတယ်။ သူဟာ

လာမယ့်ဇန်နဝါရီလမှစတင်ကာနိုင်ငံခြားကလပ်နှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေသူဖြစ်ပါတယ်။

ပြင်သစ်နှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့သူ့ကိုရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊

ပီအက်စ်ဂျီတို့ကစိတ်ဝင်စားနေကြပါတယ်။ ဒါပေမယ့်ပေါလ်ပေါ့ဘာဟာ

အသင်းဟောင်းဂျူဗင်တပ်သို့သာပြောင်းရွှေ့လိုနေကြောင်းသိရပါတယ်။

Gazzetta dello Sport ရဲ့ဖော်ပြချက်အရပေါ့ဘာဟာဂျူဗင်တပ်သို့

ပြောင်းရန်လုပ်ခလျှော့ယူရန်ပင်အသင့်ရှိနေကြောင်းသိရပါတယ်။

ဗြိတိန်မီဒီယာများကလည်းမန်ယူအသင်းအတွက်ပေါ့ဘာမှာ

နောက်ထပ်ကစားရတော့မှာမဟုတ်ကြောင်းလည်းသိရပါတယ်။

မန်ယူဘုတ်အဖွဲ့ဟာပေါ့ဘာ၊အေးဂျင့်မီနိုရိုင်အိုလာတို့နှင့်

အဆင်မပြေဖြစ်နေကြောင်းသိရပါတယ်။

မန်ယူအသင်းဟာပေါလ်ပေါ့ဘာကိုနွေရာသီတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်

ထွက်ခွာတဲ့အထိပထမအသင်းမှဖယ်ရှားရန်အသင့်ဖြစ်နေပြီလည်းဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္မွထြက္ခြာကာလုပ္ခေလွ်ာ့ယူၿပီးအသင္းေဟာင္းဂ်ဴဗင္တပ္သို႔ျပန္ေျပာင္းေတာ့သရဲနီ ၾကယ္ပြင့္

ေပါလ္ေပါ့ဘာဟာမန္ခ်က္စတာယူႏိုက္တက္မွထြက္ခြာကာလုပ္ခေလွ်ာ့ယူၿပီး

အသင္းေဟာင္းဂ်ဴဗင္တပ္သို႔ျပန္ေျပာင္းေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။

ေပါလ္ေပါ့ဘာဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီး

အနာဂတ္ႏွင့္ပတ္သက္ၿပီးသတင္းမ်ားစြာထြက္ေပၚေနသူလည္းျဖစ္ပါတယ္။

ေပါ့ဘာဟာမန္ယူႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးမႈမ်ားျပဳလုပ္လာခဲ့ေပမယ့္

ယခုတိုင္အဆင္ေျပမႈမရေသးပါဘူး။

ယခုအခါေပါလ္ေပါ့ဘာဟာျပင္သစ္အသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းစဥ္ရရွိခဲ့တဲ့

ဒဏ္ရာေၾကာင့္အနည္းဆုံးႏွစ္လၾကာအနားယူရေတာ့မွာျဖစ္ပါတယ္။ သူဟာ

လာမယ့္ဇန္နဝါရီလမွစတင္ကာႏိုင္ငံျခားကလပ္ႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနသူျဖစ္ပါတယ္။

ျပင္သစ္ႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့တဲ့သူ႔ကိုရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊

ပီအက္စ္ဂ်ီတို႔ကစိတ္ဝင္စားေနၾကပါတယ္။ ဒါေပမယ့္ေပါလ္ေပါ့ဘာဟာ

အသင္းေဟာင္းဂ်ဴဗင္တပ္သို႔သာေျပာင္းေ႐ႊ႕လိုေနေၾကာင္းသိရပါတယ္။

Gazzetta dello Sport ရဲ႕ေဖာ္ျပခ်က္အရေပါ့ဘာဟာဂ်ဴဗင္တပ္သို႔

ေျပာင္းရန္လုပ္ခေလွ်ာ့ယူရန္ပင္အသင့္ရွိေနေၾကာင္းသိရပါတယ္။

ၿဗိတိန္မီဒီယာမ်ားကလည္းမန္ယူအသင္းအတြက္ေပါ့ဘာမွာ

ေနာက္ထပ္ကစားရေတာ့မွာမဟုတ္ေၾကာင္းလည္းသိရပါတယ္။

မန္ယူဘုတ္အဖြဲ႕ဟာေပါ့ဘာ၊ေအးဂ်င့္မီႏို႐ိုင္အိုလာတို႔ႏွင့္

အဆင္မေျပျဖစ္ေနေၾကာင္းသိရပါတယ္။

မန္ယူအသင္းဟာေပါလ္ေပါ့ဘာကိုေႏြရာသီတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္

ထြက္ခြာတဲ့အထိပထမအသင္းမွဖယ္ရွားရန္အသင့္ျဖစ္ေနၿပီလည္းျဖစ္ပါတယ္။