ယူနိုက်တက်ပွဲနဲ့ အခြားပွဲတွေအတွက် လော်ရိုးရဲ့ ခန့်မှန်းချက်များ
ဒီတစ်ပတ်တော့ ဆိုးလ်ရှား ရင်မရတဲ့ သတင်းပတ်ဖြစ်ပါတယ်။ လော်ရိုးကတော့
ထူးမခြားနား ပတ်ပျိုးတီးတတ်တဲ့ ပွဲအတွက် အခုလို သုံးသပ်ထားပါတယ်။
-စပါး Vs ယူနိုက်တက်
အောက်တိုဘာလ ၃၀၊ စနေနေ့၊ ည ၁၁ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊ ဆိုးလ်ရှားလို
ဖိအားတွေအောက် ရောက်နေတဲ့ မန်နေဂျာအတွက် ဒီပွဲက အရဲစွန့်ရတဲ့ ပွဲတစ်ပွဲ
ဖြစ်ပါလိမ့်မယ်။ ဒါပေမယ်လို့ စပါးကိုယ်တိုင်ကလည်း အနေအထား မကောင်း
တာကြောင့် သူတင်ကိုယ်တင်ပါပဲ။ ယူနိုက်တက်မှာ ရှိနေတဲ့ ကစားသမားတွေအနေနဲ့
ဖိအားတွေကို ထိန်းချုပ်ပြီး စည်းလုံးတဲ့ တစ်သင်းတည်းအဖြစ် စတင်ပြီး ကစားသင့်ပါပြီ။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ စပါး ၁-၂ ယူနိုက်တက် ဖြစ်ပါတယ်။
-လီဗာပူး Vs ဘရိုက်တန်
အောက်တိုဘာလ ၃၀၊ စနေနေ့၊ ည ၈း၃ဝ နာရီမှာ ကစားမယ့် ပွဲဖြစ်ပြီး၊ ဒီရာသီမှာ
မန်စီးတီးနဲ့ လီဗာပူးကို ရင်ဆိုင်ကစားဖို့ဆိုတာက ဘရိုက်တန်အတွက် ခြားနားတဲ့
ပွဲတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီပွဲမှာ တူညီတဲ့ ရလဒ်အဖြစ် ဘရိုက်တန်
အရေးနိမ့်မယ်လို့ ထင်ပါတယ်။ဒီရာသီမှာ လီဗာပူးက ပြိုင်ပွဲစုံ ၁၄ ပွဲဆက်တိုက်
အရေးမနိမ့်ထားပါဘူး။ နောက်ပြီး ၁၁ ပွဲက နိုင်ထားတာပါ။ တစ်သင်းလုံးက
သိပ်ကို ကောင်းနေတာပါ။
လော်ရိုး ရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၃-၀ ဘရိုက်တန် ဖြစ်ပါတယ်။
-မန်စီးတီး Vs ခရစ္စတယ်ပဲလေ့စ်
အောက်တိုဘာလ ၃၀၊ စနေနေ့၊ ည ၈း၃ဝ နာရီမှာ ကစားမယ့် ပွဲ ဖြစ်ပြီး ပဲလေစ့်က
ကစားပုံ သိပ်ကောင်းပေမယ့် သရေကျနေပါတယ်။ ဒီပွဲကနေ သူတို့ တစ်ခုခုရနိုင်ဖို့
ကြိုးစားပါလိမ့်မယ်။ ကာရာဘောင်း လက်လွှတ်ထားရတဲ့ မန်စီးတီးကတော့
ဒီပွဲမှာ အကောင်းဆုံးတွေ ပြန်ရဖို့ ကြိုးစားမှာပါ။
လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ မန်စီးတီး ၃-၀ ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။
အခြားပွဲစဉ်များအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်များကတော့
Leicester 2-1 Arsenal
Newcastle 0-2 Chelsea
Burnley 2-0 Brentford
Watford 1-1 Southampton
Norwich 0-2 Leeds
Aston Villa 1-1 West Ham
Wolves 2-0 Everton
ဖြစ်ပါတယ်။
zawgyi
-စပါး Vs ယူနိုက်တက်
-လီဗာပူး Vs ဘရိုက်တန်
သိပ်ကို ကောင်းနေတာပါ။
Leicester 2-1 Arsenal
Newcastle 0-2 Chelsea
Burnley 2-0 Brentford
Norwich 0-2 Leeds
Aston Villa 1-1 West Ham
Wolves 2-0 Everton
ဖြစ်ပါတယ်။