ယူနိုက်တက်ပရိသတ်တွေ ဒါဘီပွဲမတိုင်ခင် ရူဘင်ဒီယက်စ်ကို နှုတ်ဆက်ခဲ့တဲ့ ဒါလော့တ်ကို ဒေါသပေါက်ကွဲ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မန်ချက်စတာဒါဘီပွဲမတိုင်ခင်

မန်စီးတီးကစားသမားရူဘင်ဒီယက်စ်ကို ပွေ့ဖက်နှုတ်ဆက်ခဲ့တဲ့ ဒါလော့တ်ရဲ့

အပြုအမူအပေါ် ဒေါသပေါက်ကွဲနေပြီး အသင်းကနေထုတ်ပစ်ဖို့အထိ

ပြင်းပြင်းထန်ထန်တောင်းဆိုနေကြပါတယ်။

ပွဲမစခင် အိုးလ်ထရက်ဖို့ဒ်ကွင်းရဲ့ဥမင်ထဲမှာ နှစ်ဖက်ကစားသမားတွေ

ကွင်းထဲဝင်ဖို့အသင့်ပြင်နေတုန်း ဒါလော့တ်က ပေါ်တူဂီလက်ရွေးစင်

အသင်းဖော်ဖြစ်တဲ့ရူဘင်ဒီယက်စ်ကို သွားရောက်နှုတ်ဆက်ခဲ့တာဖြစ်ပေမယ့်

ယူနိုက်တက်နဲ့မန်စီးတီးအသင်းတို့က သမိုင်းကြောင်းအစဉ်အလာရ

ရန်ဘက်တွေဖြစ်နေတာကြောင့် ဒါလော့တ်ရဲ့လုပ်ရပ်ကို

ယူနိုက်တက်ပရိသတ်တွေ ဒေါသပေါက်ကွဲနေကြတာဖြစ်ပါတယ်။

တစ်ချိန်တုန်းက မန်ချက်စတာဒါဘီပွဲမှာ မန်စီးတီးမှာကစားနေတဲ့

ယူနိုက်တက်ဂန္ထဝင်ဂိုးသမားကြီးရှမိုက်ကယ်ဟာ အသင်းဖော်ဟောင်းဂယ်ရီနဗီးလ်ကို

လက်ဆွဲနှုတ်ဆက်ခဲ့ချိန်မှာ ဂယ်ရီနဗီးလ်က မသိကျိုးကျွန်လုပ်ခဲ့တဲ့ဖြစ်ရပ်ဟာ

အခုအချိန်အထိ မီဒီယာစာမျက်နှာတွေပေါ်မှာ ရေပန်းစားနေဆဲဖြစ်ပြီး

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီနှစ်သင်းဆုံတွေ့ချိန်မှာ ဒါလော့တ်ရဲ့အပြုအမူက

ယူနိုက်တက်ပရိသတ်တွေအတွက်တော့ မျက်စိစပါးမွေးစူးချင်စရာဖြစ်ခဲ့ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေက “ဒါလော့တ်က မန်စီးတီးကစားသမားတွေနဲ့

ဖက်လဲတကင်းတောင်လုပ်လိုက်သေးတယ်၊ ဒီကောင့်ကို အသင်းက

မေင်းထုတ်လိုက်ပါတော့ကွာ”၊ “ဒါဘီပွဲတင်မဟုတ်ဘဲ ဘယ်လိုနေ့မျိုးမှာပဲဖြစ်ဖြစ်

မန်စီးတီးကစားသမားတွေနဲ့ ဘယ်တော့မှပွေ့ဖက်မနှုတ်ဆက်ပါနဲ့”၊

“မန်စီးတီးအသင်းက ပေါ်တူဂီအသင်းဖော်တွေနဲ့ ဒါလော့တ် ဖက်လဲတကင်းဖြစ်နေတာကို

မြင်ရတာက တကယ်စိတ်ပျက်ဖို့ကောင်းတယ်”လို့ Twitter ပေါ်မှာ ဝေဖန်ရေးသားခဲ့ကြပါတယ်။

zawgyi

ယူႏိုက္တက္ပရိသတ္ေတြ ဒါဘီပြဲမတိုင္ခင္ ႐ူဘင္ဒီယက္စ္ကို ႏႈတ္ဆက္ခဲ့တဲ့ ဒါေလာ့တ္ကို ေဒါသေပါက္ကြဲ

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ မန္ခ်က္စတာဒါဘီပြဲမတိုင္ခင္

မန္စီးတီးကစားသမား႐ူဘင္ဒီယက္စ္ကို ေပြ႕ဖက္ႏႈတ္ဆက္ခဲ့တဲ့ ဒါေလာ့တ္ရဲ႕

အျပဳအမူအေပၚ ေဒါသေပါက္ကြဲေနၿပီး အသင္းကေနထုတ္ပစ္ဖို႔အထိ

ျပင္းျပင္းထန္ထန္ေတာင္းဆိုေနၾကပါတယ္။

ပြဲမစခင္ အိုးလ္ထရက္ဖို႔ဒ္ကြင္းရဲ႕ဥမင္ထဲမွာ ႏွစ္ဖက္ကစားသမားေတြ

ကြင္းထဲဝင္ဖို႔အသင့္ျပင္ေနတုန္း ဒါေလာ့တ္က ေပၚတူဂီလက္ေ႐ြးစင္

အသင္းေဖာ္ျဖစ္တဲ့႐ူဘင္ဒီယက္စ္ကို သြားေရာက္ႏႈတ္ဆက္ခဲ့တာျဖစ္ေပမယ့္

ယူႏိုက္တက္နဲ႔မန္စီးတီးအသင္းတို႔က သမိုင္းေၾကာင္းအစဥ္အလာရ

ရန္ဘက္ေတြျဖစ္ေနတာေၾကာင့္ ဒါေလာ့တ္ရဲ႕လုပ္ရပ္ကို

ယူႏိုက္တက္ပရိသတ္ေတြ ေဒါသေပါက္ကြဲေနၾကတာျဖစ္ပါတယ္။

တစ္ခ်ိန္တုန္းက မန္ခ်က္စတာဒါဘီပြဲမွာ မန္စီးတီးမွာကစားေနတဲ့

ယူႏိုက္တက္ဂႏၴဝင္ဂိုးသမားႀကီးရွမိုက္ကယ္ဟာ အသင္းေဖာ္ေဟာင္းဂယ္ရီနဗီးလ္ကို

လက္ဆြဲႏႈတ္ဆက္ခဲ့ခ်ိန္မွာ ဂယ္ရီနဗီးလ္က မသိက်ိဳးကြၽန္လုပ္ခဲ့တဲ့ျဖစ္ရပ္ဟာ

အခုအခ်ိန္အထိ မီဒီယာစာမ်က္ႏွာေတြေပၚမွာ ေရပန္းစားေနဆဲျဖစ္ၿပီး

ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ဒီႏွစ္သင္းဆုံေတြ႕ခ်ိန္မွာ ဒါေလာ့တ္ရဲ႕အျပဳအမူက

ယူႏိုက္တက္ပရိသတ္ေတြအတြက္ေတာ့ မ်က္စိစပါးေမြးစူးခ်င္စရာျဖစ္ခဲ့ပါတယ္။

အဲဒါေၾကာင့္ ယူႏိုက္တက္ပရိသတ္ေတြက “ဒါေလာ့တ္က မန္စီးတီးကစားသမားေတြနဲ႔

ဖက္လဲတကင္းေတာင္လုပ္လိုက္ေသးတယ္၊ ဒီေကာင့္ကို အသင္းက

ေမင္းထုတ္လိုက္ပါေတာ့ကြာ”၊ “ဒါဘီပြဲတင္မဟုတ္ဘဲ ဘယ္လိုေန႔မ်ိဳးမွာပဲျဖစ္ျဖစ္

မန္စီးတီးကစားသမားေတြနဲ႔ ဘယ္ေတာ့မွေပြ႕ဖက္မႏႈတ္ဆက္ပါနဲ႔”၊

“မန္စီးတီးအသင္းက ေပၚတူဂီအသင္းေဖာ္ေတြနဲ႔ ဒါေလာ့တ္ ဖက္လဲတကင္းျဖစ္ေနတာကို

ျမင္ရတာက တကယ္စိတ္ပ်က္ဖို႔ေကာင္းတယ္”လို႔ Twitter ေပၚမွာ ေဝဖန္ေရးသားခဲ့ၾကပါတယ္။