ယူနိုက်တက်အသင်းဟာ ပေါ်တူဂီကြယ်ပွင့်ဂျာအိုဖိလစ်ကို
ခေါ်ယူခွင့်ဆုံးရှုံးဖို့များသွားပြီလို့ The Sun သတင်းစာက
ဖော်ပြလိုက်ပါတယ်။ ဖိလစ်ရဲ့အငှားစာချုပ်အတွက် တီကိုဘက်က
ပေါင် ၁၀ သန်းလိုချင်နေပြီး ဒီ ၆ လ အငှားစာချုပ်အတွပ်လိုအပ်တဲ့
ငွေကြေးပမာဏကို ချဲလ်ဆီးက ပေးချေဖို့သဘောတူညီလိုက်တာဖြစ်တယ်။
တနည်းအားဖြင့်တော့ အပြာရောင်တွေဟာ ပေါ်တူဂီကြယ်ပွင့်ကို
ခေါ်ယူဖို့နှုတ်အားဖြင့်သေဘာတူလိုက်တာဖြစ်တယ်။
ချဲလ်ဆီးဟာ ရာသီကုန်မှာအပြီးသတ်ခေါ်ယူခွင့်အချက်အလက်ကိုပါ
စာချုပ်ထဲထည့်သွင်းချုပ်ဆိုသွားဖို့ရှိနေပါတယ်။ ဖိလစ်ဟာ တီကိုမှာ
နည်းပြဆီမြွန်နီနဲ့ ဆက်ဆံရေးက ပြန်ဆက်လို့မရအောင်ကို
ကျိုးကျေသွားခဲ့တာကြောင့် ဇန်နဝါရီမှာအသင်းပြောင်းဖို့
ချိတ်ဆက်နေတာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီး၊
ယူနိုက်တက်၊ အာဆင်နယ်တို့နဲ့အတူ ပြင်သစ်ထိပ်သီးကလပ်
ပီအက်စ်ဂျီ တို့ကစိတ်ဝင်စားခဲ့ကြတာဖြစ်တယ်။ ဗြိတိန်သတင်းစာ
The Athletic ကတော့ ဒီပြိုင်ဆိုင်မှုမှာ ချဲလ်ဆီးအနိုင်ရခဲ့ပြီလို့
အသိပေးထားပါတယ်။ ပေါ်တူဂီတိုက်စစ်မှူးဟာ ချဲလ်ဆီးရဲ့
အနာဂတ်အစီအစဉ်တွေကိုသဘောကျခဲ့တာကြောင့် ယူနိုက်တက်နဲ့
အာဆင်နယ်ကိုငြင်းပယ်ခဲ့ပြီလို့ဖော်ပြနေတာဖြစ်တယ်။
စကော့တလန်သတင်းစာ The Daily Record ကတော့ ဖိလစ်ဟာ
အင်္ဂလန်ပြောင်းတော့မယ်လို့ သူငယ်ချင်းတွေကိုဖွင့်ဟခဲ့ပြီးဖြစ်တယ်လို့
ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးနဲ့လက်မှတ်မထိုးခင်ကြား
ကာလမှာ တီကိုဘက်ကို ပိုကောင်းတဲ့ကမ်းလှမ်းမှုမျိုး
ရောက်လာဦးမလားဆိုတာစောင့်ကြည့်ရလိမ့်မယ်လို့
ဆိုထားပါတယ်။ အခြားတစ်ဖက်မှာ ယူနိုက်တက်က ဖိလစ်ရဲ့
၆လ အငှားစာချုပ်အတွက် ပေါင် ၉.၅ သန်းပေးဖို့ရှိနေပြီး
ရာသီကုန်မှာ ပေါင် ၇၀.၅ သန်းနဲ့ခေါ်ယူမယ်လို့ ကမ်းလှမ်းထားတာကြောင့်ဖြစ်တယ်။
zawgyi
ယူနိုက်တက်ပစ်မှတ် ဂျာအိုဖိလစ်ရဲ့အငှားစာချုပ်အတွက် ပေါင် ၁၀ သန်းပေးဖို့ ချဲလ်ဆီး သဘောတူလိုက်ပြီ