ယူနိုက်တက်နဲ့ စပါးတို့ရဲ့စိတ်ဝင်စားခံနေရပေမယ့် အင်တာကိုပဲ ပြောင်းဖို့ ဒီဘားလား ဆုံးဖြတ်

ဂျူဗင်တပ်စ်တိုက်စစ်မှူး ဒီဘားလားဟာ ယူနိုက်တက်နဲ့

စပါးတို့ရဲ့စိတ်ဝင်စားခြင်း ခံနေရပေမယ့် နွေရာသီမှာ
ပြည်တွင်းပြိုင်ဘက် အင်တာကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့
ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သတင်းတွေက
ရေးသားဖော်ပြလျက်ရှိပါတယ်။
ဒီဘားလားဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း

ဥရောပရဲ့အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်
သတ်မှတ်ခံခဲ့ရပြီး အခုဆိုရင် ဂျူဗင်တပ်စ်နဲ့
စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှု အဆင်မပြေဖြစ်ခဲ့လို့
ယခုရာသီအကုန်မှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ဒီဘားလားဟာ

ပရီးမီးယားလိဂ်ကို ရောက်ဖို့ သတင်းတွေ
ကျယ်ပြန့်စွာထွက်ပေါ်ခဲ့ပေမယ့် အခုတော့
အီတလီမီဒီယာတွေရဲ့ဖော်ပြချက်အရ အင်တာကို
ရောက်ဖို့ အတော်လေးနီးစပ်နေပြီလို့ သိရပါတယ်။
Gazzetta dello Sport သတင်းစာရဲ့ဖော်ပြချက်အရ

အင်တာနည်းပြ ဆီမြွန်နီအင်ဇာဂီရဲ့အနာဂတ်အစီအစဉ်တွေမှာ
အဓိကနေရာကနေ ပါဝင်ခွင့်ရမယ့်အချက်ကြောင့်
ဆန်စီရိုကို ပြောင်းရွှေ့ဖို့ ကစားသမားဘက်က
ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
အဲဒီသတင်းဌာနရဲ့ ဆက်လက်ဖော်ပြချက်အရ

ကစားသမားဖြစ်သူဟာ အီတလီမှာပဲ ဆက်ကစားချင်နေတယ်လို့ သိရပြီး
စပါးနည်းပြ ကွန်တီနဲ့ ယူနိုက်တက်နည်းပြသစ်ဖြစ်လာတော့မယ့်
အဲရစ်တန်ဟတ်တို့အတွက်တော့ သတင်းဆိုးဖြစ်ခဲ့ရပါတယ်။
ဒီဘားလားဟာ အင်တာမှာ တစ်နှစ်လုပ်ခ
ပေါင် ၅သန်းနဲ့ ၄နှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိနေရာ

အဲဒီအတိုင်းဆိုရင် တိုက်စစ်မှူး မာတီနက်ဇ်၊
ကွင်းလယ်လူ ဘရိုဇိုဗစ်တို့နဲ့အတူ အသင်းရဲ့
ပူးတွဲလုပ်ခလစာအများဆုံးကစားသမားဖြစ်လာမှာပါ။
အင်တာအသင်းအကြီးအကဲ မာရော့တာက
ဒီဘားလားကို ခေါ်ယူရေးမှာ အဓိကနေရာကနေ

ပါဝင်ခဲ့ပြီး ၂၀၁၅ခုနှစ်က ပါလာမိုကနေ
ဂျူဗင်တပ်စ်ကို ဒီဘားလား ရောက်လာခဲ့ရာမှာ
မာရော့တာက ဂျူဗင်တပ်စ်အသင်းရဲ့
CEO အဖြစ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

Zawgyi

ယူႏုိက္တက္နဲ႔ စပါးတုိ႔ရဲ႕စိတ္၀င္စားခံေနရေပမယ့္ အင္တာကိုပဲ ေျပာင္းဖုိ႔ ဒီဘားလား ဆုံးျဖတ္
ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ဒီဘားလားဟာ ယူႏုိက္တက္နဲ႔
စပါးတုိ႔ရဲ႕စိတ္၀င္စားျခင္း ခံေနရေပမယ့္ ေႏြရာသီမွာ

ျပည္တြင္းၿပိဳင္ဘက္ အင္တာကိုပဲ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔
ေျပာင္းေရႊ႕ဖုိ႔ ဆုံးျဖတ္လုိက္ၿပီျဖစ္ေၾကာင္း သတင္းေတြက
ေရးသားေဖာ္ျပလ်က္ရွိပါတယ္။
ဒီဘားလားဟာ ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း
ဥေရာပရဲ႕အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္

သတ္မွတ္ခံခဲ့ရၿပီး အခုဆုိရင္ ဂ်ဴဗင္တပ္စ္နဲ႔
စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖုိ႔ ေဆြးေႏြးမႈ အဆင္မေျပျဖစ္ခဲ့လုိ႔
ယခုရာသီအကုန္မွာ အသင္းကေန ထြက္ခြာေတာ့မွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္အတြင္း ဒီဘားလားဟာ
ပရီးမီးယားလိဂ္ကို ေရာက္ဖို႔ သတင္းေတြ

က်ယ္ျပန္႔စြာထြက္ေပၚခဲ့ေပမယ့္ အခုေတာ့
အီတလီမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ အင္တာကို
ေရာက္ဖို႔ အေတာ္ေလးနီးစပ္ေနၿပီလို႔ သိရပါတယ္။
Gazzetta dello Sport သတင္းစာရဲ႕ေဖာ္ျပခ်က္အရ
အင္တာနည္းျပ ဆီျမြန္နီအင္ဇာဂီရဲ႕အနာဂတ္အစီအစဥ္ေတြမွာ

အဓိကေနရာကေန ပါ၀င္ခြင့္ရမယ့္အခ်က္ေၾကာင့္
ဆန္စီရိုကို ေျပာင္းေရႊ႕ဖို႔ ကစားသမားဘက္က
ဆုံးျဖတ္လုိက္ၿပီျဖစ္ေၾကာင္း သိရပါတယ္။
အဲဒီသတင္းဌာနရဲ႕ ဆက္လက္ေဖာ္ျပခ်က္အရ
ကစားသမားျဖစ္သူဟာ အီတလီမွာပဲ ဆက္ကစားခ်င္ေနတယ္လုိ႔ သိရၿပီး

စပါးနည္းျပ ကြန္တီနဲ႔ ယူႏုိက္တက္နည္းျပသစ္ျဖစ္လာေတာ့မယ့္
အဲရစ္တန္ဟတ္တုိ႔အတြက္ေတာ့ သတင္းဆုိးျဖစ္ခဲ့ရပါတယ္။
ဒီဘားလားဟာ အင္တာမွာ တစ္ႏွစ္လုပ္ခ
ေပါင္ ၅သန္းနဲ႔ ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖြယ္ရွိေနရာ
အဲဒီအတုိင္းဆုိရင္ တုိက္စစ္မွဴး မာတီနက္ဇ္၊

ကြင္းလယ္လူ ဘရိုဇိုဗစ္တုိ႔နဲ႔အတူ အသင္းရဲ႕
ပူးတြဲလုပ္ခလစာအမ်ားဆုံးကစားသမားျဖစ္လာမွာပါ။
အင္တာအသင္းအႀကီးအကဲ မာေရာ့တာက
ဒီဘားလားကို ေခၚယူေရးမွာ အဓိကေနရာကေန
ပါ၀င္ခဲ့ၿပီး ၂၀၁၅ခုႏွစ္က ပါလာမိုကေန

ဂ်ဴဗင္တပ္စ္ကို ဒီဘားလား ေရာက္လာခဲ့ရာမွာ
မာေရာ့တာက ဂ်ဴဗင္တပ္စ္အသင္းရဲ႕
CEO အျဖစ္ ေခၚယူခဲ့တာျဖစ္ပါတယ္။