ဂျာအိုဖိလစ်အနေနဲ့ ယူနိုက်တက်ကိုပြောင်းရွှေ့ကစားခွင့်အိပ်မက်ဟာ
ဈေးနှုန်းကြောင့်ပျက်ပြယ်သွားနိုင်တယ်လို့ နာမည်ကျော်ဂျာနယ်လစ်
ရိုမာနိုက အသိပေးလိုက်ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ
ဘင်ဖီကာကနေ အက်သလက်ရောက်လာတဲ့ ဂျာအိုဖိလစ်ရဲ့
ပြောင်းရွှေ့ကြေးက ပေါင် ၁၁၃ သန်းဖြစ်တာကြောင့် စပိန်ကလပ်ဟာ
ဖြစ်သလိုရောင်းချမယ့်အစီအစဉ်မရှိတာဖြစ်တယ်။
ဒါပေမဲ့ ယခုလအစောပိုင်းမှာကတည်းက အက်သလက်
အသင်းအမှုဆောင်အရာရှိချုပ်ဂေးလ်မာရင်ဟာ ဖိလစ်ကို
ဈေးကွက်တင်ထားခဲ့တာဖြစ်တယ်။ “ဂျာအိုဖိလစ်ဟာ ထိပ်တန်း
အဆင့်ရှိပေမဲ့ ဆီမြွန်နီနဲ့ သူ့ကြားကဆက်ဆံရေးဟာ
ကစားချိန်ကြောင့်ဖြစ်တယ်။ သူ့ကိုရောင်းချဖို့အတွက်
စဉ်းစားတာက အဓိပ္ပါယ်ရှိမယ်ထင်တယ်။ ကျွန်တော် ဂျာအိုနဲ့
ရှေ့ဆက်သွားချင်ပေမဲ့ ဒါကလက်ရှိအခြေအနေပါ” လို့
မာရင်က ပြောဆိုထားပြီးဖြစ်တယ်။ လက်ရှိဇန်နဝါရီ
အပြောင်းအရွှေ့ကာလမှာ ဂျာအိုဖိလစ်ရဲ့အေးဂျင့်ဟာ
ယူနိုက်တက်ကိုပြောင်းရွှေ့ဖိူ့အတွက်တွေ့ဆုံဆွေးနွေးမှုတွေ
လုပ်ခဲ့ပေမဲ့ ဈေးနှုန်းကအတားအဆီးဖြစ်နေတယ်လို့ ရိုမာနိုက
အသိပေးလိုက်တာပါ။ “ဒီကိစ္စမှာ ယူနိုက်တက်အသင်းက
သူ့အေးဂျင့်နဲ့စကားပြောဆိုမှုများစွာရှိနေပေမဲ့ ဈေးနှုန်းနဲ့
ပက်သတ်နေပါတယ်။ ဒါပေမဲ့ လောလောဆယ်ညှိနှိုင်းလို့
မရသေးသလို ဈေးနှုန်းကြောင့်တိကျတဲ့ ညှိနှိုင်းမှု
မရှိသေးတာဖြစ်တယ်” လို့ ရိုမာနိုက ဆိုခဲ့ပါတယ်။
zawgyi
ယူနိုက်တက်နဲ့ ဂျာအိုဖိလစ်အပြောင်းအရွှေ့မှာဈေးနှုန်းကအဓိကပြဿနာဖြစ်နေတယ်လို့ ရိုမာနို ဖွင့်ချလိုက်
ယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက်တွေ့ဆုံဆွေးနွေးမှုတွေ