
ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ ၂ဂိုးစီသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာတော့





စိတ်ရှုပ်စရာတွေရှိခဲ့သလို နံပါတ်မှားယွင်းဝတ်ဆင်ခဲ့တဲ့ ဘာစီလိုနာကြယ်ပွင့်
ဂါဗီနဲ့ပက်သတ်လို့ ယူအီးအက်ဖ်အေက ချမှတ်ထားတဲ့စည်းမျဉ်းတွေ





ထွက်ပေါ်လာခဲ့ပါတယ်။ ပရိသတ်အများစုကတော့ နူးကမ့်
မြက်ခင်းစိမ်းပေါ်ကပွဲစဉ်ကို အသက်မရှုတမ်းအားပေးနေကြပေမယ့်
လင်းယုန်မျက်လုံးပိုင်ရှင်တွေကတော့ ဂါဗီရဲ့အင်္ကျီနဲ့ပက်သတ်လို့





ထူးဆန်းတဲ့အရာတစ်ခုကိုတွေ့ရှိခဲ့တာဖြစ်တယ်။ တနည်းအားဖြင့်တော့
စပိန်ကြယ်ပွင့်လေးဟာ အခြားသောနံပါတ်ကိုဝတ်ဆင်ထားခဲ့တာပါ။





အသက် ၁၈နှစ်အရွယ်ကစားသမားလေးဟာ ဒီရာသီမှာအများသောအားဖြင့်
နံပါတ် ၆ ကိုဝတ်ဆင်ခဲ့ပေမဲ့ ယူနိုက်တက်နဲ့ပွဲမှာ နံပါတ် ၃၀ ကို
ဝတ်ဆင်ခဲ့ပါတယ်။ နံပါတ် ၃၀ ဟာ ကျောနံပါတ်အဟောင်းကြီးဖြစ်သလို





ပြီးခဲ့တဲ့လမှာတော့ ချာတိတ်လေးဟာ ကျောနံပါတ် ၆ ကို
အမွေဆက်ခံခဲ့ပြီးဖြစ်တယ်။ နံပါတ် ၆ ကတော့ အသင်းဂန္တဝင်နဲ့





လက်ရှိနည်းပြဇာဗီ ဝတ်ဆင်ခဲ့တာဖြစ်လို့ ကလပ်ရဲ့အထူးအရေးပါတဲ့
နံပါတ်ဖြစ်ပါတယ်။ လာမာစီယာထွက်ဖြစ်တဲ့ ဂါဗီဟာ
သူ့အသင်းနည်းပြရဲ့ခြေရာကိုနင်းနိုင်ဖို့က အလွန်အရေးကြီးတာပါ။





ဒါပေမဲ့ ယူအီးအက်ဖ်အေရဲ့စည်းမျဉ်းမှာတော့ ကစားသမားဟာ
ကမ်းပိန်းတစ်ခုအတွင်းမှာ အင်္ကျီနံပါတ်ပြောင်းလဲလို့မရပါဘူး။





ဂါဗီဟာ ကျောနံပါတ် ၃၀ ကိုဝတ်ဆင်ပြီး ရာသီစတင်ခဲ့တဲ့အတွက်
၂၀၂၃-၂၄ ရာသီအစပိုင်းအထိ ဥရောပပွဲစဉ်တွေမှာ ဒီနံပါတ်ကိုသာ
ဆက်လက်ဝတ်ဆင်ရမှာပဲဖြစ်တယ်။ လာလီဂါမှာတော့





ဆန့်ကျင်ဘက်အနေအထားဖြစ်ပြီး အခြားကစားသမား
တစ်ယောက်က ဒီနံပါတ်ကိုဝတ်ဆင်ထားခြင်းမရှိဘူးဆိုရင်





ရာသီတစ်ခုအတွင်းမှာ နံပါတ်ပြောင်းပိုင်ခွင့်ရှိနေပါတယ်။
ရီကွီပစ်ဂ်ဟာ ပြီးခဲ့တဲ့သြဂုတ်လမှာ မေဂျာလိဂ်ကလပ်
အယ်လ်အေဂလက်ဆီကိုပြောင်းရွှေ့သွားခဲ့ပြီးနောက်





နံပါတ် ၆ ဂျာစီဟာတစ်ရာသီလုံးလစ်လပ်သွားခဲ့တာကြောင့် ဂါဗီကလက်ခံခွင့်ရခဲ့တာပါ။
zawgyi





ယူႏိုက္တက္နဲ႔ရင္ခုန္စရာပြဲမွာ ဂါဗီတစ္ေယာက္ ဘာေၾကာင့္ေက်ာနံပါတ္အမွားႀကီးဝတ္ဆင္ၿပီးကစားခဲ့တာလဲ …
ဘာစီလိုနာနဲ႔ ယူႏိုက္တက္တို႔ ၂ဂိုးစီသေရက်ခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာေတာ့
စိတ္ရႈပ္စရာေတြရွိခဲ့သလို နံပါတ္မွားယြင္းဝတ္ဆင္ခဲ့တဲ့ ဘာစီလိုနာၾကယ္ပြင့္





ဂါဗီနဲ႔ပက္သတ္လို႔ ယူအီးအက္ဖ္ေအက ခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြ
ထြက္ေပၚလာခဲ့ပါတယ္။ ပရိသတ္အမ်ားစုကေတာ့ ႏူးကမ့္





ျမက္ခင္းစိမ္းေပၚကပြဲစဥ္ကို အသက္မရႈတမ္းအားေပးေနၾကေပမယ့္
လင္းယုန္မ်က္လုံးပိုင္ရွင္ေတြကေတာ့ ဂါဗီရဲ႕အက်ႌနဲ႔ပက္သတ္လို႔
ထူးဆန္းတဲ့အရာတစ္ခုကိုေတြ႕ရွိခဲ့တာျဖစ္တယ္။ တနည္းအားျဖင့္ေတာ့





စပိန္ၾကယ္ပြင့္ေလးဟာ အျခားေသာနံပါတ္ကိုဝတ္ဆင္ထားခဲ့တာပါ။
အသက္ ၁၈ႏွစ္အ႐ြယ္ကစားသမားေလးဟာ ဒီရာသီမွာအမ်ားေသာအားျဖင့္





နံပါတ္ ၆ ကိုဝတ္ဆင္ခဲ့ေပမဲ့ ယူႏိုက္တက္နဲ႔ပြဲမွာ နံပါတ္ ၃၀ ကို
ဝတ္ဆင္ခဲ့ပါတယ္။ နံပါတ္ ၃၀ ဟာ ေက်ာနံပါတ္အေဟာင္းႀကီးျဖစ္သလို
ၿပီးခဲ့တဲ့လမွာေတာ့ ခ်ာတိတ္ေလးဟာ ေက်ာနံပါတ္ ၆ ကို





အေမြဆက္ခံခဲ့ၿပီးျဖစ္တယ္။ နံပါတ္ ၆ ကေတာ့ အသင္းဂႏၲဝင္နဲ႔
လက္ရွိနည္းျပဇာဗီ ဝတ္ဆင္ခဲ့တာျဖစ္လို႔ ကလပ္ရဲ႕အထူးအေရးပါတဲ့





နံပါတ္ျဖစ္ပါတယ္။ လာမာစီယာထြက္ျဖစ္တဲ့ ဂါဗီဟာ
သူ႔အသင္းနည္းျပရဲ႕ေျခရာကိုနင္းႏိုင္ဖို႔က အလြန္အေရးႀကီးတာပါ။
ဒါေပမဲ့ ယူအီးအက္ဖ္ေအရဲ႕စည္းမ်ဥ္းမွာေတာ့ ကစားသမားဟာ





ကမ္းပိန္းတစ္ခုအတြင္းမွာ အက်ႌနံပါတ္ေျပာင္းလဲလို႔မရပါဘူး။
ဂါဗီဟာ ေက်ာနံပါတ္ ၃၀ ကိုဝတ္ဆင္ၿပီး ရာသီစတင္ခဲ့တဲ့အတြက္





၂၀၂၃-၂၄ ရာသီအစပိုင္းအထိ ဥေရာပပြဲစဥ္ေတြမွာ ဒီနံပါတ္ကိုသာ
ဆက္လက္ဝတ္ဆင္ရမွာပဲျဖစ္တယ္။ လာလီဂါမွာေတာ့
ဆန႔္က်င္ဘက္အေနအထားျဖစ္ၿပီး အျခားကစားသမား





တစ္ေယာက္က ဒီနံပါတ္ကိုဝတ္ဆင္ထားျခင္းမရွိဘူးဆိုရင္
ရာသီတစ္ခုအတြင္းမွာ နံပါတ္ေျပာင္းပိုင္ခြင့္ရွိေနပါတယ္။





ရီကြီပစ္ဂ္ဟာ ၿပီးခဲ့တဲ့ၾသဂုတ္လမွာ ေမဂ်ာလိဂ္ကလပ္
အယ္လ္ေအဂလက္ဆီကိုေျပာင္းေ႐ႊ႕သြားခဲ့ၿပီးေနာက္
နံပါတ္ ၆ ဂ်ာစီဟာတစ္ရာသီလုံးလစ္လပ္သြားခဲ့တာေၾကာင့္ ဂါဗီကလက္ခံခြင့္ရခဲ့တာပါ။




