ယူနိုက်တက်နဲ့ပွဲမှာ အက်သလက်တိုက်စစ်ကို ဂရစ်ဇ်မန်းနဲ့ ဖီးလစ်တို့ ဦးဆောင်လာဖွယ်ရှိ

ယနေ့ည ယူနိုက်တက်နဲ့ကစားရမယ့်ချန်ပီယံလိဂ်ပွဲမှာ

အက်သလက်တိုက်စစ်ကို ပြင်သစ်လက်ရွေးစင်
ဂရစ်ဇ်မန်းနဲ့ ပေါ်တူဂီလက်ရွေးစင် ယာအိုဖီးလစ်တို့
ဦးဆောင်လာဖွယ်ရှိနေကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ပ-အကျော့ မက်ဒရစ်မြေမှာ
အက်သလက်နဲ့ ၁-၁ ဂိုးသရေကျခဲ့ပြီးနောက်

ဒီညမှာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒု-အကျော့ပွဲကို
အိမ်ရှင်အဖြစ် လက်ခံကျင်းပရမှာဖြစ်ပြီး
နှစ်သင်းစလုံးအတွက် အလွန်အရေးကြီးတဲ့ပွဲလည်းဖြစ်ပါတယ်။
သတင်းတွေရဲ့ဖော်ပြချက်အရ အက်သလက်ဟာ
တိုက်စစ်မှာ ဖီးလစ်နဲ့ ဂရစ်ဇ်မန်းတို့ကို

ထုတ်သုံးဖွယ်ရှိနေတယ်လို့ သရပါတယ်။
ဖီးလစ်ဟာ ပ-အကျော့အိမ်ကွင်းမှာ
၁-၁ဂိုးသရေကျခဲ့တုန်းက ဦးစားပေးကစားသမားအဖြစ်
ပါဝင်ခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုး
သွင်းယူနိုင်ခဲ့သလို အသင်းရဲ့တိုက်စစ်ကိုလည်း

အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။
ပ-အကျော့တုန်းကတော့ အက်သလက်တိုက်စစ်ကို
ဖီးလစ်နဲ့အတူ ကော်ရီယာ ဦးဆောင်ကစားခွင့်ရခဲ့ပြီး
ကော်ရီယာအနေနဲ့ ပွဲချိန်ပြည့်ကစားခွင့်ရခဲ့ပေမယ့်
အဲဒီပွဲမှာ ဖီးလစ်အစား ဒုတိယပိုင်းမှာ

လူစားဝင်ကစားခွင့်ရခဲ့တဲ့ ဂရစ်ဇ်မန်းက
အိုးထရက်ဖု့ိဒ်မှာတော့ ဦးစားပေးကစားသမားအဖြစ်
ဖီးလစ်နဲ့အတူ ပွဲထွက်ခွင့်ရဖွယ်ရှိနေပါတယ်။
ယူနိုက်တက်ရဲ့ခါးသီးပြိင်ဘက် လီဗာပူးမှာ
ကစားခဲ့ဖူးတဲ့ ဆွာရက်ဇ်ကတော့ ပ-အကျော့တုန်းကလည်း

ပွဲကစားခွင့်မရခဲ့သလို ဒီညမှာလည်း ပါဝင်ခွင့်ရဖို့
ရာခိုင်နှုန်းနည်းနေကြောင်း သတင်းတွေက သုံးသပ်နေပါတယ်။

Zawgyi

ယူႏုိက္တက္နဲ႔ပြဲမွာ အက္သလက္တိုက္စစ္ကို ဂရစ္ဇ္မန္းနဲ႔ ဖီးလစ္တုိ႔ ဦးေဆာင္လာဖြယ္ရွိ
ယေန႔ည ယူႏိုက္တက္နဲ႔ကစားရမယ့္ခ်န္ပီယံလိဂ္ပြဲမွာ
အက္သလက္တုိက္စစ္ကို ျပင္သစ္လက္ေရြးစင္
ဂရစ္ဇ္မန္းနဲ႔ ေပၚတူဂီလက္ေရြးစင္ ယာအိုဖီးလစ္တုိ႔
ဦးေဆာင္လာဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ယူႏုိက္တက္ဟာ ပ-အေက်ာ့ မက္ဒရစ္ေျမမွာ
အက္သလက္နဲ႔ ၁-၁ ဂိုးသေရက်ခဲ့ၿပီးေနာက္
ဒီညမွာ ခ်န္ပီယံလိဂ္ ၁၆သင္းအဆင့္ ဒု-အေက်ာ့ပြဲကို
အိမ္ရွင္အျဖစ္ လက္ခံက်င္းပရမွာျဖစ္ၿပီး
ႏွစ္သင္းစလုံးအတြက္ အလြန္အေရးႀကီးတဲ့ပြဲလည္းျဖစ္ပါတယ္။

သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ အက္သလက္ဟာ
တိုက္စစ္မွာ ဖီးလစ္နဲ႔ ဂရစ္ဇ္မန္းတုိ႔ကို
ထုတ္သုံးဖြယ္ရွိေနတယ္လုိ႔ သရပါတယ္။
ဖီးလစ္ဟာ ပ-အေက်ာ့အိမ္ကြင္းမွာ
၁-၁ဂိုးသေရက်ခဲ့တုန္းက ဦးစားေပးကစားသမားအျဖစ္

ပါ၀င္ခဲ့ၿပီး အသင္းအတြက္ ဦးေဆာင္ဂိုး
သြင္းယူႏိုင္ခဲ့သလုိ အသင္းရဲ႕တုိက္စစ္ကိုလည္း
အေကာင္းဆုံးဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ပ-အေက်ာ့တုန္းကေတာ့ အက္သလက္တုိက္စစ္ကို
ဖီးလစ္နဲ႔အတူ ေကာ္ရီယာ ဦးေဆာင္ကစားခြင့္ရခဲ့ၿပီး

ေကာ္ရီယာအေနနဲ႔ ပြဲခ်ိန္ျပည့္ကစားခြင့္ရခဲ့ေပမယ့္
အဲဒီပြဲမွာ ဖီးလစ္အစား ဒုတိယပိုင္းမွာ
လူစား၀င္ကစားခြင့္ရခဲ့တဲ့ ဂရစ္ဇ္မန္းက
အုိးထရက္ဖု႔ိဒ္မွာေတာ့ ဦးစားေပးကစားသမားအျဖစ္
ဖီးလစ္နဲ႔အတူ ပြဲထြက္ခြင့္ရဖြယ္ရွိေနပါတယ္။

ယူႏုိက္တက္ရဲ႕ခါးသီးၿပိင္ဘက္ လီဗာပူးမွာ
ကစားခဲ့ဖူးတဲ့ ဆြာရက္ဇ္ကေတာ့ ပ-အေက်ာ့တုန္းကလည္း
ပြဲကစားခြင့္မရခဲ့သလုိ ဒီညမွာလည္း ပါ၀င္ခြင့္ရဖုိ႔
ရာခုိင္ႏႈန္းနည္းေနေၾကာင္း သတင္းေတြက သုံးသပ္ေနပါတယ္။