ယူနိုက်တက်နဲ့ပတ်သတ်သူတွေကို ငြင်းပယ်သူများလိဂ်အဖြစ် နာမည်ပြောင်းရတော့မလိုဖြစ်လာတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ အခြေအနေ

ဒီရာသီမှာ မန်ယူအသင်းယူရိုပါလိဂ်ပြိုင်ပွဲသာကစားခွင့်ရခဲ့ပြီး ရော်နယ်ဒိုရဲ့အနာဂါတ် မတည်ငြိမ်မှုတွေဆက်တိုက်ထွက်ပေါ်ခဲ့ပါတယ်။

အရှင်းဆုံးပြောရရင် ချန်ပီယံလိဂ်မဝင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ရာသီကြိုပြင်ဆင်မှု(နည်းပြနဲ့ကစားသမားအ ပြောင်းအရွှေ့)တွေအတော်လေးအခက်တွေ့ခဲ့တာပါ။

အေဂျက်နဲ့အတူ ချန်ပီယံလိဂ် ကစားခွင့်ရပေမဲ့ တန်ဟတ်၊ အန်တိုနီနဲ့ မာတီနက်ဇ် တို့လိုကစားသမားတွေ ယူနိုက် တက်ကို ယုံကြည်စွာရွေးချယ်ခဲ့ကြပါတယ်။

သူတို့ ၃ယောက်ဟာ ကံကြမ္မာကို လောင်းကြေးထပ်ပြီး ယိုယွင်းနေတဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာခဲ့ကြတယ်။ရော်နယ်ဒိုကလည်း မန်ယူနဲ့ဆက်လက်တိုက်ပွဲဝင်ဖို့ ယုံကြည်ခဲ့တယ်။

အခြားတစ်ဖက်မှာတော့ ပေါ့ဘာလိုကစားသမားဟာ ချန်ပီယံလိဂ်ကစားခွင့်အတွက် အိုးလေဒီတွေဆီပြန်လစ်ခဲ့ပါတယ်။

တီကို တိုက်စစ်မှူးဂျာအိုဖိလစ်ကလည်း မန်ယူ နဲ့လက်တွဲဖို့ ဖီလင်မလာခဲ့ပါဘူး။

ပိုဆိုးတာနဲ့ ရော်နယ်ဒိုနဲ့ မန်ယူတို့အက်ကွဲကြောင်း စတင်ချိန်မှာ ချန်ပီယံလိဂ်ကစားချင်တဲ့ ပေါ်တူဂီတိုက်စစ်မှူးကို အားလုံးက “ဟင်အင်း” လုပ်နေခဲ့တာပါပဲ။

အခုဆိုရင်တော့ မန်ယူကိုသရော်သလိုလုပ်ခဲ့တဲ့ အေဂျက်၊ ဂျာအိုဖိလစ်ရဲ့ တီကို၊ ပေါ့ဘာရဲ့ ဂျူဗင်တပ်တို့ အားလုံး ယူရိုပါလိဂ်ကို ဆင်းကန်ရမယ့် အခြေအနေတစ်ခုဖြစ်သွားခဲ့ပါပြီ။

နောက်ပြီး ရော်နယ်ဒိုကို အသင်း ရဲ့ တွစ်တာစာမျက်နှာကနေ “သူက အသင်းမှာဆို ၈ယောက်မြောက် ဦးစားပေးဖြစ်မှာ” ဆိုတဲ့ ဆဲလ်ဘတ်နဲ့

သူ့ရဲ့လစာကိုပေးဖို့ ကျွန်တော်တို့မတတ်နိုင် ပါဘူးဆိုပြီး လူလိမ္မာပုံစံနဲ့ ငြင်းသွားခဲ့တဲ့ စပို့တင်းတို့လည်း ယူရိုပါလိဂ်ကို မျက်စောင်းထိုးနေပါပြီ။

ယူနိုက်တက်နဲ့ပတ်သတ်လို့ ပါးပါးလေးပုတ်ခဲ့ကြတဲ့ ကစားသမားနဲ့ အသင်းတွေအကုန်လုံးသာ ယူရိုပါလိဂ်ရောက်လာမယ်ဆိုရင်

သရဲနီ တွေကို ငြင်းပယ်ကြသူများခေါင်းစဉ်အောက်မှာ ပြိုင်ဆိုင်မှုအရှိန်မြင့်လာနိုင်ပါတယ်။

တန်ဟတ်၊ ရော်နယ်ဒိုအပါအဝင် ယူနိုက်တက်ကစားသမားတွေဟာ ဒီစိန်ခေါ်မှုကို ရင်ဆိုင်ချင်ကြမှာမလွဲပါဘူး။

ရော်နယ်ဒိုရဲ့ “အငြင်းပယ်ခံအပြုံး” ဘယ်လောက်အထိ လက်စွမ်းထက်သလဲဆိုတာကို

ဆဲလ်ဘတ်၊ စပို့တင်းတို့လို အသင်းတွေ ယူရိုပါလိဂ်ဆင်းလာရင်တစ်ပွဲတစ်လမ်းကြည့်ရဖို့ရှိနေသလို

အေဂျက်နဲ့ပြန်တွေ့ရင် လည်း တန်ဟတ်၊ အန်တိုနီနဲ့ မာတီနက်ဇ်တို့က သူတို့ဘာကောင်တွေလဲဆိုတာ ပြသဖို့ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

မန်ယူဟာကွင်းလယ်တစ်နေရာစာအတွက် နည်းပြတန်ဟတ်အပါအဝင် အေဂျက်နဲ့ သိပ်မစိမ်းလှတဲ့ ဖရန်ကီဒီဂျောင်ကို ခေါ်ယူဖို့ပြင်ဆင်ခဲ့ပါတယ်။

ဒီဂျောင်ဟာ ဘာစီလိုနာမှာ ပုံမှန်တစ်နေရာစာအတွက်ရုန်းကန်နေရချိန်ဖြစ်လို့ သရဲနီဖြစ်ခွင့်ကို အလွယ်လေးစဉ်းစားလို့ရပါတယ်။

ဒါပေမဲ့ မန်ယူကို လာရင်ဥရောပရဲ့အမြင့်ဆုံးပြိုင် ပွဲနဲ့လွဲချော်ရမှာကြောက်ပြီး ရှောင်ထွက်သွားခဲ့ပါတယ်။

အခုအချိန်မှာတော့ ဒီဂျောင် ရဲ့ ဘာကာလည်း ပလန်လက်ပလက်လန်ပြီး ယူရိုပါလိဂ်ကို ဆင်းရတော့မှာပါ။

zawgyi

ယူႏိုက္တက္နဲ႔ပတ္သတ္သူေတြကို ျငင္းပယ္သူမ်ားလိဂ္အျဖစ္ နာမည္ေျပာင္းရေတာ့မလိုျဖစ္လာတဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲ အေျခအေန

ဒီရာသီမွာ မန္ယူအသင္းယူ႐ိုပါလိဂ္ၿပိဳင္ပြဲသာကစားခြင့္ရခဲ့ၿပီး ေရာ္နယ္ဒိုရဲ႕အနာဂါတ္ မတည္ၿငိမ္မႈေတြဆက္တိုက္ထြက္ေပၚခဲ့ပါတယ္။

အရွင္းဆုံးေျပာရရင္ ခ်န္ပီယံလိဂ္မဝင္ခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ရာသီႀကိဳျပင္ဆင္မႈ(နည္းျပနဲ႔ကစားသမားအ ေျပာင္းအေ႐ႊ႕)ေတြအေတာ္ေလးအခက္ေတြ႕ခဲ့တာပါ။

ေအဂ်က္နဲ႔အတူ ခ်န္ပီယံလိဂ္ ကစားခြင့္ရေပမဲ့ တန္ဟတ္၊ အန္တိုနီနဲ႔ မာတီနက္ဇ္ တို႔လိုကစားသမားေတြ ယူႏိုက္ တက္ကို ယုံၾကည္စြာေ႐ြးခ်ယ္ခဲ့ၾကပါတယ္။

သူတို႔ ၃ေယာက္ဟာ ကံၾကမၼာကို ေလာင္းေၾကးထပ္ၿပီး ယိုယြင္းေနတဲ့ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာခဲ့ၾကတယ္။ေရာ္နယ္ဒိုကလည္း မန္ယူနဲ႔ဆက္လက္တိုက္ပြဲဝင္ဖို႔ ယုံၾကည္ခဲ့တယ္။

အျခားတစ္ဖက္မွာေတာ့ ေပါ့ဘာလိုကစားသမားဟာ ခ်န္ပီယံလိဂ္ကစားခြင့္အတြက္ အိုးေလဒီေတြဆီျပန္လစ္ခဲ့ပါတယ္။

တီကို တိုက္စစ္မႉးဂ်ာအိုဖိလစ္ကလည္း မန္ယူ နဲ႔လက္တြဲဖို႔ ဖီလင္မလာခဲ့ပါဘူး။

ပိုဆိုးတာနဲ႔ ေရာ္နယ္ဒိုနဲ႔ မန္ယူတို႔အက္ကြဲေၾကာင္း စတင္ခ်ိန္မွာ ခ်န္ပီယံလိဂ္ကစားခ်င္တဲ့ ေပၚတူဂီတိုက္စစ္မႉးကို အားလုံးက “ဟင္အင္း” လုပ္ေနခဲ့တာပါပဲ။

အခုဆိုရင္ေတာ့ မန္ယူကိုသေရာ္သလိုလုပ္ခဲ့တဲ့ ေအဂ်က္၊ ဂ်ာအိုဖိလစ္ရဲ႕ တီကို၊ ေပါ့ဘာရဲ႕ ဂ်ဴဗင္တပ္တို႔ အားလုံး ယူ႐ိုပါလိဂ္ကို ဆင္းကန္ရမယ့္ အေျခအေနတစ္ခုျဖစ္သြားခဲ့ပါၿပီ။

ေနာက္ၿပီး ေရာ္နယ္ဒိုကို အသင္း ရဲ႕ တြစ္တာစာမ်က္ႏွာကေန “သူက အသင္းမွာဆို ၈ေယာက္ေျမာက္ ဦးစားေပးျဖစ္မွာ” ဆိုတဲ့ ဆဲလ္ဘတ္နဲ႔

သူ႔ရဲ႕လစာကိုေပးဖို႔ ကြၽန္ေတာ္တို႔မတတ္ႏိုင္ ပါဘူးဆိုၿပီး လူလိမၼာပုံစံနဲ႔ ျငင္းသြားခဲ့တဲ့ စပို႔တင္းတို႔လည္း ယူ႐ိုပါလိဂ္ကို မ်က္ေစာင္းထိုးေနပါၿပီ။

ယူႏိုက္တက္နဲ႔ပတ္သတ္လို႔ ပါးပါးေလးပုတ္ခဲ့ၾကတဲ့ ကစားသမားနဲ႔ အသင္းေတြအကုန္လုံးသာ ယူ႐ိုပါလိဂ္ေရာက္လာမယ္ဆိုရင္

သရဲနီ ေတြကို ျငင္းပယ္ၾကသူမ်ားေခါင္းစဥ္ေအာက္မွာ ၿပိဳင္ဆိုင္မႈအရွိန္ျမင့္လာႏိုင္ပါတယ္။

တန္ဟတ္၊ ေရာ္နယ္ဒိုအပါအဝင္ ယူႏိုက္တက္ကစားသမားေတြဟာ ဒီစိန္ေခၚမႈကို ရင္ဆိုင္ခ်င္ၾကမွာမလြဲပါဘူး။

ေရာ္နယ္ဒိုရဲ႕ “အျငင္းပယ္ခံအၿပဳံး” ဘယ္ေလာက္အထိ လက္စြမ္းထက္သလဲဆိုတာကို

ဆဲလ္ဘတ္၊ စပို႔တင္းတို႔လို အသင္းေတြ ယူ႐ိုပါလိဂ္ဆင္းလာရင္တစ္ပြဲတစ္လမ္းၾကည့္ရဖို႔ရွိေနသလို

ေအဂ်က္နဲ႔ျပန္ေတြ႕ရင္ လည္း တန္ဟတ္၊ အန္တိုနီနဲ႔ မာတီနက္ဇ္တို႔က သူတို႔ဘာေကာင္ေတြလဲဆိုတာ ျပသဖို႔ အဆင္သင့္ျဖစ္ေနပါလိမ့္မယ္။

မန္ယူဟာကြင္းလယ္တစ္ေနရာစာအတြက္ နည္းျပတန္ဟတ္အပါအဝင္ ေအဂ်က္နဲ႔ သိပ္မစိမ္းလွတဲ့ ဖရန္ကီဒီေဂ်ာင္ကို ေခၚယူဖို႔ျပင္ဆင္ခဲ့ပါတယ္။

ဒီေဂ်ာင္ဟာ ဘာစီလိုနာမွာ ပုံမွန္တစ္ေနရာစာအတြက္႐ုန္းကန္ေနရခ်ိန္ျဖစ္လို႔ သရဲနီျဖစ္ခြင့္ကို အလြယ္ေလးစဥ္းစားလို႔ရပါတယ္။

ဒါေပမဲ့ မန္ယူကို လာရင္ဥေရာပရဲ႕အျမင့္ဆုံးၿပိဳင္ ပြဲနဲ႔လြဲေခ်ာ္ရမွာေၾကာက္ၿပီး ေရွာင္ထြက္သြားခဲ့ပါတယ္။

အခုအခ်ိန္မွာေတာ့ ဒီေဂ်ာင္ ရဲ႕ ဘာကာလည္း ပလန္လက္ပလက္လန္ၿပီး ယူ႐ိုပါလိဂ္ကို ဆင္းရေတာ့မွာပါ။