ယူနိုက်တက်နည်းပြ တန်ဟတ်ဖြစ်လာရင် အကျိုးရှိလာနိုင်မယ့်ကစားသမား ၃ဦး

လက်ရှိအချိန်မှာ ယူနိုက်တက်နည်းပြဖြစ်လာဖို့

အေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟတ်
ရေပန်းအစားဆုံးဖြစ်နေပြီး သူ့အနေနဲ့ တကယ်လို့
အိုးထရက်ဖို့ဒ်ကို ရောက်လာရင် ပြင်းထန်တဲ့
စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ များနေပါတယ်။
တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ကို

တန်ဟတ် ရောက်လာရင် လူငယ်တွေ
နေရာပိုရလာနိုင်ပြီး အဓိကအကျိုးရှိလာနိုင်တဲ့
ကစားသမား ၃ဦးကို ဖော်ပြပေးလိုက်ပါတယ်။
ဒွန်နီဗန်ဒီဘိခ်
တကယ်လို့ တန်ဟတ်သာ ရောက်လာရင်

ဗန်ဒီဘိခ်လည်း သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝကို
ကယ်တင်ဖို့ နောက်ဆုံးအခွင့်အရေး ရလာနိုင်ပါတယ်။
ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီက အေဂျက်စ်ကနေ
ရောက်လာပေမယ့် ယူနိုက်တက်မှာ ထင်သလိုစြဖ်မလာသေးဘဲ
ဇန်နဝါရီလက အဲဗာတန်ကို ၆လအငှားစာချုပ်နဲ့

ပြောင်းရွှေ့သွာခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ အေဂျက်စ်အသင်းမှာ တန်ဟတ်ရဲ့
နည်းဗျူဟာအောက် အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သဖြစ်ပြီး
တန်ဟတ်ရဲ့ဦးဆောင်မှုအောက်မှာ ခြေစွမ်းပြနိုင်ခဲ့လို့လည်း
ယူနိုက်တက်က ပေါင်သန်း ၄၀နဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ကွင်းလယ်မှာ ဗန်ဒီဘိခ်အတွက် နေရာတစ်နေရာက
သူ့အလိုလိုပေါ်လာမှာ မဟုတ်ပေမယ့် တကယ်လို့ တန်ဟတ်သာ
သူ့ကို ပြန်လည်မွေးဖွားခွင့်ပေးလိုက်ရင် ယူနိုက်တက်အတွက်
ကစားသမားသစ်တစ်ယောက် ခေါ်ယူမှုလိုဖြစ်လာမှာပါ။
ဂျိမ်းစ်ဂါနာ

တန်ဟတ်ဟာ လူငယ်ကစားသမားတွေကို
အရောင်တင်ပေးရာမှာ ထူးချွန်သူတစ်ဦးဖြစ်ပြီး
အေဂျက်စ်မှာ အဲဒီဖြစ်ရပ်က အတော်လေးထင်ရှားပါတယ်။
ဒီအတွက်ကြောင့် နော်တင်ဟမ်မှာ အငှားကစားနေတဲ့
ယူနိုက်တက်လူငယ် ဂျိမ်းစ်ဂါနာအတွက်လည်း ရာသီသစ်မှာ

မျှော်လင့်ချက်တွေ တောက်ပလာနိုင်ပါတယ်။
သူဟာ ယခုရာသီ ချန်ပီယံရှစ်မှာ နော်တင်ဟမ်နဲ့အတူ
ခြေစွမ်းပြနေပြီး လာမယ့်ရာသီမှာ မိခင်ကလပ်နဲ့အတူ
ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရည်မှန်းထားပါတယ်။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ ကွင်းလယ်ပိုင်း

အင်အားဖြည့်တင်းဖို့ ရှိနေပေမယ့် တကယ်လို့ တန်ဟတ်သာ
ရောက်လာရင် အသက် ၂၁နှစ်အရွယ်ရှိ ဂါနာလည်း
အခွင့်အရေး ပိုရလာနိုင်ပါတယ်။
အီလန်ဂါ
ယာယီနည်းပြ ရန်းနစ်လက်ထက် သိသိသာသာ

တိုးထွက်လာသူက တောင်ပံကစားသမား အီလန်ဂါဖြစ်ပြီး
အခုဆိုရင် ယူနိုက်တက်မှာ ပုံမှန်ပွဲထွက်ခွင့်တောင် ရနေပြီဖြစ်ပါတယ်။
အီလန်ဂါဟာ အဆုံးသတ်ပိုင်း လိုအပ်ချက်ရှိနေသေးတာမှန်ပေမယ့်
သူ့ရဲ့ကစားပုံအရ အလားအလာအများကြီးပိုင်ဆိုင်ထားသူလု့ိ
ဆိုနိုင်ပြီး တန်ဟတ်ရောက်လာရင်လည်း အီလန်ဂါကို

ကစားသမားဘ၀ နောက်တစ်ဆင့်မြင့်တက်စေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
တန်ဟတ်လက်ထက်မှာ ဇီယက်ချ်၊ တာဒစ်နဲ့ အန်တိုနီတို့လို
ဖန်တီးမှုအားကောင်းတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားတွေ
ထွက်ပေါ်ခဲ့ပြီး အခုလည်း ယူနိုက်တက်ကိုသာ တန်ဟတ်
ရောက်လာရင် အီလန်ဂါကို အဲဒီစာရင်းထဲ ထည့်နိုင်ဖွယ်ရှိနေပါတယ်။

Zawgyi

ယူႏိုက္တက္နည္းျပ တန္ဟတ္ျဖစ္လာရင္ အက်ိဳးရွိလာႏိုင္မယ့္ကစားသမား ၃ဦး
လက္ရွိအခ်ိန္မွာ ယူႏုိက္တက္နည္းျပျဖစ္လာဖို႔

ေအဂ်က္စ္အသင္းနည္းျပ အဲရစ္တန္ဟတ္
ေရပန္းအစားဆုံးျဖစ္ေနၿပီး သူ႕အေနနဲ႔ တကယ္လုိ႔
အုိးထရက္ဖုိ႔ဒ္ကို ေရာက္လာရင္ ျပင္းထန္တဲ့
စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ရဖုိ႔ မ်ားေနပါတယ္။
တစ္ခ်ိန္တည္းမွာပဲ ယူႏိုက္တက္ကို

တန္ဟတ္ ေရာက္လာရင္ လူငယ္ေတြ
ေနရာပိုရလာႏိုင္ၿပီး အဓိကအက်ိဳးရွိလာႏိုင္တဲ့
ကစားသမား ၃ဦးကို ေဖာ္ျပေပးလုိက္ပါတယ္။
ဒြန္နီဗန္ဒီဘိခ္
တကယ္လုိ႔ တန္ဟတ္သာ ေရာက္လာရင္

ဗန္ဒီဘိခ္လည္း သူ႕ရဲ႕ယူႏိုက္တက္ကစားသမားဘ၀ကို
ကယ္တင္ဖို႔ ေနာက္ဆုံးအခြင့္အေရး ရလာႏိုင္ပါတယ္။
ဗန္ဒီဘိခ္ဟာ ၂၀၂၀ ေႏြရာသီက ေအဂ်က္စ္ကေန
ေရာက္လာေပမယ့္ ယူႏုိက္တက္မွာ ထင္သလုိျစဖ္မလာေသးဘဲ
ဇန္န၀ါရီလက အဲဗာတန္ကို ၆လအငွားစာခ်ဳပ္နဲ႔

ေျပာင္းေရႊ႕သြာခဲ့ပါတယ္။
ဒါေပမဲ့ သူဟာ ေအဂ်က္စ္အသင္းမွာ တန္ဟတ္ရဲ႕
နည္းဗ်ဴဟာေအာက္ အေကာင္းဆုံးစြမ္းေဆာင္ႏုိင္ခဲ့သျဖစ္ၿပီး
တန္ဟတ္ရဲ႕ဦးေဆာင္မႈေအာက္မွာ ေျခစြမ္းျပႏိုင္ခဲ့လုိ႔လည္း
ယူႏုိက္တက္က ေပါင္သန္း ၄၀နဲ႔ ေခၚယူခဲ့တာျဖစ္ပါတယ္။

ယူႏုိက္တက္ကြင္းလယ္မွာ ဗန္ဒီဘိခ္အတြက္ ေနရာတစ္ေနရာက
သူ႕အလုိလိုေပၚလာမွာ မဟုတ္ေပမယ့္ တကယ္လုိ႔ တန္ဟတ္သာ
သူ႕ကို ျပန္လည္ေမြးဖြားခြင့္ေပးလုိက္ရင္ ယူႏုိက္တက္အတြက္
ကစားသမားသစ္တစ္ေယာက္ ေခၚယူမႈလုိျဖစ္လာမွာပါ။
ဂ်ိမ္းစ္ဂါနာ

တန္ဟတ္ဟာ လူငယ္ကစားသမားေတြကို
အေရာင္တင္ေပးရာမွာ ထူးခၽြန္သူတစ္ဦးျဖစ္ၿပီး
ေအဂ်က္စ္မွာ အဲဒီျဖစ္ရပ္က အေတာ္ေလးထင္ရွားပါတယ္။
ဒီအတြက္ေၾကာင့္ ေနာ္တင္ဟမ္မွာ အငွားကစားေနတဲ့
ယူႏုိက္တက္လူငယ္ ဂ်ိမ္းစ္ဂါနာအတြက္လည္း ရာသီသစ္မွာ

ေမွ်ာ္လင့္ခ်က္ေတြ ေတာက္ပလာႏိုင္ပါတယ္။
သူဟာ ယခုရာသီ ခ်န္ပီယံရွစ္မွာ ေနာ္တင္ဟမ္နဲ႔အတူ
ေျခစြမ္းျပေနၿပီး လာမယ့္ရာသီမွာ မိခင္ကလပ္နဲ႔အတူ
ပုံမွန္ပြဲထြက္ခြင့္ရဖို႔ ရည္မွန္းထားပါတယ္။
ယူႏုိက္တက္ဟာ လာမယ့္ေႏြရာသီမွာ ကြင္းလယ္ပုိင္း

အင္အားျဖည့္တင္းဖုိ႔ ရွိေနေပမယ့္ တကယ္လုိ႔ တန္ဟတ္သာ
ေရာက္လာရင္ အသက္ ၂၁ႏွစ္အရြယ္ရွိ ဂါနာလည္း
အခြင့္အေရး ပိုရလာႏိုင္ပါတယ္။
အီလန္ဂါ
ယာယီနည္းျပ ရန္းနစ္လက္ထက္ သိသိသာသာ

တုိးထြက္လာသူက ေတာင္ပံကစားသမား အီလန္ဂါျဖစ္ၿပီး
အခုဆုိရင္ ယူႏိုက္တက္မွာ ပုံမွန္ပြဲထြက္ခြင့္ေတာင္ ရေနၿပီျဖစ္ပါတယ္။
အီလန္ဂါဟာ အဆုံးသတ္ပိုင္း လိုအပ္ခ်က္ရွိေနေသးတာမွန္ေပမယ့္
သူ႕ရဲ႕ကစားပုံအရ အလားအလာအမ်ားႀကီးပိုင္ဆိုင္ထားသူလု႔ိ
ဆိုႏိုင္ၿပီး တန္ဟတ္ေရာက္လာရင္လည္း အီလန္ဂါကို

ကစားသမားဘ၀ ေနာက္တစ္ဆင့္ျမင့္တက္ေစႏိုင္ဖို႔ ကူညီေပးႏုိင္ပါတယ္။
တန္ဟတ္လက္ထက္မွာ ဇီယက္ခ်္၊ တာဒစ္နဲ႔ အန္တိုနီတို႔လို
ဖန္တီးမႈအားေကာင္းတဲ့ ကြင္းလယ္တုိက္စစ္ကစားသမားေတြ
ထြက္ေပၚခဲ့ၿပီး အခုလည္း ယူႏုိက္တက္ကိုသာ တန္ဟတ္
ေရာက္လာရင္ အီလန္ဂါကို အဲဒီစာရင္းထဲ ထည့္ႏုိင္ဖြယ္ရွိေနပါတယ္။