ယူနိုက်တက်နည်းပြအဖွဲ့မှာ ဗန်ပါစီကို ထည့်သွင်းဖို့ လျာထားနေတဲ့ တန်ဟတ်

အေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ တကယ်လို့

ယူနိုက်တက်အသင်းကိုသာ တာဝန်ယူရရင် သူ့ရဲ့
နည်းပြအဖွဲ့ဝင်အဖြစ် ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး
ဗန်ပါစီကို ထည့်သွင်းဖို့ ကြိုတင်လျာထားတယ်လို့ သိရပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ နယ်သာလန်နိုင်ငံသား တန်ဟတ်ဟာ
ယူနိုက်တက်ကသာ အမြဲတမ်းနည်းပြအဖြစ် သူ့ကို ခန့်အပ်ရင်

လုပ်ဆောင်ရမယ့်အရာတွေအတွက် ယခုကတည်းက
ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး The Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ
ဗန်ပါစီကို ယူနိုက်တက်နည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ဖို့
ပြင်ဆင်နေသလို ကနဦးဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ဗန်ပါစီဟာ ယူနိုက်တက်ကစားသမားဘဝမှာ အောင်မြင်မှုတွေ

ရယူနိုင်ခဲ့ပြီး နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့
၂၀၁၃ မှာ သူကိုယ်တိုင် ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ပါတယ်။
ဗန်ပါစီဟာ လက်ရှိအချိန်မှာ နည်းပြလိုင်စင်တွေ ရရှိဖို့
လုပ်ဆောင်နေပြီး သားဖြစ်သူ ရှာကွီးလ်ရှိနေတဲ့
ဖီယင်နု ယူ၁၆ အသင်းနဲ့အတူ လက်တွဲ အလုပ်လုပ်နေပါတယ်။

ဒါပေမဲ့ တကယ်လို့ တန်ဟတ်သာ ယူနိုက်တက်နည်းပြဖြစ်လာရင်
နယ်သာလန်တိုက်စစ်မှူးဟောင်းလည်း ပရီးမီးယားလိဂ်ကို
ပြန်လာဖို့ ဆန္ဒပြင်းပြလာနိုင်ပါတယ်။
ယူနိုက်တက်ဟာ ပုံမှန်အားဖြင့် စာချုပ်သက်တမ်းကုန်ဆုံးဖို့
၁နှစ်အလိုမှာ တန်ဟတ်ကို ခေါ်ယူရင် သူ့ရဲ့ကလပ်

အေဂျက်စ်ကို လျော်ကြေး ပေါင် ၅သန်းဝန်းကျင်
ပေးရမှာဖြစ်ပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်က တန်ဟတ် စာချုပ်သစ်ချုပ်ဆိုစဉ်
ထည့်သွင်းခဲ့တဲ့ အချက်အရ ယူနိုက်တက်အနေနဲ့
စာချုပ်ဖျက်သိမ်းကြေး ပေါင် ၁.၆၈သန်းပဲ ပေးချေရမှာဖြစ်ပါတယ်။
အေဂျက်စ်အသင်းအမှုဆောင်အရာရှိချုပ် ဗန်ဒါဆာကတော့

တကယ်လို့ အသင်းမှာသာ တန်ဟတ် ဆက်ရှိရင်
လက်ရှိလုပ်ခလစာရဲ့ ၂ဆဖြစ်တဲ့ တစ်နှစ်လုပ်ခလစာ
ပေါင် ၄သန်းအထိ ပေးချေဖို့ ကမ်းလှမ်းထားပါတယ်။

Zawgyi

ယူႏုိက္တက္နည္းျပအဖြဲ႕မွာ ဗန္ပါစီကို ထည့္သြင္းဖို႔ လ်ာထားေနတဲ့ တန္ဟတ္
ေအဂ်က္စ္အသင္းနည္းျပ အဲရစ္တန္ဟတ္ဟာ တကယ္လုိ႔
ယူႏုိက္တက္အသင္းကိုသာ တာ၀န္ယူရရင္ သူ႕ရဲ႕
နည္းျပအဖြဲ႕၀င္အျဖစ္ ယူႏုိက္တက္ဂႏၳ၀င္တုိက္စစ္မွဴး

ဗန္ပါစီကို ထည့္သြင္းဖို႔ ႀကိဳတင္လ်ာထားတယ္လုိ႔ သိရပါတယ္။
အသက္ ၅၂ ႏွစ္အရြယ္ရွိ နယ္သာလန္ႏိုင္ငံသား တန္ဟတ္ဟာ
ယူႏုိက္တက္ကသာ အၿမဲတမ္းနည္းျပအျဖစ္ သူ႕ကို ခန္႔အပ္ရင္
လုပ္ေဆာင္ရမယ့္အရာေတြအတြက္ ယခုကတည္းက
ႀကိဳတင္ျပင္ဆင္ေနတာျဖစ္ၿပီး The Mirror သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ

ဗန္ပါစီကို ယူႏုိက္တက္နည္းျပအဖြဲ႕၀င္အျဖစ္ ခန္႔အပ္ဖို႔
ျပင္ဆင္ေနသလို ကနဦးေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။
ဗန္ပါစီဟာ ယူႏုိက္တက္ကစားသမားဘ၀မွာ ေအာင္ျမင္မႈေတြ
ရယူႏိုင္ခဲ့ၿပီး ေနာက္ဆုံးအႀကိမ္ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့
၂၀၁၃ မွာ သူကုိယ္တိုင္ ေရႊဖိနပ္ဆု ရယူႏုိင္ခဲ့ပါတယ္။

ဗန္ပါစီဟာ လက္ရွိအခ်ိန္မွာ နည္းျပလုိင္စင္ေတြ ရရွိဖို႔
လုပ္ေဆာင္ေနၿပီး သားျဖစ္သူ ရွာကြီးလ္ရွိေနတဲ့
ဖီယင္ႏု ယူ၁၆ အသင္းနဲ႔အတူ လက္တြဲ အလုပ္လုပ္ေနပါတယ္။
ဒါေပမဲ့ တကယ္လုိ႔ တန္ဟတ္သာ ယူႏုိက္တက္နည္းျပျဖစ္လာရင္
နယ္သာလန္တုိက္စစ္မွဴးေဟာင္းလည္း ပရီးမီးယားလိဂ္ကို

ျပန္လာဖို႔ ဆႏၵျပင္းျပလာႏိုင္ပါတယ္။
ယူႏိုက္တက္ဟာ ပုံမွန္အားျဖင့္ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔
၁ႏွစ္အလုိမွာ တန္ဟတ္ကို ေခၚယူရင္ သူ႕ရဲ႕ကလပ္
ေအဂ်က္စ္ကို ေလ်ာ္ေၾကး ေပါင္ ၅သန္း၀န္းက်င္
ေပးရမွာျဖစ္ေပမယ့္ လြန္ခဲ့တဲ့ တစ္ႏွစ္က တန္ဟတ္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုစဥ္

ထည့္သြင္းခဲ့တဲ့ အခ်က္အရ ယူႏုိက္တက္အေနနဲ႔
စာခ်ဳပ္ဖ်က္သိမ္းေၾကး ေပါင္ ၁.၆၈သန္းပဲ ေပးေခ်ရမွာျဖစ္ပါတယ္။
ေအဂ်က္စ္အသင္းအမႈေဆာင္အရာရွိခ်ဳပ္ ဗန္ဒါဆာကေတာ့
တကယ္လုိ႔ အသင္းမွာသာ တန္ဟတ္ ဆက္ရွိရင္
လက္ရွိလုပ္ခလစာရဲ႕ ၂ဆျဖစ္တဲ့ တစ္ႏွစ္လုပ္ခလစာ

ေပါင္ ၄သန္းအထိ ေပးေခ်ဖို႔ ကမ္းလွမ္းထားပါတယ္။