ယူနိုက်တက်နည်းပြဖြစ်လာရင် ပထမဆုံးခေါ်မယ့်ပစ်မှတ်ကိုပါ ရွေးထားပြီးဖြစ်တဲ့ တန်ဟတ်

သတင်းတွေရဲ့ဖော်ပြချက်အရ အေဂျက်စ်အသင်းနည်းပြ

အဲရစ်တန်ဟတ်ဟာ တကယ်လို့ ယူနိုက်တက်နည်းပြဖြစ်လာရင်
သူ ပထမဆုံေးခါ်ယူမယ့်ပစ်မှတ်ကိုပါ ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရပါတယ်။
အသက် ၅၂ နှစ်အရွယ်ရှိ နယ်သာလန်နိုင်ငံသား တန်ဟတ်ဟာ
လာမယ့်နွေရာသီမှာ ယူနိုက်တက်ရဲ့အမြဲတမ်းနည်းပြဖြစ်လာဖို့
ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုနဲ့အပြိုင် ရေပန်းစားနေပြီး

အခုနောက်ပိုင်းထွက်ပေါ်လာတဲ့သတင်းတွေအရ
တန်ဟတ် ဖြစ်လာနိုင်ခြေပိုများနေတယ်လို့ သိရပါတယ်။
ယခုလည်း The Telegraph သတင်းဌာနရဲ့ဖော်ပြချက်အရ
တန်ဟတ်ဟာ တကယ်လို့ ယူနိုက်တက်နည်းပြဖြစ်လာရင်
အသင်းဟောင်း အေဂျက်စ်ကနေ တောင်ပံကစားသမား

အန်တိုနီကိုပါ တစ်ပါတည်းခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ ဘရာဇီးနိုင်ငံသား အန်တိုနီဟာ
ယခုရာသီမှာ အထူးခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၁၂ဂိုးသွင်းယူထားပါတယ်။
သူဟာ အေဂျက်စ်အတွက် ဂိုးဖန်တီးမှု ၈ကြိမ်လည်း
ပြုလုပ်ပေးထားရာ ဘရာဇီးအသင်းမှာပါ

ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။
ဘရာဇီးအသင်းအတွက် ၈ပွဲမှာ ၂ ဂိုးသွင်းယူပေးထားတဲ့
အန်တိုနီကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေက
အပြိုင်စိတ်ဝင်စားနေတဲ့အနက် ဘာစီလိုနာအသင်းက
အထင်ရှားဆုံးဖြစ်ပေမယ့် တကယ်လို့ ယူနိုက်တက်နည်းပြအဖြစ်

တန်ဟတ်သာ တာဝန်ယူဖြစ်ရင် အန်တိုနီလည်း
အိုးထရက်ဖို့ဒ်ကိုရောက်လာနိုင်ခြေရှိနေပါတယ်။

Zawgyi

ယူႏုိက္တက္နည္းျပျဖစ္လာရင္ ပထမဆုံးေခၚမယ့္ပစ္မွတ္ကိုပါ ေရြးထားၿပီးျဖစ္တဲ့ တန္ဟတ္
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေအဂ်က္စ္အသင္းနည္းျပ
အဲရစ္တန္ဟတ္ဟာ တကယ္လုိ႔ ယူႏုိက္တက္နည္းျပျဖစ္လာရင္
သူ ပထမဆုံေးခၚယူမယ့္ပစ္မွတ္ကိုပါ ေရြးခ်ယ္ထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။
အသက္ ၅၂ ႏွစ္အရြယ္ရွိ နယ္သာလန္ႏိုင္ငံသား တန္ဟတ္ဟာ

လာမယ့္ေႏြရာသီမွာ ယူႏုိက္တက္ရဲ႕အၿမဲတမ္းနည္းျပျဖစ္လာဖို႔
ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုနဲ႔အၿပိဳင္ ေရပန္းစားေနၿပီး
အခုေနာက္ပိုင္းထြက္ေပၚလာတဲ့သတင္းေတြအရ
တန္ဟတ္ ျဖစ္လာႏိုင္ေျခပိုမ်ားေနတယ္လုိ႔ သိရပါတယ္။
ယခုလည္း The Telegraph သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ

တန္ဟတ္ဟာ တကယ္လုိ႔ ယူႏုိက္တက္နည္းျပျဖစ္လာရင္
အသင္းေဟာင္း ေအဂ်က္စ္ကေန ေတာင္ပံကစားသမား
အန္တိုနီကိုပါ တစ္ပါတည္းေခၚယူဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
အသက္ ၂၂ ႏွစ္အရြယ္ရွိ ဘရာဇီးႏိုင္ငံသား အန္တိုနီဟာ
ယခုရာသီမွာ အထူးေျခစြမ္းျပေနၿပီး ၿပိဳင္ပြဲစုံ ၁၂ဂိုးသြင္းယူထားပါတယ္။

သူဟာ ေအဂ်က္စ္အတြက္ ဂိုးဖန္တီးမႈ ၈ႀကိမ္လည္း
ျပဳလုပ္ေပးထားရာ ဘရာဇီးအသင္းမွာပါ
ပထမဆုံးအႀကိမ္ ေရြးခ်ယ္ခံခဲ့ရပါတယ္။
ဘရာဇီးအသင္းအတြက္ ၈ပြဲမွာ ၂ ဂိုးသြင္းယူေပးထားတဲ့
အန္တိုနီကို ေခၚယူဖုိ႔ ဥေရာပထိပ္တန္းအသင္းေတြက

အၿပိဳင္စိတ္၀င္စားေနတဲ့အနက္ ဘာစီလုိနာအသင္းက
အထင္ရွားဆုံးျဖစ္ေပမယ့္ တကယ္လုိ႔ ယူႏုိက္တက္နည္းျပအျဖစ္
တန္ဟတ္သာ တာ၀န္ယူျဖစ္ရင္ အန္တိုနီလည္း
အုိးထရက္ဖုိ႔ဒ္ကိုေရာက္လာႏုိင္ေျခရွိေနပါတယ္။