ယူနိုက်တက်နည်းပြဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာတဲ့ တန်ဟတ်

ယူနိုက်တက်အသင်းဟာ နည်းပြသစ်ရာထူးအတွက်

နည်းပြလောင်းအားလုံးကို အချက်အလက်တွေနဲ့ စာဖိုင်ပြုလုပ်ကာ
စုံစမ်းခဲ့ပြီးနောက် အေဂျက်စ်နည်းပြ အဲရစ်တန်ဟတ်က
ယူနိုက်တက်အမြဲတမ်းနည်းပြဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာပါတယ်။
ယူနိုက်တက်ဟာ အမြဲတမ်းနည်းပြရာထူးအတွက်
ဖြစ်နိုင်ခြေရှိတဲ့ ပစ်မှတ်အားလုံးကို သေချာစွာ

လိုက်လံစုံစမ်းခဲ့ပြီးနောက် တန်ဟတ်က
အားလုံးထဲမှာ အကောင်းဆုံအနေအထားဖြစ်နေတာပါ။
အစောပိုင်းမှာ တန်ဟတ်နဲ့ ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုတို့က
ယူနိုက်တက်နည်းပြရာထူးအတွက် အပြိုင်ဖြစ်ခဲ့ပေမယ့်
စာရင်းအတိအကျနဲ့ ရက်သတ္တပတ်အနည်းငယ်ကြာ

စုံစမ်းခဲ့ပြီးနောက် တန်ဟတ်က နည်းပြအဖြစ်အနည်းဆုံး
၅နှစ်ကြာ ဆက်ရှိလိမ့်မယ်လို့ ယူနိုက်တက်အသင်းဘက်က
မျှော်လင့်နေပြီး အသင်းကို ဥရောပနဲ့ ပြည်တွင်းမှာ
အင်အားကြီးအသင်းအဖြစ် ပြန်လည်ရပ်တည်စေဖို့
တန်ဟတ်က ဦးဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ နည်းပြသစ်အနေနဲ့ နွေရာသီဈေးကွက်အတွင်း
ကစားသမားသစ်ခေါ်ယူရေးအတွက် အဆင်သင့်ဖြစ်နေစေဖို့
နည်းပြသစ်ကို ရာသီမကုန်ခင် ခန့်အပ်လိုနေပြီး
ချဲလ်ဆီးအသင်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီးနောက်
ချဲလ်ဆီးနည်းပြ တူချယ်လည်း ယူနိုက်တက်နည်းပြဖြစ်လာဖို့

အံ့အားသင့်ဖွယ် ရေပန်းစားလာပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းက ချဲလ်ဆီးအသင်းပိုင်ရှင်သစ်တွေက
ဂျာမနီနိုင်ငံသား တူချယ်ကို ဆက်ထိန်းထားလိမ့်မယ်လို့
မျှော်လင့်ထားပြီး ဒီပုံစံအတိုင်းဖြစ်လာရင် စောင့်ရကျိုး
မနပ်ဖြစ်သွားနိုင်တာမို့ တန်ဟတ်ကိုပဲ ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့
ရန်းနစ်က ယခုရာသီအကုန်မှာ အသင်းရဲ့အကြံပေးအဖြစ်
ပြောင်းလဲတာဝန်ယူမှာဖြစ်ပြီး အမြဲတမ်းနည်းပြသစ်ခန့်အပ်ရေးအတွက်
သူလည်း ဝင်ရောက်အကြံပေးရမှာဖြစ်ပါတယ်။
တန်ဟတ်က အေဂျက်စ်အသင်းနဲ့ ၂၀၂၃

နွေရာသီကျမှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့
ယူနိုက်တက်အနေနဲ့ တန်ဟတ်ကို ခေါ်ယူနိုဖို့
အေဂျက်စ်နဲ့ ဆွေးနွေးရဖွယ်ရှိနေပါတယ်။

Zawgyi

ယူႏုိက္တက္နည္းျပျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္လာတဲ့ တန္ဟတ္
ယူႏုိက္တက္အသင္းဟာ နည္းျပသစ္ရာထူးအတြက္
နည္းျပေလာင္းအားလုံးကို အခ်က္အလက္ေတြနဲ႔ စာဖုိင္ျပဳလုပ္ကာ
စုံစမ္းခဲ့ၿပီးေနာက္ ေအဂ်က္စ္နည္းျပ အဲရစ္တန္ဟတ္က

ယူႏုိက္တက္အၿမဲတမ္းနည္းျပျဖစ္ဖို႔ ေရပန္းအစားဆုံးျဖစ္လာပါတယ္။
ယူႏုိက္တက္ဟာ အၿမဲတမ္းနည္းျပရာထူးအတြက္
ျဖစ္ႏိုင္ေျခရွိတဲ့ ပစ္မွတ္အားလုံးကို ေသခ်ာစြာ
လုိက္လံစုံစမ္းခဲ့ၿပီးေနာက္ တန္ဟတ္က
အားလုံးထဲမွာ အေကာင္းဆုံအေနအထားျဖစ္ေနတာပါ။

အေစာပိုင္းမွာ တန္ဟတ္နဲ႔ ပီအက္စ္ဂ်ီနည္းျပ ပိုခ်က္တီႏိုတို႔က
ယူႏုိက္တက္နည္းျပရာထူးအတြက္ အၿပိဳင္ျဖစ္ခဲ့ေပမယ့္
စာရင္းအတိအက်နဲ႔ ရက္သတၱပတ္အနည္းငယ္ၾကာ
စုံစမ္းခဲ့ၿပီးေနာက္ တန္ဟတ္က နည္းျပအျဖစ္အနည္းဆုံး
၅ႏွစ္ၾကာ ဆက္ရွိလိမ့္မယ္လုိ႔ ယူႏုိက္တက္အသင္းဘက္က

ေမွ်ာ္္လင့္ေနၿပီး အသင္းကို ဥေရာပနဲ႔ ျပည္တြင္းမွာ
အင္အားႀကီးအသင္းအျဖစ္ ျပန္လည္ရပ္တည္ေစဖို႔
တန္ဟတ္က ဦးေဆာင္ႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေနပါတယ္။
ယူနုိက္တက္ဟာ နည္းျပသစ္အေနနဲ႔ ေႏြရာသီေစ်းကြက္အတြင္း
ကစားသမားသစ္ေခၚယူေရးအတြက္ အဆင္သင့္ျဖစ္ေနေစဖို႔

နည္းျပသစ္ကို ရာသီမကုန္ခင္ ခန္႔အပ္လုိေနၿပီး
ခ်ဲလ္ဆီးအသင္း ျပႆနာေတြနဲ႔ ရင္ဆုိင္ေနရၿပီးေနာက္
ခ်ဲလ္ဆီးနည္းျပ တူခ်ယ္လည္း ယူႏုိက္တက္နည္းျပျဖစ္လာဖို႔
အံ့အားသင့္ဖြယ္ ေရပန္းစားလာပါတယ္။
ဒါေပမဲ့ ယူႏုိက္တက္အသင္းက ခ်ဲလ္ဆီးအသင္းပိုင္ရွင္သစ္ေတြက

ဂ်ာမနီႏိုင္ငံသား တူခ်ယ္ကို ဆက္ထိန္းထားလိမ့္မယ္လုိ႔
ေမွ်ာ္လင့္ထားၿပီး ဒီပုံစံအတုိင္းျဖစ္လာရင္ ေစာင့္ရက်ိဳး
မနပ္ျဖစ္သြားႏိုင္တာမို႔ တန္ဟတ္ကိုပဲ ေခၚယူခ်င္ေနတာျဖစ္ပါတယ္။
ယူႏုိက္တက္အသင္းရဲ႕ယာယီနည္းျပအျဖစ္ တာ၀န္ယူေနတဲ့
ရန္းနစ္က ယခုရာသီအကုန္မွာ အသင္းရဲ႕အႀကံေပးအျဖစ္

ေျပာင္းလဲတာ၀န္ယူမွာျဖစ္ၿပီး အၿမဲတမ္းနည္းျပသစ္ခန္႔အပ္ေရးအတြက္
သူလည္း ၀င္ေရာက္အႀကံေပးရမွာျဖစ္ပါတယ္။
တန္ဟတ္က ေအဂ်က္စ္အသင္းနဲ႔ ၂၀၂၃
ေႏြရာသီက်မွ စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္လုိ႔
ယူႏိုက္တက္အေနနဲ႔ တန္ဟတ္ကို ေခၚယူႏိုဖို႔

ေအဂ်က္စ္နဲ႔ ေဆြးေႏြးရဖြယ္ရွိေနပါတယ္။