
စူပါကွန်ပျူတာက မန်ချက်စတာယူနိုက်တက်မှ ာလာမယ့်ပွဲ ၉ ပွဲတွင် ၃ ပွဲတည်းသာ
အနိုင်ရရှိမယ်လို့ခန့်မှန်းလာပါတယ်။ ဆိုးလ်ရှားဦးဆောင်တဲ့ မန်ယူအသင်းဟာ
နောက်ဆုံး ၈ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရရှိထားပြီး ခြေစွမ်းဆိုးရွားကာ
ဖိအားများနှင့်ရင်ဆိုင်နေရပါတယ်။ ဒါကြောင့်လည်းမန်ယူပရိသတ်များရဲ့
ဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်ရေးတောင်းဆိုမှုကအသံပိုမိုကျယ်လောင်လာနေပါတယ်။
မန်ယူဟာယနေ့ညမှာအိုးထရက်ဖို့ဒ်ကွင်းမှာအတ္တလန္တာကိုဧည့်ခံကစားရပါမယ်။
မန်ယူဟာအိုးထရက်ဖို့ဒ်နှစ်ပွဲဆက်နိုင်ပွဲပျောက်နေတဲ့အသင်းလည်းဖြစ်ပါတယ်။
BonusCodeBets ရဲ့စူပါကွန်ပျူတာကမန်ယူဟာအတ္တလန္တာကို
အနိုင်ရဖို့ ၅၅ ရာခိုင်နှုန်းတည်းသာရှိကြောင်းဆိုသွားပါတယ်။
ဒါ့အပြင် စူပါကွန်ပျူတာက မန်ယူဟာ လာမယ့်ပွဲ ၉ ပွဲတွင် ၃ ပွဲတည်းသာ
အနိုင်ရမယ်လို့ဆိုသွားပါတယ်။ ယင်း၉ပွဲမှာနိုင်ပွဲ၃ပွဲတွင် ယနေ့အတ္တလန္တာကို
အနိုင်ရတဲ့ပွဲလည်းပါဝင်ပါမယ်။ မန်ယူဟာယနေ့ညအတ္တလန္တာနှင့်ပွဲပြီးလျှင်
ပွဲကြပ်များအဖြစ်လီဗာပူး၊စပါးစ်တို့နှင့်ပရီးမီးယားလိဂ်မှာ
ဆက်တိုက်ရင်ဆိုင်ရပါမယ်။ ယင်းနောက်၎င်းတို့ဟာအတ္တလန္တာကိုအဝေးကွင်းသို့
သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီး၊ ဝက်ဖို့ဒ်၊ ဗီလာရီးရဲလ်၊
ချဲလ်ဆီး၊ အာဆင်နယ်တို့နှင့် ရင်ဆိုင်ရပါမယ်။
စူပါကွန်ပျူတာက ဆိုးလ်ရှားရဲ့မန်ယူအသင်းဟာ ယခုအပတ်အကုန်မှာ
ရင်ဆိုင်ရမယ့်လီဗာပူးနှင့်ပရီးမီးယားလိဂ်ပွဲစဉ်မှာအနိုင်ရာခိုင်နှုန်း
၃၃ ရာခိုင်နှုန်းသာရှိကြောင်းခန့်မှန်းထားသလိုမန်စီးတီးနှင့်ပွဲတွင်
အနိုင်ရရှိရန်၄၂ရာခိုင်နှုန်းသာရှိကြောင်းဆိုထားပါတယ်။
zawgyi
ယူႏိုက္တက္တို႔ လာမယ့္ ၉ ပြဲမွာ ၃ ပြဲသာ အႏိုင္ရမယ္လို႔ စူပါကြန္ပ်ဴတာခန႔္မွန္းလာ
စူပါကြန္ပ်ဴတာက မန္ခ်က္စတာယူႏိုက္တက္မွ ာလာမယ့္ပြဲ ၉ ပြဲတြင္ ၃ ပြဲတည္းသာ
အႏိုင္ရရွိမယ္လို႔ခန႔္မွန္းလာပါတယ္။ ဆိုးလ္ရွားဦးေဆာင္တဲ့ မန္ယူအသင္းဟာ
ေနာက္ဆုံး ၈ ပြဲတြင္ ၂ ပြဲတည္းသာ အႏိုင္ရရွိထားၿပီး ေျခစြမ္းဆိုး႐ြားကာ
ဖိအားမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။ ဒါေၾကာင့္လည္းမန္ယူပရိသတ္မ်ားရဲ႕
ဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္ေရးေတာင္းဆိုမႈကအသံပိုမိုက်ယ္ေလာင္လာေနပါတယ္။
မန္ယူဟာယေန႔ညမွာအိုးထရက္ဖို႔ဒ္ကြင္းမွာအတၱလႏၲာကိုဧည့္ခံကစားရပါမယ္။
မန္ယူဟာအိုးထရက္ဖို႔ဒ္ႏွစ္ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနတဲ့အသင္းလည္းျဖစ္ပါတယ္။
BonusCodeBets ရဲ႕စူပါကြန္ပ်ဴတာကမန္ယူဟာအတၱလႏၲာကို
အႏိုင္ရဖို႔ ၅၅ ရာခိုင္ႏႈန္းတည္းသာရွိေၾကာင္းဆိုသြားပါတယ္။
ဒါ့အျပင္ စူပါကြန္ပ်ဴတာက မန္ယူဟာ လာမယ့္ပြဲ ၉ ပြဲတြင္ ၃ ပြဲတည္းသာ
အႏိုင္ရမယ္လို႔ဆိုသြားပါတယ္။ ယင္း၉ပြဲမွာႏိုင္ပြဲ၃ပြဲတြင္ ယေန႔အတၱလႏၲာကို
အႏိုင္ရတဲ့ပြဲလည္းပါဝင္ပါမယ္။ မန္ယူဟာယေန႔ညအတၱလႏၲာႏွင့္ပြဲၿပီးလွ်င္
ပြဲၾကပ္မ်ားအျဖစ္လီဗာပူး၊စပါးစ္တို႔ႏွင့္ပရီးမီးယားလိဂ္မွာ
ဆက္တိုက္ရင္ဆိုင္ရပါမယ္။ ယင္းေနာက္၎တို႔ဟာအတၱလႏၲာကိုအေဝးကြင္းသို႔
သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီး မန္စီးတီး၊ ဝက္ဖို႔ဒ္၊ ဗီလာရီးရဲလ္၊
ခ်ဲလ္ဆီး၊ အာဆင္နယ္တို႔ႏွင့္ ရင္ဆိုင္ရပါမယ္။
စူပါကြန္ပ်ဴတာက ဆိုးလ္ရွားရဲ႕မန္ယူအသင္းဟာ ယခုအပတ္အကုန္မွ
ာရင္ဆိုင္ရမယ့္လီဗာပူးႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္မွာအႏိုင္ရာခိုင္ႏႈန္း
၃၃ ရာခိုင္ႏႈန္းသာရွိေၾကာင္းခန႔္မွန္းထားသလိုမန္စီးတီးႏွင့္ပြဲတြင္
အႏိုင္ရရွိရန္၄၂ရာခိုင္ႏႈန္းသာရွိေၾကာင္းဆိုထားပါတယ္။