ယူနိုက်တက်တို့က ပစ်မှတ်ထားတဲ့ လူးဝစ်ဇ်ဒီယက်ဇ်ကို လီဗာပူးလ်အသင်းက လက်ဦးမှုရယူနိုင်လိုက်ပြီဖြစ်

လီဗာပူးလ်အသင်းဟာ ပေါ်တိုအသင်းက

ကိုလံဘီယာလက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမားလူးဝစ်ဒီယက်ဇ်ကို

ယူရိုသန်း(၆၀)နဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူးဝစ်ဒီယက်ဇ်ဟာ

ဒီရာသီမှာ ပေါ်တိုအသင်းအတွက်ခြေစွမ်းပြကစားနေသူဖြစ်ပြီး

ပြိုင်ပွဲစုံ(၂၈)ပွဲကစား၊ (၁၆)ဂိုးသွင်းယူထားသလို သူ့ကိုခေါ်ယူဖို့

စပါး၊ မန်ချက်စတာယူနိုက်တက်တို့က ပစ်မှတ်ထားခဲ့ပေမယ့်

အခုအချိန်မှာတော့ လီဗာပူးလ်အသင်းက လက်ဦးမှုရယူနိုင်လိုက်ပြီဖြစ်ပါတယ်။

လီဗာပူးလ်နဲ့လူးဝစ်ဒီယက်ဇ်တို့ရဲ့ အပြောင်းအရွှေ့သတင်းတွေကို

နာမည်ကျော်ဂျာနယ်လစ်ဖြစ်တဲ့ ဖာဘရစ်ဇီယိုရိုမာနိုက အတည်ပြုခဲ့ပြီး

လီဗာပူးလ်ဂျာစီဝတ်ထားတဲ့ လူးဝစ်ဒီယက်ဇ်ပုံနဲ့အတူ

လီဗာပူးလ်နဲ့ပေါ်တိုတို့ဟာ လူးဝစ်ဒီယက်ဇ်အတွက်

ပြောင်းရွှေ့ကြေးယူရိုသန်း(၄၀)၊ ခြေစွမ်းနဲ့အောင်မြင်မှုအပေါ်လိုက်ပြီးတော့

Add ons ကြေးအဖြစ် ယူရိုသန်း(၂၀)ပေးချေဖို့ သဘောတူညီမှုရခဲ့တယ်လို့

သူ့ Twitter မှာ Post တင်ခဲ့ပါတယ်။ လူးဝစ်ဒီယက်ဇ်ဟာ

ကိုလံဘီယာအသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ

ပါဝင်ကစားနေပြီး,ပြီးခဲ့တဲ့စနေနေ့က အာဂျင်တီးနားနိုင်ငံမှာ

ဆေးစစ်မှုခံယူခဲ့တယ်လို့ သတင်းထွက်နေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ လူးဝစ်ဒီယက်ဇ်အတွက်

ယူရိုသန်း(၆၀)(ပေါင် ၄၉သန်း)အထိ အသုံးစရိတ်ကုန်ကျမှာဖြစ်လို့

အဲဒီငွေကြေးတွေကို ပြန်လည်ကာမိစေဖို့အတွက် မီနာမီနို၊

အော်ရီဂီ၊ ဖိလစ်တို့ကို အငှားဒါမှမဟုတ်

အပြီးသတ်ရောင်းချသွားဖို့စီစဉ်နေပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နှစ်၊ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ

သွင်းဂိုးအများဆုံးရွှေဖိနပ်ဆုကို မက်ဆီနဲ့အတူပူးတွဲရယူနိုင်ခဲ့ကတည်းက

လူးဝစ်ဒီယက်ဇ်ကို စောင့်ကြည့်ခဲ့တာဖြစ်ပြီး

အခုအချိန်မှာတော့ သူတို့လိုချင်တဲ့ကစားသမားကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်သလို

လူးဝစ်ဒီယက်ဇ်နဲ့ ၂၀၂၇ ခုနှစ်အထိစာချုပ်ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္တို႔က ပစ္မွတ္ထားတဲ့ လူးဝစ္ဇ္ဒီယက္ဇ္ကို လီဗာပူးလ္အသင္းက လက္ဦးမႈရယူႏိုင္လိုက္ၿပီျဖစ္

လီဗာပူးလ္အသင္းဟာ ေပၚတိုအသင္းက

ကိုလံဘီယာလက္ေ႐ြးစင္ေတာင္ပံတိုက္စစ္ကစားသမားလူးဝစ္ဒီယက္ဇ္ကို

ယူ႐ိုသန္း(၆၀)နဲ႔ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ၿပီျဖစ္ပါတယ္။

အသက္(၂၅)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လူးဝစ္ဒီယက္ဇ္ဟာ

ဒီရာသီမွာ ေပၚတိုအသင္းအတြက္ေျခစြမ္းျပကစားေနသူျဖစ္ၿပီး

ၿပိဳင္ပြဲစုံ(၂၈)ပြဲကစား၊ (၁၆)ဂိုးသြင္းယူထားသလို သူ႔ကိုေခၚယူဖို႔

စပါး၊ မန္ခ်က္စတာယူႏိုက္တက္တို႔က ပစ္မွတ္ထားခဲ့ေပမယ့္

အခုအခ်ိန္မွာေတာ့ လီဗာပူးလ္အသင္းက လက္ဦးမႈရယူႏိုင္လိုက္ၿပီျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔လူးဝစ္ဒီယက္ဇ္တို႔ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြကို

နာမည္ေက်ာ္ဂ်ာနယ္လစ္ျဖစ္တဲ့ ဖာဘရစ္ဇီယို႐ိုမာႏိုက အတည္ျပဳခဲ့ၿပီး

လီဗာပူးလ္ဂ်ာစီဝတ္ထားတဲ့ လူးဝစ္ဒီယက္ဇ္ပုံနဲ႔အတူ

လီဗာပူးလ္နဲ႔ေပၚတိုတို႔ဟာ လူးဝစ္ဒီယက္ဇ္အတြက္

ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း(၄၀)၊ ေျခစြမ္းနဲ႔ေအာင္ျမင္မႈအေပၚလိုက္ၿပီးေတာ့

Add ons ေၾကးအျဖစ္ ယူ႐ိုသန္း(၂၀)ေပးေခ်ဖို႔ သေဘာတူညီမႈရခဲ့တယ္လို႔

သူ႔ Twitter မွာ Post တင္ခဲ့ပါတယ္။ လူးဝစ္ဒီယက္ဇ္ဟာ

ကိုလံဘီယာအသင္းနဲ႔အတူ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲေတြမွာ

ပါဝင္ကစားေနၿပီး,ၿပီးခဲ့တဲ့စေနေန႔က အာဂ်င္တီးနားႏိုင္ငံမွာ

ေဆးစစ္မႈခံယူခဲ့တယ္လို႔ သတင္းထြက္ေနပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ လူးဝစ္ဒီယက္ဇ္အတြက္

ယူ႐ိုသန္း(၆၀)(ေပါင္ ၄၉သန္း)အထိ အသုံးစရိတ္ကုန္က်မွာျဖစ္လို႔

အဲဒီေငြေၾကးေတြကို ျပန္လည္ကာမိေစဖို႔အတြက္ မီနာမီႏို၊

ေအာ္ရီဂီ၊ ဖိလစ္တို႔ကို အငွားဒါမွမဟုတ္

အၿပီးသတ္ေရာင္းခ်သြားဖို႔စီစဥ္ေနၿပီျဖစ္ပါတယ္။

လီဗာပူးလ္အသင္းဟာ ၿပီးခဲ့တဲ့ႏွစ္၊ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ

သြင္းဂိုးအမ်ားဆုံးေ႐ႊဖိနပ္ဆုကို မက္ဆီနဲ႔အတူပူးတြဲရယူႏိုင္ခဲ့ကတည္းက

လူးဝစ္ဒီယက္ဇ္ကို ေစာင့္ၾကည့္ခဲ့တာျဖစ္ၿပီး

အခုအခ်ိန္မွာေတာ့ သူတို႔လိုခ်င္တဲ့ကစားသမားကိုေခၚယူႏိုင္ခဲ့ၿပီျဖစ္သလို

လူးဝစ္ဒီယက္ဇ္နဲ႔ ၂၀၂၇ ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ပါတယ္။