ယူနိုက်တက်ဂန္ထဝင် ဆရာကြီးတွေကို တစ်ခါတည်း သတိပေးထားတဲ့ တန်ဟတ်

ယူနိုက်တက်အသင်းနည်းပြအဖြစ် တာဝန်ယူတဲ့အခါ

ဝေဖန်ရေးဆရာကြီးတွေရဲ့ ဘယ်လိုဝေဖန်မှုမျိုးကမှ
သူ့ကို တုန်လှုပ်ချောက်ချား ဖြုံစေမှာမဟုတ်ဘူးလို့
အဲရစ်တန်ဟတ်က အခိုင်အမာပြောပါတယ်။
နယ်သာလန်နိုင်ငံသား တန်ဟတ်ဟာ ယခုရာသီအကုန်မှာ
ယာယီနည်းပြ ရန်းနစ်ရဲ့နေရာမှာ ယူနိုက်တက်ရဲ့

အမြဲတမ်းနည်းပြအဖြစ် အစားထိုးတာဝန်ယူမှာဖြစ်ပြီး
အသင်းကို ထိပ်တန်းအသင်းကြီးအဖြစ် ပြန်လည်
ရပ်တည်နိုင်စေဖို့အတွက် ဦးဆောင်ကြိုးစားရမှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၆နေရာမှာ
ရပ်တည်နေပြီး ရာသီပိတ်ပွဲစဉ်မှာ ပဲလေ့စ်ကို

အရေးနိမ့်ခဲ့ရင်လည်း ယူရိုပါကွန်းဖရန့်လိဂ်
ဆင်းကစားရနိုင်တဲ့အထိ အခြေအနေဆိုးသွားနိုင်ပါတယ်။
ဝက်စ်ဟမ်းက အဆင့် ၇နေရာမှာ ရပ်တည်နေပြီး
ဘရိုက်တန်နဲ့ အိမ်ကွင်းပွဲကစားရမှာဖြစ်ကာ
ယူနိုက်တက်သာ ရလဒ်မကောင်းရင် ဝက်စ်ဟမ်းက

ယူရိုပါလိဂ်ဝင်ခွင့် ရသွားနိုင်ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီ လိဂ် ၃၇ပွဲမှာ ၁၆ပွဲပဲ
အနိုင်ရထားပြီး ယူနိုက်တက်ဂန္ထဝင်ကြီးတွေအနက်
ဝေဖန်ရေးဆရာကြီး ဂယ်ရီနဗီးလ်က အသင်းရဲ့
စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ အများဆုံးဝေဖန်နေသလို

ပေါလ်စခိုးလ်နဲ့ ရီယိုဖာဒီနန်တို့ကလည်း မကြာခဏဝေဖန်လေ့ရှိပါတယ်။
ဒီလိုမှတ်ချက်၊ ဝေဖန်မှုတွေက အသင်းရဲ့အဝတ်လဲခန်းထဲမှာ
အကျိုးသက်ရောက်မှုရှိလာနိုင်လားဆိုတဲ့မေးခွန်းအပေါ်
တန်ဟတ်က မိမိအနေနဲ့ အနုတ်လက္ခဏာဆောင်တဲ့
အရာမှန်သမျှကို ယူဆောင်လာမှာမဟုတ်ဘူးလို့ ပြောပါတယ်။

”အဲဒီလိုမှတ်ချက်တွေ၊ ဝေဖန်မှုတွေက အကျိုးသက်ရောက်မှုရှိပါတယ်။
ဒါပေမဲ့ အဲဒီအရာတွေက အသင်းရဲ့အဝတ်လဲခန်းမှာ
အသင်းသားတွေကို ဘယ်တော့မှ လွှမ်းမိုးသွားတာမျိုး မဖြစ်သင့်ပါဘူး။
ဝေဖန်မှုတွေက ယူနိုက်တက်မှာ ပိုမိုပြင်းထန်ပုံပါပဲ။
ဒါကလည်း အသင်းက အေဂျက်စ်ထက်စာရင် ပရိသတ်အင်အား

ပိုတောင့်သလို အင်္ဂလန်ရော ပရီးမီးယားလိဂ်ရော အားလုံးက
ဒီမှာ(နယ်သာလန်)ထက် အများကြီးပိုပါတယ်။
ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီဝေဖန်မှုတွေကို
ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ ပိုပိုပြီး သိလာပါတယ်”လို့
တန်ဟတ်က ပြောပါတယ်။

ယူနိုက်တက်ဟာ လာမယ့်နွေရာသီအတွင်း အပြောင်းအလဲ
ကြီးကြီးမားမား လုပ်ဖွယ်ရှိနေပြီး မာတာ၊ ပေါ့ဂ်ဘာနဲ့
လင်ဂတ်တို့က ဇွန်လအကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်း
ကုန်ဆုံးတော့မှာဖြစ်ရာ တန်ဟတ်အနေနဲ့ ကွင်းလယ်ပိုင်းကို
အဓိကထားပြင်ဆင်ရဖွယ်ရှိနေပါတယ်။

Zawgyi

ယူႏုိက္တက္ဂႏၳ၀င္ ဆရာႀကီးေတြကို တစ္ခါတည္း သတိေပးထားတဲ့ တန္ဟတ္
ယူႏုိက္တက္အသင္းနည္းျပအျဖစ္ တာ၀န္ယူတဲ့အခါ

ေ၀ဖန္ေရးဆရာႀကီးေတြရဲ႕ ဘယ္လိုေ၀ဖန္မႈမ်ိဳးကမွ
သူ႕ကို တုန္လႈပ္ေခ်ာက္ခ်ား ၿဖံဳေစမွာမဟုတ္ဘူးလုိ႔
အဲရစ္တန္ဟတ္က အခုိင္အမာေျပာပါတယ္။
နယ္သာလန္ႏိုင္ငံသား တန္ဟတ္ဟာ ယခုရာသီအကုန္မွာ
ယာယီနည္းျပ ရန္းနစ္ရဲ႕ေနရာမွာ ယူႏုိက္တက္ရဲ႕

အၿမဲတမ္းနည္းျပအျဖစ္ အစားထိုးတာ၀န္ယူမွာျဖစ္ၿပီး
အသင္းကို ထိပ္တန္းအသင္းႀကီးအျဖစ္ ျပန္လည္
ရပ္တည္ႏိုင္ေစဖုိ႔အတြက္ ဦးေဆာင္ႀကိဳးစားရမွာျဖစ္ပါတယ္။
ယူႏုိက္တက္ဟာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၆ေနရာမွာ
ရပ္တည္ေနၿပီး ရာသီပိတ္ပြဲစဥ္မွာ ပဲေလ့စ္ကို

အေရးနိမ့္ခဲ့ရင္လည္း ယူရိုပါကြန္းဖရန္႔လိဂ္
ဆင္းကစားရႏိုင္တဲ့အထိ အေျခအေနဆိုးသြားႏိုင္ပါတယ္။
၀က္စ္ဟမ္းက အဆင့္ ၇ေနရာမွာ ရပ္တည္ေနၿပီး
ဘရိုက္တန္နဲ႔ အိမ္ကြင္းပြဲကစားရမွာျဖစ္ကာ
ယူႏုိက္တက္သာ ရလဒ္မေကာင္းရင္ ၀က္စ္ဟမ္းက

ယူရိုပါလိဂ္၀င္ခြင့္ ရသြားႏိုင္ပါတယ္။
ယူႏုိက္တက္ဟာ ယခုရာသီ လိဂ္ ၃၇ပြဲမွာ ၁၆ပြဲပဲ
အႏိုင္ရထားၿပီး ယူႏုိက္တက္ဂႏၳ၀င္ႀကီးေတြအနက္
ေ၀ဖန္ေရးဆရာႀကီး ဂယ္ရီနဗီးလ္က အသင္းရဲ႕
စြမ္းေဆာင္ရည္နဲ႔ပတ္သက္လို႔ အမ်ားဆုံးေ၀ဖန္ေနသလုိ

ေပါလ္စခုိးလ္နဲ႔ ရီယိုဖာဒီနန္တုိ႔ကလည္း မၾကာခဏေ၀ဖန္ေလ့ရွိပါတယ္။
ဒီလိုမွတ္ခ်က္၊ ေ၀ဖန္မႈေတြက အသင္းရဲ႕အ၀တ္လဲခန္းထဲမွာ
အက်ိဳးသက္ေရာက္မႈရွိလာႏိုင္လားဆုိတဲ့ေမးခြန္းအေပၚ
တန္ဟတ္က မိမိအေနနဲ႔ အႏုတ္လကၡဏာေဆာင္တဲ့
အရာမွန္သမွ်ကို ယူေဆာင္လာမွာမဟုတ္ဘူးလုိ႔ ေျပာပါတယ္။

”အဲဒီလိုမွတ္ခ်က္ေတြ၊ ေ၀ဖန္မႈေတြက အက်ိဳးသက္ေရာက္မႈရွိပါတယ္။
ဒါေပမဲ့ အဲဒီအရာေတြက အသင္းရဲ႕အ၀တ္လဲခန္းမွာ
အသင္းသားေတြကို ဘယ္ေတာ့မွ လႊမ္းမိုးသြားတာမ်ိဳး မျဖစ္သင့္ပါဘူး။
ေ၀ဖန္မႈေတြက ယူႏုိက္တက္မွာ ပိုမိုျပင္းထန္ပုံပါပဲ။
ဒါကလည္း အသင္းက ေအဂ်က္စ္ထက္စာရင္ ပရိသတ္အင္အား

ပိုေတာင့္သလုိ အဂၤလန္ေရာ ပရီးမီးယားလိဂ္ေရာ အားလုံးက
ဒီမွာ(နယ္သာလန္)ထက္ အမ်ားႀကီးပုိပါတယ္။
ဒါေပမဲ့ ကၽြန္ေတာ္ကေတာ့ အဲဒီေ၀ဖန္မႈေတြကို
ဘယ္လိုကုိင္တြယ္ရမလဲဆုိတာ ပိုပိုၿပီး သိလာပါတယ္”လို႔
တန္ဟတ္က ေျပာပါတယ္။

ယူႏုိက္တက္ဟာ လာမယ့္ေႏြရာသီအတြင္း အေျပာင္းအလဲ
ႀကီးႀကီးမားမား လုပ္ဖြယ္ရွိေနၿပီး မာတာ၊ ေပါ့ဂ္ဘာနဲ႔
လင္ဂတ္တုိ႔က ဇြန္လအကုန္မွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္း
ကုန္ဆုံးေတာ့မွာျဖစ္ရာ တန္ဟတ္အေနနဲ႔ ကြင္းလယ္ပိုင္းကုိ
အဓိကထားျပင္ဆင္ရဖြယ္ရွိေနပါတယ္။