ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး ရွန်နီကို သမိုင်းမှတ်တမ်းထဲ အနောက်ပို့လိုက်တဲ့ ဟယ်ရီကိန်း

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဘရိုက်တန်ကို ဝ-၂ဂိုးနဲ့

အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက် အဆုံးသတ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်
ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဝေးဂိုးသွင်းဂိုးအများဆုံး
ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပြီဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ်ရှိ အင်္ဂလန်အသင်းခေါင်းဆောင်
ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်အဝေးကွင်း ၁၃၄ပွဲမှာ

၉၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူး
ရွန်နီ(၉၄ဂိုး)ကို ကျော်ဖြတ်ကာ စံချိန်သစ်တင်နိုင်ခဲ့တာပါ။
ဒါ့အပြင် ဟယ်ရီကိန်းဟာ ဒုတိယနေရာက
ရွန်နီထက် ၁၀၄ ပွဲ လျော့ကစားအပြီး ရွန်နီရဲ့မှတ်တမ်းကို
ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး ယခုရာသီပရီးမီးယားလိဂ်မှာ

၁၂ဂိုးရှိနေပြီဖြစ်ရာ ရော်နယ်ဒို၊ ဂျိုတာ၊ မာနေးတို့နဲ့အတူ
ဂိုးသွင်းအများဆုံးကစားသမားဆုအတွက် စာရင်းမှာ
ထိပ်ဆုံးကနေ ဦးဆောင်နေသူ လီဗာပူးတိုက်စစ်မှူး
ဆလာရဲ့နောက် ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။
တတိယနေရာမှာ ရပ်တည်နေတဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း

အလန်ရှီးယားကလည်း ၂၁၉ပွဲမှာ ၈၇ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး
ချဲလ်ဆီးနဲ့ အင်္ဂလန်ဂန္ထဝင်ကွင်းလယ်လူ လမ်းပတ်က
၃၀၅ ပွဲမှာ ၈၅ဂိုး၊ ယူနိုက်တက်တိုက်စစ်မှူးဟောင်း
အန်ဒီကိုးလ်က ၂၀၆ပွဲမှာ ၈၃ဂိုးစီနဲ အစဉ်အတိုင်းရပ်တည်နေပါတယ်။
ဒ့ါအပြင် ဟယ်ရီကိန်းဟာ ထူးခြားချက်တစ်ခုအဖြစ်

စပါးအတွက် ပြိုင်ပွဲစုံ ၂၄၃ ဂိုးသွင်းယူပြီးချိန်မှာ
အိမ်ကွင်း၊ အဝေးကွင်းသွင်းဂိုးက ၁၂၁ ဂိုးစီနဲ့
တူညီနေတာဖြစ်ပြီး ကြားကွင်းမှာ တစ်ဂိုးသွင်းယူထားပါတယ်။
ဟယ်ရီကိန်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်
သွင်းဂိုးအများဆုံးစာရင်မှာလည်း လမ်းပတ်ကို

ကျော်ဖြတ်ကာ ၁၇၈ ဂိုးနဲ့ ပဉ္စမနေရာ ရောက်လာပြီး
အဆင့် ၄ နေရာက အဂွဲရိုးကို ကျော်ဖြတ်ဖို့ ၇ဂိုးပဲ
လိုအပ်သလို ၉ဂိုးသွင်းနိုင်ရင် အန်ဒီကိုးလ်ရဲ့
၁၈၇ ဂိုးစံချိန်ကို လိုက်မီနိုင်မှာဖြစ်ပါတယ်။
သူဟာ အဲဒီလိုပရီးမီးယားလိဂ်မှာ စံချိန်သစ်

ရေးထိုးနိုင်ခဲ့ပြီးနောက် ကိုလာကိုလာဘူးကို
အားရပါးရ မြေမကျကန်လိုက်တာက
လူမှုမီဒီယာမှာ အတော်လေးလူကြိုက်များနေပါတယ်။
စပါးအသင်းလည်း အရေးကြီးနိုင်ပွဲ ရယူနိုင်ခဲ့ပြီး
ဘရိုက်တန်ကို ဂိုးပြတ်အနိုင်ရခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်

မျှော်လင့်ချက် ရှင်သန်လာပါတယ်။

Zawgyi

ယူႏိုက္တက္ဂႏၳ၀င္တုိက္စစ္မွဴး ရြန္နီကို သမုိင္းမွတ္တမ္းထဲ အေနာက္ပို႔လုိက္တဲ့ ဟယ္ရီကိန္း

စပါးအသင္းတုိက္စစ္မွဴး ဟယ္ရီကိန္းဟာ ဘရိုက္တန္ကို ၀-၂ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ပြဲမွာ အသင္းအတြက္ အဆုံးသတ္ဂိုးသြင္းယူႏုိင္ခဲ့ၿပီးေနာက္
ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ အေ၀းဂိုးသြင္းဂိုးအမ်ားဆုံး
ကစားသမားအျဖစ္ စံခ်ိန္သစ္တင္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္အရြယ္ရွိ အဂၤလန္အသင္းေခါင္းေဆာင္

ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္အေ၀းကြင္း ၁၃၄ပဲြမွာ
၉၅ ဂိုးအထိ သြင္းယူႏုိင္ခဲ့တာျဖစ္ၿပီး ယူႏုိက္တက္ဂႏၳ၀င္တုိက္စစ္မွဴး
ရြန္နီ(၉၄ဂိုး)ကို ေက်ာ္ျဖတ္ကာ စံခ်ိန္သစ္တင္ႏိုင္ခဲ့တာပါ။
ဒါ့အျပင္ ဟယ္ရီကိန္းဟာ ဒုတိယေနရာက
ရြန္နီထက္ ၁၀၄ ပြဲ ေလ်ာ့ကစားအၿပီး ရြန္နီရဲ႕မွတ္တမ္းကို

ခ်ိဳးဖ်က္ႏိုင္ခဲ့တာျဖစ္ၿပီး ယခုရာသီပရီးမီးယားလိဂ္မွာ
၁၂ဂိုးရွိေနၿပီျဖစ္ရာ ေရာ္နယ္ဒို၊ ဂ်ိဳတာ၊ မာေနးတုိ႔နဲ႔အတူ
ဂုိးသြင္းအမ်ားဆုံးကစားသမားဆုအတြက္ စာရင္းမွာ
ထိပ္ဆုံးကေန ဦးေဆာင္ေနသူ လီဗာပူးတုိက္စစ္မွဴး
ဆလာရဲ႕ေနာက္ ဒုတိယေနရာမွာ ပူးတြဲရပ္တည္ေနပါတယ္။

တတိယေနရာမွာ ရပ္တည္ေနတ့ဲ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း
အလန္ရွီးယားကလည္း ၂၁၉ပြဲမွာ ၈၇ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး
ခ်ဲလ္ဆီးနဲ႔ အဂၤလန္ဂႏၳ၀င္ကြင္းလယ္လူ လမ္းပတ္က
၃၀၅ ပြဲမွာ ၈၅ဂိုး၊ ယူႏုိက္တက္တုိက္စစ္မွဴးေဟာင္း
အန္ဒီကိုးလ္က ၂၀၆ပြဲမွာ ၈၃ဂိုးစီနဲ အစဥ္အတုိင္းရပ္တည္ေနပါတယ္။

ဒ့ါအျပင္ ဟယ္ရီကိန္းဟာ ထူးျခားခ်က္တစ္ခုအျဖစ္
စပါးအတြက္ ၿပိဳင္ပြဲစုံ ၂၄၃ ဂိုးသြင္းယူၿပီးခ်ိန္မွာ
အိမ္ကြင္း၊ အေ၀းကြင္းသြင္းဂိုးက ၁၂၁ ဂိုးစီနဲ႔
တူညီေနတာျဖစ္ၿပီး ၾကားကြင္းမွာ တစ္ဂိုးသြင္းယူထားပါတယ္။
ဟယ္ရီကိန္းဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္

သြင္းဂုိးအမ်ားဆုံးစာရင္မွာလည္း လမ္းပတ္ကို
ေက်ာ္ျဖတ္ကာ ၁၇၈ ဂိုးနဲ႔ ပၪၥမေနရာ ေရာက္လာၿပီး
အဆင့္ ၄ ေနရာက အဂြဲရိုးကို ေက်ာ္ျဖတ္ဖုိ႔ ၇ဂိုးပဲ
လိုအပ္သလုိ ၉ဂိုးသြင္းႏုိင္ရင္ အန္ဒီကိုးလ္ရဲ႕
၁၈၇ ဂိုးစံခ်ိန္ကို လုိက္မီႏိုင္မွာျဖစ္ပါတယ္။

သူဟာ အဲဒီလုိပရီးမီးယားလိဂ္မွာ စံခ်ိန္သစ္
ေရးထိုးႏိုင္ခဲ့ၿပီးေနာက္ ကိုလာကုိလာဘူးကို
အားရပါးရ ေျမမက်ကန္လုိက္တာက
လူမႈမီဒီယာမွာ အေတာ္ေလးလူႀကိဳက္မ်ားေနပါတယ္။
စပါးအသင္းလည္း အေရးႀကီးႏိုင္ပြဲ ရယူႏုိင္ခဲ့ၿပီး

ဘရိုက္တန္ကို ဂိုးျပတ္အႏိုင္ရခဲ့လုိ႔ ခ်န္ပီယံလိဂ္၀င္ခြင့္
ေမွ်ာ္လင့္ခ်က္ ရွင္သန္လာပါတယ္။