ယူနိုက်တက်က အဓိက ကစားသမားမပါပဲ အက်သလက်တီကို ကိုယှဥ်ပြိုင်ရဖွယ်ရှိနေ

ဘရူနို ဖာနန်ဒက်စ်ဟာ Covid-19 ကူးစက်ခံခဲ့ရပြီးနောက် လာမယ့် အင်္ဂါနေ့ ၊

အိုးထရတ်ဖို့ဒ်မှာ အက်သလက်တီကို မက်ဒရစ်နဲ့ ယှဥ်ပြိုင်ရမယ့် ချန်ပီယံလိဂ်

( ၁၆ ) သင်းအဆင့် ဒုတိယအကျော့ပွဲစဥ်တွင် ပါဝင်နိုင်ခြင်း ရှိ ၊ မရှိ နောက်ဆုံးမိနစ်ထိ

စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ( ၉ ) ဂိုးရယူထားပြီး ယူနိုက်တက်ရဲ့

ဒုတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားဖြစ်နေပါတယ်။

အသက် ( ၂၇ ) နှစ်အရွယ် ကွင်းလယ်လူဟာပထမအကျော့ ( ၁-၁ ) သရေကျခဲ့တဲ့

အက်သလက်တီကို ကို ပြန်လည်ရင်ဆိုင်ရမယ့် ပွဲစဥ်မှာပါဝင်နိုင်ဖို့ မသေချာသေးချိန်

စကော့ မက်တွမ်မီနေး နှင့် လုခ်ရှောတို့ကလည်းကိုယ်စီ ဒဏ်ရာပြဿနာရင်ဆိုင်နေရပါတယ်

။ကြားဖြတ်နည်းပြက ဖာနန်ဒက်စ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး “ ကျွန်တော်

မသိသေးပါဘူး။”လို့ ဆိုခဲ့ပါတယ်။

“ စကော့ကတော့ ပေါင်ကြွက်သား ဒဏ်ရာရခဲ့တဲ့အတွက် ပြန်ပါနိုင်မယ်လို့မျှော်လင့်ပါတယ်။

ဒါကြောင့်လည်း စပါးနဲ့ပွဲမှာ သူ့ကို အသုံးမပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ဖရက်လိုပဲ

စကော့ဟာလည်း ( ၁၀၀ )ရာခိုင်နှုန်း ကြံ့ခိုင်မှုပြည့်ဝမှ ခြေစွမ်းပြနိုင်တဲ့သူပါ။”

“ လုခ်က‌ေတာ့ တနင်္လာနေ့ လေ့ကျင့်ရေးအစီအစဥ်မှာ ပြန်ပါလာနိုင်မယ်လို့

မျှော်လင့်ရပါတယ်။ဘရူနိုကတော့ အင်္ဂါနေ့ထိ စောင့်ကြည့်ရပါမယ်။

ကိုဗစ်ကြောင့် သူ့ကို ပွဲမစခင် နောက်ဆုံးမိနစ်ထိ စောင့်ကြည့်ရနိုင်ပါတယ်။”

Zawgyi

ဘ႐ူႏို ဖာနန္ဒက္စ္ဟာ Covid-19 ကူးစက္ခံခဲ့ရၿပီးေနာက္ လာမယ့္ အဂၤါေန႔ ၊

အိုးထရတ္ဖို႔ဒ္မွာ အက္သလက္တီကို မက္ဒရစ္နဲ႔ ယွဥ္ၿပိဳင္ရမယ့္ ခ်န္ပီယံလိဂ္

( ၁၆ ) သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္တြင္ ပါဝင္ႏိုင္ျခင္း ရွိ ၊ မရွိ ေနာက္ဆုံးမိနစ္ထိ

ေစာင့္ၾကည့္သြားရဖို႔ရွိေနပါတယ္။

ဖာနန္ဒက္စ္ဟာ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ( ၉ ) ဂိုးရယူထားၿပီး ယူႏိုက္တက္ရဲ႕

ဒုတိယေျမာက္သြင္းဂိုးအမ်ားဆုံး ကစားသမားျဖစ္ေနပါတယ္။

အသက္ ( ၂၇ ) ႏွစ္အ႐ြယ္ ကြင္းလယ္လူဟာပထမအေက်ာ့ ( ၁-၁ ) သေရက်ခဲ့တဲ့

အက္သလက္တီကို ကို ျပန္လည္ရင္ဆိုင္ရမယ့္ ပြဲစဥ္မွာပါဝင္ႏိုင္ဖို႔ မေသခ်ာေသးခ်ိန္

စေကာ့ မက္တြမ္မီေနး ႏွင့္ လုခ္ေရွာတို႔ကလည္းကိုယ္စီ ဒဏ္ရာျပႆနာရင္ဆိုင္ေနရပါတယ္

။ၾကားျဖတ္နည္းျပက ဖာနန္ဒက္စ္ရဲ႕ အေျခအေနနဲ႔ ပတ္သက္ၿပီး “ ကြၽန္ေတာ္

မသိေသးပါဘူး။”လို႔ ဆိုခဲ့ပါတယ္။

“ စေကာ့ကေတာ့ ေပါင္ႂကြက္သား ဒဏ္ရာရခဲ့တဲ့အတြက္ ျပန္ပါႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။

ဒါေၾကာင့္လည္း စပါးနဲ႔ပြဲမွာ သူ႔ကို အသုံးမျပဳဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ဖရက္လိုပဲ

စေကာ့ဟာလည္း ( ၁၀၀ )ရာခိုင္ႏႈန္း ႀကံ့ခိုင္မႈျပည့္ဝမွ ေျခစြမ္းျပႏိုင္တဲ့သူပါ။”

“ လုခ္က‌ေတာ့ တနလၤာေန႔ ေလ့က်င့္ေရးအစီအစဥ္မွာ ျပန္ပါလာႏိုင္မယ္လို႔

ေမွ်ာ္လင့္ရပါတယ္။ဘ႐ူႏိုကေတာ့ အဂၤါေန႔ထိ ေစာင့္ၾကည့္ရပါမယ္။

ကိုဗစ္ေၾကာင့္ သူ႔ကို ပြဲမစခင္ ေနာက္ဆုံးမိနစ္ထိ ေစာင့္ၾကည့္ရႏိုင္ပါတယ္။”