ယူနိုက်တက်က သောက်တလွဲ

မကြာသေးခင် ရက်ပိုင်းက မန်ယူနဲ့ပတ်သက်ပြီး ပရိသတ်တစ်ယောက်ရဲ့

မေးခွန်းကို စီရော်နယ်ဒိုရဲ့သား ဖြေခဲ့တာက ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

၁၁ နှစ်ခရစ္စတီယာနိုဂျူနီယာဟာ သူ့ဖခင်လိုပဲ မန်ယူနဲ့စာချုပ်လက်မှတ်ရေးထိုးခဲ့သူပါ။

ဒါပေမဲ့ ဒီရာသီ အနိမ့်အမြင့်အတက်အကျတွေများတဲ့ ယူနိုက်တက်ကို

လောလောဆယ် အရမ်းကြီးအထင်တကြီးမရှိပါဘူး။

သူနဲ့ရွယ်တူပရိသတ်တစ်ယောက်က ဖုန်းနဲ့ဗီဒီယိုရိုက်ရင်း အသင်းရဲ့official အားကစားဝတ်စုံ

ဝတ်ဆင်ထားတဲ့ ခရစ္စတီယာနိုဂျူနီယာကို ယူနိုက်တက်ဟာ သောက်တလွဲလားလို့

မေးတာကို Yeah လို့ ပြန်ဖြေခဲ့တာပါ။ ပထမတော့ အဲဒီပရိသတ်ကောင်လေးက

”မန်ယူမှာ အဆင်ပြေနေတာလား”လို့ မေးတာကို Yeah လို့ ပြန်ဖြေခဲ့ပါတယ်။

အဲဒီနောက်မှ ယူနိုက်တက်ဟာ သောက်တလွဲလားလို့ အမေးခံခဲ့ရကာ Yeah လို့ပဲ

ထပ်ဖြေခဲ့တာပါ။ ကြည့်ရတာ ခရစ္စတီယာနိုဂျူနီယာဟာ အားနာပါးနာနဲ့သာ

ပြန်ဖြေလိုက်ပေမယ့် သူအမေးခံရတဲ့မေးခွန်းကို သေချာမသိဘူး ထင်ပါတယ်။

စီရော်နယ်ဒိုရဲ့သားကြီးသြရသဖြစ်တဲ့ ဂျူနီယာဟာ ရီးရဲလ်နဲ့ဂျူဗင်တပ်တု့ိမှာလည်း

လူငယ်အသင်းတွေမှာ ကစားခဲ့ဖူးပါတယ်။

အဖေဖြစ်သူက အိုးလ်ထရက်ဖို့ဒ်ကို ပြန်ရောက်လာတော့လည်း မန်ယူလူငယ်အသင်းမှာ

ကစားနေတာပါ။ အခုတော့ သူဟာ မန်ယူလူငယ်အသင်းရဲ့ official ကစားသမားတစ်ယောက်ဖြစ်သွားပါပြီ။

သူကစားခဲ့တဲ့လူငယ်အသင်းတွေမှာလည်း ဂိုးသွင်းခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။

Zawgyi

ယူႏိုက္တက္က ေသာက္တလြဲ

မၾကာေသးခင္ ရက္ပိုင္းက မန္ယူနဲ႔ပတ္သက္ၿပီး ပရိသတ္တစ္ေယာက္ရဲ႕

ေမးခြန္းကို စီေရာ္နယ္ဒိုရဲ႕သား ေျဖခဲ့တာက ဆိုရွယ္မီဒီယာေပၚမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။

၁၁ ႏွစ္ခရစၥတီယာႏိုဂ်ဴနီယာဟာ သူ႔ဖခင္လိုပဲ မန္ယူနဲ႔စာခ်ဳပ္လက္မွတ္ေရးထိုးခဲ့သူပါ။

ဒါေပမဲ့ ဒီရာသီ အနိမ့္အျမင့္အတက္အက်ေတြမ်ားတဲ့ ယူႏိုက္တက္ကို

ေလာေလာဆယ္ အရမ္းႀကီးအထင္တႀကီးမရွိပါဘူး။

သူနဲ႔႐ြယ္တူပရိသတ္တစ္ေယာက္က ဖုန္းနဲ႔ဗီဒီယို႐ိုက္ရင္း အသင္းရဲ႕official အားကစားဝတ္စုံ

ဝတ္ဆင္ထားတဲ့ ခရစၥတီယာႏိုဂ်ဴနီယာကို ယူႏိုက္တက္ဟာ ေသာက္တလြဲလားလို႔

ေမးတာကို Yeah လို႔ ျပန္ေျဖခဲ့တာပါ။ ပထမေတာ့ အဲဒီပရိသတ္ေကာင္ေလးက

”မန္ယူမွာ အဆင္ေျပေနတာလား”လို႔ ေမးတာကို Yeah လို႔ ျပန္ေျဖခဲ့ပါတယ္။

အဲဒီေနာက္မွ ယူႏိုက္တက္ဟာ ေသာက္တလြဲလားလို႔ အေမးခံခဲ့ရကာ Yeah လို႔ပဲ

ထပ္ေျဖခဲ့တာပါ။ ၾကည့္ရတာ ခရစၥတီယာႏိုဂ်ဴနီယာဟာ အားနာပါးနာနဲ႔သာ

ျပန္ေျဖလိုက္ေပမယ့္ သူအေမးခံရတဲ့ေမးခြန္းကို ေသခ်ာမသိဘူး ထင္ပါတယ္။

စီေရာ္နယ္ဒိုရဲ႕သားႀကီးၾသရသျဖစ္တဲ့ ဂ်ဴနီယာဟာ ရီးရဲလ္နဲ႔ဂ်ဴဗင္တပ္တု႔ိမွာလည္း

လူငယ္အသင္းေတြမွာ ကစားခဲ့ဖူးပါတယ္။

အေဖျဖစ္သူက အိုးလ္ထရက္ဖို႔ဒ္ကို ျပန္ေရာက္လာေတာ့လည္း မန္ယူလူငယ္အသင္းမွာ

ကစားေနတာပါ။ အခုေတာ့ သူဟာ မန္ယူလူငယ္အသင္းရဲ႕ official ကစားသမားတစ္ေယာက္ျဖစ္သြားပါၿပီ။

သူကစားခဲ့တဲ့လူငယ္အသင္းေတြမွာလည္း ဂိုးသြင္းေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။