ယူနိုက်တက်က စိတ်ဝင်စားလို့ ဝမ်းသာဂုဏ်ယူမိတယ်လို့ ဒီယွန်း ဝန်ခံ

ဝေးလ်ကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့

နေးရှင်းလိဂ်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့
နယ်သာလန်ကွင်းလယ်လူ
ဖရန်ကီဒီယွန်းက ယူနိုက်တက်အသင်းရဲ့
စိတ်ဝင်စားမှုကြောင့် မိမိအနေနဲ့
ဝမ်းသာဂုဏ်ယူမိတယ်လို့ ဝန်ခံပါတယ်။

ယူနိုက်တက်နည်းပြသစ် တန်ဟတ်ဟာ
ဘာစီလိုနာကြယ်ပွင့် ဒီယွန်းကို
အသင်းရဲ့အဓိကပစ်မှတ်အဖြစ်
ခေါ်ယူဖို့ ကြိုးစားနေပြီး
အေဂျက်စ်မှာ တာဝန်ယူခဲ့စဉ်က

ဒီယွန်းဟာ တန်ဟတ်ရဲ့
အဓိကကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်း သူ့ကို
ခေါ်ယူဖို့ ကြိုးစားနေမှုနဲ့
ပတ်သက်လု့ိ ဒီယွန်းက

”ကလပ်အသင်းတစ်သင်းက
ကိုယ့်ကို ခေါ်ယူဖို့ စိတ်ဝင်စားရင်
ခင်ဗျားလည်း ဝမ်းသာ
ဂုဏ်ယူမိမှာပဲလေ။
ဒါပေမဲ့ ကျွန်တော်ဟာ

ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတစ်သင်းမှာ
ကစားနေတာဖြစ်ပြီး အဲဒီမှာလည်း
ကစားရတာ အေးဆေးပါပဲ။
ဒီတော့ ကျွန်တော့်ရဲ့
အပြောင်းအရွှေ့သတင်းနဲ့

ပတ်သက်လို့ အခုချိန်မှာ
ပြောစရာ သတင်းသစ်မရှိသေးပါဘူး”လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းက
ဒီယွန်းရဲ့တန်ဖိုးကို
ပေါင်သန်း ၇၀ သတ်မှတ်ထားပြီး

ကွင်းလယ်လူတွေအနက်
အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်
သတ်မှတ်ခံထားရပါတယ်။
အစောပိုင်းက ထွက်ပေါ်ခဲ့တဲ့
သတင်းတွေရဲ့ဖော်ပြချက်အရ

ယူနိုက်တက်ဟာ ဒိန်းမတ်
ကွင်းလယ်လူ အဲရစ်ဆင်ကို
အလွတ်ပြောင်းရွှေ့ကြေးနဲ့
ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်
ဒီယွန်းကို ခေါ်ဖို့လည်း

ဆက်လက်ကြိုးစားနေဆဲ
ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်
တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့
လိုအပ်နေပြီး ကွင်းလယ်တိုက်စစ်

သမားတွေဖြစ်တဲ့ မာတာ၊
လင်ဂတ်နဲ့ ပေါ့ဂ်ဘာတို့အားလုံး
ထွက်ခွာသွားလို့ အဲရစ်ဆင်ကို
ခေါ်ယူချင်နေတာပါ။
ဒီယွန်းဟာ ဘာစီလိုနာကို

မပြောင်းရွှေ့ခင် အေဂျက်စ်မှာ
တန်ဟတ်ရဲ့လက်အောက်
ကစားခဲ့ဖူးပြီး ၂၀၁၉ ခုနှစ်က
ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အထိ
တက်ရောက်နိုင်ခဲ့ပါတယ်။

Zawgyi

ယူႏုိက္တက္က စိတ္၀င္စားလုိ႔ ၀မ္းသာဂုဏ္ယူမိတယ္လုိ႔ ဒီယြန္း ၀န္ခံ
ေ၀းလ္ကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ့တဲ့

ေနးရွင္းလိဂ္ပြဲမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့
နယ္သာလန္ကြင္းလယ္လူ
ဖရန္ကီဒီယြန္းက ယူနုိက္တက္အသင္းရဲ႕
စိတ္၀င္စားမႈေၾကာင့္ မိမိအေနနဲ႔
၀မ္းသာဂုဏ္ယူမိတယ္လုိ႔ ၀န္ခံပါတယ္။

ယူႏုိက္တက္နည္းျပသစ္ တန္ဟတ္ဟာ
ဘာစီလုိနာၾကယ္ပြင့္ ဒီယြန္းကို
အသင္းရဲ႕အဓိကပစ္မွတ္အျဖစ္
ေခၚယူဖုိ႔ ႀကိဳးစားေနၿပီး
ေအဂ်က္စ္မွာ တာ၀န္ယူခဲ့စဥ္က

ဒီယြန္းဟာ တန္ဟတ္ရဲ႕
အဓိကကစားသမားတစ္ဦးျဖစ္ခဲ့ပါတယ္။
ယူႏုိက္တက္အသင္း သူ႕ကို
ေခၚယူဖုိ႔ ႀကိဳးစားေနမႈနဲ႔
ပတ္သက္လု႔ိ ဒီယြန္းက

”ကလပ္အသင္းတစ္သင္းက
ကုိယ့္ကို ေခၚယူဖို႔ စိတ္၀င္စားရင္
ခင္ဗ်ားလည္း ၀မ္းသာ
ဂုဏ္ယူမိမွာပဲေလ။
ဒါေပမဲ့ ကၽြန္ေတာ္ဟာ

ကမၻာ့အေကာင္းဆုံးကလပ္အသင္းတစ္သင္းမွာ
ကစားေနတာျဖစ္ၿပီး အဲဒီမွာလည္း
ကစားရတာ ေအးေဆးပါပဲ။
ဒီေတာ့ ကၽြန္ေတာ့္ရဲ႕
အေျပာင္းအေရႊ႕သတင္းနဲ႔

ပတ္သက္လုိ႔ အခုခ်ိန္မွာ
ေျပာစရာ သတင္းသစ္မရွိေသးပါဘူး”လုိ႔ ေျပာပါတယ္။
ဘာစီလုိနာအသင္းက
ဒီယြန္းရဲ႕တန္ဖိုးကို
ေပါင္သန္း ၇၀ သတ္မွတ္ထားၿပီး

ကြင္းလယ္လူေတြအနက္
အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္
သတ္မွတ္ခံထားရပါတယ္။
အေစာပိုင္းက ထြက္ေပၚခဲ့တဲ့
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ

ယူႏုိက္တက္ဟာ ဒိန္းမတ္
ကြင္းလယ္လူ အဲရစ္ဆင္ကို
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔
ေခၚယူဖို႔ စိတ္၀င္စားေနေပမယ့္
ဒီယြန္းကို ေခၚဖို႔လည္း

ဆက္လက္ႀကိဳးစားေနဆဲ
ျဖစ္ေၾကာင္း သိရပါတယ္။
ယူႏုိက္တက္ဟာ ကြင္းလယ္
တုိက္စစ္ပိုင္းကို အင္အားျဖည့္တင္းဖုိ႔
လိုအပ္ေနၿပီး ကြင္းလယ္တိုက္စစ္

သမားေတြျဖစ္တဲ့ မာတာ၊
လင္ဂတ္နဲ႔ ေပါ့ဂ္ဘာတုိ႔အားလုံး
ထြက္ခြာသြားလုိ႔ အဲရစ္ဆင္ကို
ေခၚယူခ်င္ေနတာပါ။
ဒီယြန္းဟာ ဘာစီလုိနာကို

မေျပာင္းေရႊ႕ခင္ ေအဂ်က္စ္မွာ
တန္ဟတ္ရဲ႕လက္ေအာက္
ကစားခဲ့ဖူးၿပီး ၂၀၁၉ ခုႏွစ္က
ခ်န္ပီယံလိဂ္ဆီမီးဖို္င္နယ္အထိ
တက္ေရာက္ႏိုင္ခဲ့ပါတယ္။