ယူနိုက်တက်က စပါးကို ထပ်မံအနိုင်ယူခွင့်ရမယ့် နည်းစနစ်ပိုင်းအပြောင်းအလဲ

မန်ချက်စတာ ယူနိုက်တက်ရဲ့ ယခုအပတ် တော့တင်ဟမ်နဲ့ ပွဲစဥ်က

အဆင့် ( ၄ ) နေရာအတွက် အရေးကြီးနေပါတယ်။

အာဆင်နယ်က စတုတ္ထနေရာမှာ အထိုင်ကျနေပြီး ယူနိုက်တက်အနေနဲ့

လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ပရီးမီးယားလိဂ်အဆင့်သတ်မှတ်ချက်မှ

တစ်ဆင့် ဝင်ခွင့်ရလိုတယ်ဆိုရင် နောက်ထပ် အမှတ်လျော့လို့ မဖြစ်တော့ပါဘူး ။

( ၄-၁ ) ရလာဒ်နဲ့ အရှက်တကွဲအရေးနိမ့်ခဲ့ပြီးနောက်

အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့မတိုင်မီ

လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ လိုအပ်နေပါတယ်။

ဒါကြောင့် ယူနိုက်တက်က ခံစစ် ( ၃ ) ယောက်တန်းကို ပြောင်းလဲအသုံးပြုခြင်းဟာ

အန်တိုနီယို ကွန်တေရဲ့ အသင်းကို အနိုင်ယူရာမှာ

ဘာကြောင့် အဓိက ကျလာနိုင်တယ်ဆိုတာ သုံးသပ်တင်ပြပေးလိုက်ပါတယ်။

( ၁ ) ရန်းညစ်ခ်ရဲ့ သ‌ဘောထား ။

ရာဖ် ရန်းညစ်ခ်က ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း သူ့မှာ လုံလောက်တဲ့

ဗဟိုခံစစ်ကစားသမားတွေရှိမယ်ဆိုရင် ခံစစ် ( ၃ ) ယောက်တန်းကို

ပြောင်းလဲအသုံးပြုဖို့ စဥ်းစားနေတယ်လို့ ဆိုထားပါတယ်။

ဂျာမာန်နည်းပြက ဇန်နဝါရီလအတွင်း ဝုဗ်နဲ့ ပွဲစဥ်မှာ အသင်းရဲ့ ပုံစံကို

ပြောင်းလဲခဲ့ပြီးနောက် “ အင်္ဂလန်မှာ အသင်းအများစုက

ကိုယ်ပိုင်စနစ်ရှိပြီး ဒါကိုပဲ စွဲကိုင်ထားကြပါတယ်။”လို့ ဆိုခဲ့ပါတယ်။

“ ဒါပေမယ့် ခံစစ် ( ၃ ) ယောက်နေ ( ၄ ) ယောက် ၊ခံစစ် ( ၄ ) ယောက်ကနေ

( ၃ ) ယောက် ပြောင်းလဲအသုံးပြုတဲ့ အသင်းတွေလည်း ရှိပါတယ်။”

“ ဥပမာအနေနဲ့ ဘိုင်ယန်မြူးနစ် ၊ ဒါမှမဟုတ် ပြီးခဲ့တဲ့ရာသီ ဂျူလီယန် နာဂျယ်စ်မန်း

လက်အောက်က အာဘီလိုက်ဇစ်ကိုပဲ ကြည့်မလား ၊

ခံစစ်ကစားချိန်မှာ back fourကို သုံးပေမယ့် asymmetric back three ကိုလည်း

ပြောင်းလဲအသုံးပြုခဲ့တာတွေ တွေ့ရပါတယ်။”

ရာဖာ ဗာရန်းက လေ့ကျင့်ရေးအစီအစဥ်တွေ ပြန်လည် ပြုလုပ်နေပြီဖြစ်တဲ့အတွက်

ရန်းညစ်အနေနဲ့ ပြင်သစ်လပ်ရွေးစင် ၊ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွဲယား နှင့်

ဗစ်တာ လင်ဒီလော့တို့ကို ဗဟိုခံစစ်တွေအဖြစ်သုံးနိုင်ပါတယ်။

( ၂ ) အသင်းသားတွေရဲ့ သဘောထား ။

ပြီးခဲ့တဲ့ ဖောဖော်ဝါရီလအတွင်း ယူနိုက်တက်ကစားသမားတွေက

အက်ဒီဆင် ကာဗာနီ နှင့့် ခရစ္စတီယာနုိ ရော်နယ်ဒိုတို့အတွဲကို

မြင်တွေ့နိုင်မယ့် ( ၃-၅-၂ ) ကို ပေြာင်းလဲအသုံးပြုဖို့ ဆန္ဒရှိနေတယ်လို့

သတင်းတွေထွက်ပေါ်လာပါသေးတယ်။

လက်ရှိမှာ အန်သိုနီ အီလန်ဂါ ၊ ဂျေဒန် ဆန်ချိုတို့ ခြေစွမ်းပြနေသလို

ကာဗာနီကလည်း ကစားနိုင်ဖို့မရှိတာကြောင့် ( ၃-၄-၃ ) ပုံစံကိုပဲ

ဒီအပတ် အသုံးပြုသင့်ပါတယ်။ ဒါက အန်တိုနီယုိ ကွန်တေရဲ့

အသင်း ကစားပုံနဲ့ ထပ်တူကျနိုင်ပါတယ်။

( ၃ ) အောက်တိုဘာမှာ အလုပ်ဖြစ်ခဲ့ ။

ယူနိုက်တက်က လီဗာပူးလ်ကို အရှက်တကွဲ အရေးနိမ့်ပြီးနောက်

စပါးနဲ့ ပထမအကျော့ ယှဥ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

အိုလေ ဂန်းနား ဆိုးရှားက နူနို အက်စဟ်ပီရီတို ဆန်းတို့စ်ရဲ့ ကစားကွက်ကို

တုန့်ပြန်နိုင်ဖို့ ခံစစ်သုံ‌းယောက်တန်းကို အသုံးပြုခဲ့ပါတယ်။

( ၃-၀ ) ရလာဒ်နဲ့ အနိုင်ရခဲ့ပြီး ရန်းညစ်ခ်ကလည်း အလားတူပုံစံ

အကောင်အထည် ဖော်လာနိုင်ပါတယ်။

လက်ရှိ စပါးက ကွန်တေ လက်အောက်မှာ ပြောင်းလဲနေပြီဆိုပေမယ့်

ခံစစ် ( ၃ )ယောက်တန်း နှင့် ဝင်းဘက် (wing-back) စနစ်ကို အသုံးပြုနေဆဲဖြစ်ပါတယ်။

zawgyi

ယူႏိုက္တက္က စပါးကို ထပ္မံအႏိုင္ယူခြင့္ရမယ့္ နည္းစနစ္ပိုင္းအေျပာင္းအလဲ

မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ ယခုအပတ္ ေတာ့တင္ဟမ္နဲ႔ ပြဲစဥ္က

အဆင့္ ( ၄ ) ေနရာအတြက္ အေရးႀကီးေနပါတယ္။

အာဆင္နယ္က စတုတၳေနရာမွာ အထိုင္က်ေနၿပီး ယူႏိုက္တက္အေနနဲ႔

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ကို ပရီးမီးယားလိဂ္အဆင့္သတ္မွတ္ခ်က္မွ

တစ္ဆင့္ ဝင္ခြင့္ရလိုတယ္ဆိုရင္ ေနာက္ထပ္ အမွတ္ေလ်ာ့လို႔ မျဖစ္ေတာ့ပါဘူး ။

( ၄-၁ ) ရလာဒ္နဲ႔ အရွက္တကြဲအေရးနိမ့္ခဲ့ၿပီးေနာက္

အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့မတိုင္မီ

လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ လိုအပ္ေနပါတယ္။

ဒါေၾကာင့္ ယူႏိုက္တက္က ခံစစ္ ( ၃ ) ေယာက္တန္းကို ေျပာင္းလဲအသုံးျပဳျခင္းဟာ

အန္တိုနီယို ကြန္ေတရဲ႕ အသင္းကို အႏိုင္ယူရာမွာ

ဘာေၾကာင့္ အဓိက က်လာႏိုင္တယ္ဆိုတာ သုံးသပ္တင္ျပေပးလိုက္ပါတယ္။

( ၁ ) ရန္းညစ္ခ္ရဲ႕ သ‌ေဘာထား ။

ရာဖ္ ရန္းညစ္ခ္က ၿပီးခဲ့တဲ့ ဇန္နဝါရီလအတြင္း သူ႔မွာ လုံေလာက္တဲ့

ဗဟိုခံစစ္ကစားသမားေတြရွိမယ္ဆိုရင္ ခံစစ္ ( ၃ ) ေယာက္တန္းကို

ေျပာင္းလဲအသုံးျပဳဖို႔ စဥ္းစားေနတယ္လို႔ ဆိုထားပါတယ္။

ဂ်ာမာန္နည္းျပက ဇန္နဝါရီလအတြင္း ဝုဗ္နဲ႔ ပြဲစဥ္မွာ အသင္းရဲ႕ ပုံစံကို

ေျပာင္းလဲခဲ့ၿပီးေနာက္ “ အဂၤလန္မွာ အသင္းအမ်ားစုက

ကိုယ္ပိုင္စနစ္ရွိၿပီး ဒါကိုပဲ စြဲကိုင္ထားၾကပါတယ္။”လို႔ ဆိုခဲ့ပါတယ္။

“ ဒါေပမယ့္ ခံစစ္ ( ၃ ) ေယာက္ေန ( ၄ ) ေယာက္ ၊ခံစစ္ ( ၄ ) ေယာက္ကေန

( ၃ ) ေယာက္ ေျပာင္းလဲအသုံးျပဳတဲ့ အသင္းေတြလည္း ရွိပါတယ္။”

“ ဥပမာအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ ၊ ဒါမွမဟုတ္ ၿပီးခဲ့တဲ့ရာသီ ဂ်ဴလီယန္ နာဂ်ယ္စ္မန္း

လက္ေအာက္က အာဘီလိုက္ဇစ္ကိုပဲ ၾကည့္မလား ၊

ခံစစ္ကစားခ်ိန္မွာ back fourကို သုံးေပမယ့္ asymmetric back three ကိုလည္း

ေျပာင္းလဲအသုံးျပဳခဲ့တာေတြ ေတြ႕ရပါတယ္။”

ရာဖာ ဗာရန္းက ေလ့က်င့္ေရးအစီအစဥ္ေတြ ျပန္လည္ ျပဳလုပ္ေနၿပီျဖစ္တဲ့အတြက္

ရန္းညစ္အေနနဲ႔ ျပင္သစ္လပ္ေ႐ြးစင္ ၊ အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြဲယား ႏွင့္

ဗစ္တာ လင္ဒီေလာ့တို႔ကို ဗဟိုခံစစ္ေတြအျဖစ္သုံးႏိုင္ပါတယ္။

( ၂ ) အသင္းသားေတြရဲ႕ သေဘာထား ။

ၿပီးခဲ့တဲ့ ေဖာေဖာ္ဝါရီလအတြင္း ယူႏိုက္တက္ကစားသမားေတြက

အက္ဒီဆင္ ကာဗာနီ ႏွင့့္ ခရစၥတီယာႏုိ ေရာ္နယ္ဒိုတို႔အတြဲကို

ျမင္ေတြ႕ႏိုင္မယ့္ ( ၃-၅-၂ ) ကို ေျပာင္းလဲအသုံးျပဳဖို႔ ဆႏၵရွိေနတယ္လို႔

သတင္းေတြထြက္ေပၚလာပါေသးတယ္။

လက္ရွိမွာ အန္သိုနီ အီလန္ဂါ ၊ ေဂ်ဒန္ ဆန္ခ်ိဳတို႔ ေျခစြမ္းျပေနသလို

ကာဗာနီကလည္း ကစားႏိုင္ဖို႔မရွိတာေၾကာင့္ ( ၃-၄-၃ ) ပုံစံကိုပဲ

ဒီအပတ္ အသုံးျပဳသင့္ပါတယ္။ ဒါက အန္တိုနီယုိ ကြန္ေတရဲ႕

အသင္း ကစားပုံနဲ႔ ထပ္တူက်ႏိုင္ပါတယ္။

( ၃ ) ေအာက္တိုဘာမွာ အလုပ္ျဖစ္ခဲ့ ။

ယူႏိုက္တက္က လီဗာပူးလ္ကို အရွက္တကြဲ အေရးနိမ့္ၿပီးေနာက္

စပါးနဲ႔ ပထမအေက်ာ့ ယွဥ္ၿပိဳင္ခဲ့ရတာျဖစ္ပါတယ္။

အိုေလ ဂန္းနား ဆိုးရွားက ႏူႏို အက္စဟ္ပီရီတို ဆန္းတို႔စ္ရဲ႕ ကစားကြက္ကို

တုန႔္ျပန္ႏိုင္ဖို႔ ခံစစ္သုံ‌းေယာက္တန္းကို အသုံးျပဳခဲ့ပါတယ္။

( ၃-၀ ) ရလာဒ္နဲ႔ အႏိုင္ရခဲ့ၿပီး ရန္းညစ္ခ္ကလည္း အလားတူပုံစံ

အေကာင္အထည္ ေဖာ္လာႏိုင္ပါတယ္။

လက္ရွိ စပါးက ကြန္ေတ လက္ေအာက္မွာ ေျပာင္းလဲေနၿပီဆိုေပမယ့္

ခံစစ္ ( ၃ )ေယာက္တန္း ႏွင့္ ဝင္းဘက္ (wing-back) စနစ္ကို အသုံးျပဳေနဆဲျဖစ္ပါတယ္။