
ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ
အေဂျက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကတော့
သူဟာ တစ်နေ့မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ
လာရောက် ကစားချင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။
အန်တိုနီက “ကျွန်တော်က အေဂျက်မှာ ရှိနေရတဲ့ အတွက် ပျော်ရွှင်ပါတယ်။
ဒါပေမယ့် တစ်ချိန်ကျရင် ကျွန်တော်က ကစားသမား ဘဝ
နောက်တစ်ဆင့်ဆီ တက်လှမ်းရဦးမှာပါ။
ပရီးမီးယားလိဂ်နဲ့ လာလီဂါက အတော်လေးကို
ကောင်းမွန်တဲ့ လိဂ်တွေပဲ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ မှန်ကန်တဲ့ အချိန်တစ်ခု ရောက်ရင်
ကျွန်တော်က အဲဒီလိဂ်တွေမှာ ကစားချင်ပါတယ်။
ဘယ်နေရာမှာ ကစားဖြစ်မလဲ ဆိုတာကိုတော့
ဘုရားသခင်ကပဲ အတိအကျ သိပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။
အန်တိုနီဟာ ၂၀၂ဝခုနှစ်ကမှ ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကနေ
အေဂျက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး၊
ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၂၆ပွဲ
ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ
ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။
အန်တိုနီကို မန်စီးတီးနဲ့ အာဆင်နယ်အပါအဝင်
အသင်းအများစုကစောင့်ကြည့်နေပါတယ်။
အန်တိုနီက အေဂျက်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိကို
စာချုပ်သက်တမ်းရှည်ကြီး ကျန်ရှိထားသူဖြစ်ပါတယ်။
အန်တိုနီဟာ ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်ပြီး
လိုအပ်ရင် နောက်ချန် တိုက်စစ်မှူး အဖြစ်ပါ
ကစားနိုင်စွမ်း ရှိသူ တစ်ဦး ဖြစ်တာကြောင့်
လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို
အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ ယူနိုက်တက်က
သူ့ကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။
zawgyi
ယူႏိုက္တက္က ေခၚယူဖို႔ မ်က္စိက်ေနသလို သူကလည္း ပရီးမီးယားလိဂ္မွာ ကစားခ်င္တယ္ ဝန္ခံထားတဲ့အန္တိုနီ
ယူႏိုက္တက္ရဲ႕ ပစ္မွတ္ ကစားသမား ျဖစ္သူ
ေအဂ်က္ ေတာင္ပံတိုက္စစ္ ကစားသမား အန္တိုနီကေတာ့
သူဟာ တစ္ေန႔မွာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ
လာေရာက္ ကစားခ်င္ေၾကာင္း ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။
အန္တိုနီက “ကြၽန္ေတာ္က ေအဂ်က္မွာ ရွိေနရတဲ့ အတြက္ ေပ်ာ္႐ႊင္ပါတယ္။
ဒါေပမယ့္ တစ္ခ်ိန္က်ရင္ ကြၽန္ေတာ္က ကစားသမား ဘဝ
ေနာက္တစ္ဆင့္ဆီ တက္လွမ္းရဦးမွာပါ။
ပရီးမီးယားလိဂ္နဲ႔ လာလီဂါက အေတာ္ေလးကို
ေကာင္းမြန္တဲ့ လိဂ္ေတြပဲ ျဖစ္ပါတယ္။
ဒါေၾကာင့္ပဲ မွန္ကန္တဲ့ အခ်ိန္တစ္ခု ေရာက္ရင္
ကြၽန္ေတာ္က အဲဒီလိဂ္ေတြမွာ ကစားခ်င္ပါတယ္။
ဘယ္ေနရာမွာ ကစားျဖစ္မလဲ ဆိုတာကိုေတာ့
ဘုရားသခင္ကပဲ အတိအက် သိပါလိမ့္မယ္” လို႔ ေျပာၾကားခဲ့တာပါ။
အန္တိုနီဟာ ၂၀၂ဝခုႏွစ္ကမွ ဘရာဇီးကလပ္ ေဆာ္ေပၚလိုအသင္းကေန
ေအဂ်က္အသင္းဆီကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး၊
ယခုႏွစ္ ေဘာလုံးရာသီမွာ ေအဂ်က္အတြက္ ၿပိဳင္ပြဲစုံ ၂၆ပြဲ
ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၁ဂိုး သြင္းယူထားႏိုင္ကာ
ဂိုးဖန္တီးမႈ ၉ႀကိမ္ ျပဳလုပ္ထားႏိုင္ပါတယ္။
အန္တိုနီကို မန္စီးတီးနဲ႔ အာဆင္နယ္အပါအဝင္
အသင္းအမ်ားစုကေစာင့္ၾကည့္ေနပါတယ္။
အန္တိုနီက ေအဂ်က္အသင္းနဲ႔ ၂၀၂၅ခုႏွစ္အထိကို
စာခ်ဳပ္သက္တမ္းရွည္ႀကီး က်န္ရွိထားသူျဖစ္ပါတယ္။
အန္တိုနီဟာ ဘယ္ေတာင္ပံနဲ႔ ညာေတာင္ပံ ႏွစ္ေနရာစလုံးမွာ ကစားႏိုင္ၿပီး
လိုအပ္ရင္ ေနာက္ခ်န္ တိုက္စစ္မႉး အျဖစ္ပါ
ကစားႏိုင္စြမ္း ရွိသူ တစ္ဦး ျဖစ္တာေၾကာင့္
လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ တိုက္စစ္ပိုင္းကို
အင္အားျဖည့္တင္းဖို႔ စီစဥ္ေနတဲ့ ယူႏိုက္တက္က သူ႔ကို ေခၚယူဖို႔ မ်က္စိက်ေနတာပါ။