ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ နယူးကာဆယ်နဲ့ ဗီလာ အံ့အားသင့်ဖွယ်ကြိုးစားလာ

ပရီးမီးယာလိဂ်ကလပ်တွေဖြစ်တဲ့ အက်စတွန်ဗီလာနဲ့

နယူးကာဆယ်တို့ဟာ ပြည်တွင်းပြိုင်ဘက် ယူနိုက်တက်ကနေ
အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့
ကွင်းလယ်လူ ပေါ့ဂ်ဘာကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ်ကြိုးစားလာပါတယ်။
၂၀၁၆ နွေရာသီက ဂျူဗင်တပ်စ်ကနေ ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေး(ထိုစဉ်က) ပေါင် ၈၉သန်းနဲ့ ယူနိုက်တက်ကို

ပြန်ရောက်လာခဲ့တဲ့ ပေါ့ဂ်ဘာဟာ တစ်ကျော့ပြန်
ယူနိုက်တက်ကစားသမားဘဝနဲ့ပတ်သက်လို့
စိတ်ပျက်မိတယ်လို့ ဝန်ခံထားပြီး ယခုရာသီအကုန်မှာ
အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီမှာလည်း နောက်ထပ်

ဖလားလက်မဲ့ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီး ပေါ့ဂ်ဘာက
အသင်းရဲ့အခြေအနေနဲ့ပတ်သက်လို့ အားရကျေနပ်ခြင်း
မရှိဘူးလို့ ဝန်ခံထားပါတယ်။
ယခုအခါ The Sun သတင်းစာရဲ့ဖော်ပြချက်အရ
ရည်မှန်းချက်ကြီးမားတဲ့ ဗီလာနဲ့ နယူးကာဆယ်တို့ဟာ

ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ရေးအတွက် ယူနိုက်တက်မှာ
ရှိတဲ့ သူ့ရဲ့အနေအထားကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်တွေ ပိုင်ဆိုင်ပြီးနောက်
နယူးကာဆယ်ဟာ လာမယ့်နွေရာသီမှာ
ငေကြေး ဆက်လက်သုံးစွဲဖွယ်ရှိနေပြီး

ဗီလာကလည်း နည်းပြဂျရတ်ရဲ့လက်ထက်မှာ
ကစားသမားအင်အားဖြည့်တင်းမှု အများအပြားပြုလုပ်ထားပါတယ်။
”နောက်ဆုံး ၅ ရာသီက ကျွန်တော့်အတွက်တော့
အားရကျေနပ်စရာမရှိခဲ့ပါဘူး။ တကယ့်ကိုမရှိခဲ့တာပါ။
ဒီနှစ်ဆိုရင်လည်း ရာသီတောင်မကုန်သေးဘူး၊

မျှော်လင့်ချက်က မဲ့သွားပြီ”လို့ ပေ့ါဂ်ဘာက ပြောခဲ့ပါတယ်။

Zawgyi

ယူႏုိက္တက္ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူဖုိ႔ နယူးကာဆယ္နဲ႔ ဗီလာ အံ့အားသင့္ဖြယ္ႀကိဳးစားလာ

ပရီးမီးယာလိဂ္ကလပ္ေတြျဖစ္တဲ့ အက္စတြန္ဗီလာနဲ႔
နယူးကာဆယ္တုိ႔ဟာ ျပည္တြင္းၿပိဳင္ဘက္ ယူႏုိက္တက္ကေန
အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့
ကြင္းလယ္လူ ေပါ့ဂ္ဘာကို ေခၚယူဖုိ႔ အံ့အားသင့္ဖြယ္ႀကိဳးစားလာပါတယ္။
၂၀၁၆ ေႏြရာသီက ဂ်ဴဗင္တပ္စ္ကေန ကမၻာ့စံခ်ိန္တင္

ေျပာင္းေရႊ႕ေၾကး(ထုိစဥ္က) ေပါင္ ၈၉သန္းနဲ႔ ယူႏုိက္တက္ကို
ျပန္ေရာက္လာခဲ့တဲ့ ေပါ့ဂ္ဘာဟာ တစ္ေက်ာ့ျပန္
ယူႏုိက္တက္ကစားသမားဘ၀နဲ႔ပတ္သက္လုိ႔
စိတ္ပ်က္မိတယ္လို႔ ၀န္ခံထားၿပီး ယခုရာသီအကုန္မွာ
အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။

ယူႏုိက္တက္ဟာ ယခုရာသီမွာလည္း ေနာက္ထပ္
ဖလားလက္မဲ့ရာသီနဲ႔ ရင္ဆုိင္ခဲ့ရၿပီး ေပါ့ဂ္ဘာက
အသင္းရဲ႕အေျခအေနနဲ႔ပတ္သက္လုိ႔ အားရေက်နပ္ျခင္း
မရွိဘူးလို႔ ၀န္ခံထားပါတယ္။
ယခုအခါ The Sun သတင္းစာရဲ႕ေဖာ္ျပခ်က္အရ

ရည္မွန္းခ်က္ႀကီးမားတဲ့ ဗီလာနဲ႔ နယူးကာဆယ္တို႔ဟာ
ေပါ့ဂ္ဘာကို ေခၚယူႏုိင္ေရးအတြက္ ယူႏိုက္တက္မွာ
ရွိတ့ဲ သူ႕ရဲ႕အေနအထားကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လုိ႔ သိရပါတယ္။
ေဆာ္ဒီစီးပြားေရးလုပ္ငန္းရွင္ေတြ ပိုင္ဆုိင္ၿပီးေနာက္
နယူးကာဆယ္ဟာ လာမယ့္ေႏြရာသီမွာ

ေငေၾကး ဆက္လက္သုံးစဲြဖြယ္ရွိေနၿပီး
ဗီလာကလည္း နည္းျပဂ်ရတ္ရဲ႕လက္ထက္မွာ
ကစားသမားအင္အားျဖည့္တင္းမႈ အမ်ားအျပားျပဳလုပ္ထားပါတယ္။
”ေနာက္ဆုံး ၅ ရာသီက ကၽြန္ေတာ့္အတြက္ေတာ့
အားရေက်နပ္စရာမရွိခဲ့ပါဘူး။ တကယ့္ကိုမရွိခဲ့တာပါ။

ဒီႏွစ္ဆုိရင္လည္း ရာသီေတာင္မကုန္ေသးဘူး၊
ေမွ်ာ္လင့္ခ်က္က မဲ့သြားၿပီ”လုိ႔ ေပ့ါဂ္ဘာက ေျပာခဲ့ပါတယ္။