
မော်ရင်ဟိုဟာ ပရီမီးယားလိဂ်မှာ ချယ်လ်ဆီးနဲ့အတူ
အောင်မြင်မှုမှတ်တိုင်တွေစိုက်ထူနိုင်ခဲ့သလို ယူနိုက်တက်မှာလည်း
ဖာဂူဆန်နောက်ပိုင်း အအောင်မြင်ဆုံး နည်းပြတယောက်ဖြစ်ခဲ့တဲ့အထိ
စွမ်းဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။
စပါးအသင်းကိုနည်းပြချိန်မှာတော့ အသင်းပိုင်ရှင် လီဗိုင်းနဲ့
အဆင်မပြေတော့တဲ့ အခြေအနေတွေကြောင့်
အသင်းကထုတ်ပယ်တာကိုခံခဲ့ရပြီး ချက်ချင်းဆိုသလို
ရိုးမားအသင်းဆီပြောင်းရွှေ့နည်းပြခဲ့သူလည်းဖြစ်ပါတယ်။
ပရီမီးယားလိဂ် အသင်း (၃)သင်းကို ကိုင်တွယ်ခဲ့ဘူးတဲ့
မော်ရင်ဟိုကို ရိုးမားရဲ့ သတင်းစာရှင်းလင်းပွဲမှာ လစ်လပ်နေတဲ့
အဲဗာတန်နည်းပြရာထူးနဲ့ပတ်သက်ပြီးမေးလာချိန်မှာတော့
မော်ရင်ဟိုက ပြတ်ပြတ်သားသားပဲ ငြင်းဆန်သွားခဲ့ပါတယ်။
ဒီငြင်းဆန်မှုမှာလည်း မော်ရင်ဟိုရဲ့ စကားလုံးတွေဟာ
သတင်းမီဒီယာလောကမှာတော့ ခေါင်းကြီးပိုင်း သတင်းတွေဖြစ်ခဲ့သလို
ယူနိုက်တက်ပရိသတ်တွေအတွက်လည်း မခံချင်စရာဖြစ်ခဲ့ရပါတယ်။
ရိုးမားရဲ့ သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက
“အဲဗာတန်ကို ကိုင်တွယ်ဖို့လား? အသုံးမကျတဲ့ပိုင်ရှင်တွေရှိတဲ့
အလယ်အလတ်အသင်းမျိုးကို နည်းပြချင်တယ်ဆိုရင်
ကျွန်တော် မန်ယူကိုပဲ ပြန်သွားလိုက်မှာပေါ့ ” လို့
တုံ့ပြန် ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ယူနိုက်တက်အတွက် ဆုဖလားတွေရယူပေးနိုင်ခဲ့တဲ့
နည်းပြတစ်ယောက်ဖြစ်ပေမယ့် အသင်းရဲ့ဂန္တဝင်တွေ၊
ပရိသတ်တွေနဲ့ တစ်သားတည်းမဖြစ်ခဲ့ပါဘူး။
မော်ရင်ဟိုရဲ့ ယူနိုက်တက်ကနေ ထုတ်ပယ်ခံရကာနီးမှာ
ကစားသမားတွေနဲ့ သူ့အကြား ဆက်ဆံရေးပြိုကွဲမှုတွေရှိခဲ့သလို
ဘုတ်အဖွဲ့နဲ့လည်း ဆက်ဆံမှုပိုင်း အဆင်မပြေဖြစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း မော်ရင်ဟိုက ယူနိုက်တက်ကို အခုအချိန်အထိ
စိတ်နာနေဆဲဆိုတာ သူ့ရဲ့အင်တာဗျူးအဖြေက
စကားတွေကိုကြည့်ရင်သိသာနေပါတယ်။
အဲဗာတန်ဟာ နော့ဝစ်ချ်ကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် (၂၄)နာရီအကြာမှာ
နည်းပြ ဘင်နီတက်ဇ်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး
လက်ရှိအချိန်မှာတော့ ဒန်ကန် ဖာဂူဆန်က ယာယီနည်းပြအဖြစ်
အသင်းကိုကိုင်တွယ်နေသလို ဘုတ်အဖွဲ့ကလည်း
နည်းပြသစ်ရနိုင်ဖို့ ရှာဖွေနေပါတယ်။ အဲဗာတန်ရဲ့ နည်းပြသစ် နေရာကို
အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ရွန်းနီ၊ အသင်းလက်မဲဖြစ်နေကြတဲ့
ဆိုလ်းရှားနဲ့ လမ်းပတ်တို့အပါအဝင်
ရိုးမားနည်းပြ မော်ရင်ဟိုရဲ့ နာမည်လည်း ထွက်ပေါ်နေပါတယ်။
မော်ရင်ဟိုအနေနဲ့ ပရီမီးယားလိဂ်ကလပ်အသင်းတွေကိုပြန်လည်ကိုင်တွယ်ဖို့
သတင်းထွက်ပေါ်မှုဟာ နယူးကာဆယ်နဲ့အပြီးမှာ
ဒုတိယအကြိမ် ထွက်ပေါ်လာမှုလည်းဖြစ်ပါတယ်။
ဒီသတင်းတွေကို မော်ရင်ဟိုက ပွင့်ပွင့်လင်းလင်း ငြင်းဆန်ထားသလို
ရိုးမားမှာသူ့ရဲ့ စီမံကိန်းတွေက မပြီးပြတ်သေးဘူးလို့ပြောကြားထားခဲ့ပါတယ်။
zawgyi
ယူႏိုက္တက္ကို အခုအခ်ိန္အထိ စိတ္နာေနဆဲ ေမာ္ရင္ဟို
ေမာ္ရင္ဟိုဟာ ပရီမီးယားလိဂ္မွာ ခ်ယ္လ္ဆီးနဲ႔အတူ
ေအာင္ျမင္မႈမွတ္တိုင္ေတြစိုက္ထူႏိုင္ခဲ့သလို ယူႏိုက္တက္မွာလည္း
ဖာဂူဆန္ေနာက္ပိုင္း အေအာင္ျမင္ဆုံး နည္းျပတေယာက္ျဖစ္ခဲ့တဲ့အထိ
စြမ္းေဆာင္ႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။
စပါးအသင္းကိုနည္းျပခ်ိန္မွာေတာ့ အသင္းပိုင္ရွင္ လီဗိုင္းနဲ႔
အဆင္မေျပေတာ့တဲ့ အေျခအေနေတြေၾကာင့္
အသင္းကထုတ္ပယ္တာကိုခံခဲ့ရၿပီး ခ်က္ခ်င္းဆိုသလို
႐ိုးမားအသင္းဆီေျပာင္းေ႐ႊ႕နည္းျပခဲ့သူလည္းျဖစ္ပါတယ္။
ပရီမီးယားလိဂ္ အသင္း (၃)သင္းကို ကိုင္တြယ္ခဲ့ဘူးတဲ့
ေမာ္ရင္ဟိုကို ႐ိုးမားရဲ႕ သတင္းစာရွင္းလင္းပြဲမွာ လစ္လပ္ေနတဲ့
အဲဗာတန္နည္းျပရာထူးနဲ႔ပတ္သက္ၿပီးေမးလာခ်ိန္မွာေတာ့
ေမာ္ရင္ဟိုက ျပတ္ျပတ္သားသားပဲ ျငင္းဆန္သြားခဲ့ပါတယ္။
ဒီျငင္းဆန္မႈမွာလည္း ေမာ္ရင္ဟိုရဲ႕ စကားလုံးေတြဟာ
သတင္းမီဒီယာေလာကမွာေတာ့ ေခါင္းႀကီးပိုင္း သတင္းေတြျဖစ္ခဲ့သလို
ယူႏိုက္တက္ပရိသတ္ေတြအတြက္လည္း မခံခ်င္စရာျဖစ္ခဲ့ရပါတယ္။
႐ိုးမားရဲ႕ သတင္းစာရွင္းလင္းပြဲမွာ ေမာ္ရင္ဟိုက
“အဲဗာတန္ကို ကိုင္တြယ္ဖို႔လား? အသုံးမက်တဲ့ပိုင္ရွင္ေတြရွိတဲ့
အလယ္အလတ္အသင္းမ်ိဳးကို နည္းျပခ်င္တယ္ဆိုရင္
ကြၽန္ေတာ္ မန္ယူကိုပဲ ျပန္သြားလိုက္မွာေပါ့ ” လို႔
တုံ႔ျပန္ ေျပာၾကားသြားခဲ့တာပဲျဖစ္ပါတယ္။
ေမာ္ရင္ဟိုဟာ ယူႏိုက္တက္အတြက္ ဆုဖလားေတြရယူေပးႏိုင္ခဲ့တဲ့
နည္းျပတစ္ေယာက္ျဖစ္ေပမယ့္ အသင္းရဲ႕ဂႏၲဝင္ေတြ၊
ပရိသတ္ေတြနဲ႔ တစ္သားတည္းမျဖစ္ခဲ့ပါဘူး။
ေမာ္ရင္ဟိုရဲ႕ ယူႏိုက္တက္ကေန ထုတ္ပယ္ခံရကာနီးမွာ
ကစားသမားေတြနဲ႔ သူ႔အၾကား ဆက္ဆံေရးၿပိဳကြဲမႈေတြရွိခဲ့သလို
ဘုတ္အဖြဲ႕နဲ႔လည္း ဆက္ဆံမႈပိုင္း အဆင္မေျပျဖစ္ခဲ့ပါတယ္။
ဒါေၾကာင့္လည္း ေမာ္ရင္ဟိုက ယူႏိုက္တက္ကို အခုအခ်ိန္အထိ
စိတ္နာေနဆဲဆိုတာ သူ႔ရဲ႕အင္တာဗ်ဴးအေျဖက
စကားေတြကိုၾကည့္ရင္သိသာေနပါတယ္။
အဲဗာတန္ဟာ ေနာ့ဝစ္ခ်္ကို ရႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ (၂၄)နာရီအၾကာမွာ
နည္းျပ ဘင္နီတက္ဇ္ကို ရာထူးက ထုတ္ပယ္ခဲ့ၿပီး
လက္ရွိအခ်ိန္မွာေတာ့ ဒန္ကန္ ဖာဂူဆန္က ယာယီနည္းျပအျဖစ္
အသင္းကိုကိုင္တြယ္ေနသလို ဘုတ္အဖြဲ႕ကလည္း
နည္းျပသစ္ရႏိုင္ဖို႔ ရွာေဖြေနပါတယ္။ အဲဗာတန္ရဲ႕ နည္းျပသစ္ ေနရာကို
အသင္းရဲ႕ ကစားသမားေဟာင္းျဖစ္တဲ့ ႐ြန္းနီ၊ အသင္းလက္မဲျဖစ္ေနၾကတဲ့
ဆိုလ္းရွားနဲ႔ လမ္းပတ္တို႔အပါအဝင္
႐ိုးမားနည္းျပ ေမာ္ရင္ဟိုရဲ႕ နာမည္လည္း ထြက္ေပၚေနပါတယ္။
ေမာ္ရင္ဟိုအေနနဲ႔ ပရီမီးယားလိဂ္ကလပ္အသင္းေတြကိုျပန္လည္ကိုင္တြယ္ဖို႔
သတင္းထြက္ေပၚမႈဟာ နယူးကာဆယ္နဲ႔အၿပီးမွာ
ဒုတိယအႀကိမ္ ထြက္ေပၚလာမႈလည္းျဖစ္ပါတယ္။
ဒီသတင္းေတြကို ေမာ္ရင္ဟိုက ပြင့္ပြင့္လင္းလင္း ျငင္းဆန္ထားသလို
႐ိုးမားမွာသူ႔ရဲ႕ စီမံကိန္းေတြက မၿပီးျပတ္ေသးဘူးလို႔ေျပာၾကားထားခဲ့ပါတယ္။