
ကမ္ဘာလုံးဆိုင်ရာ ဓာတုကုမ္ပဏီတစ်ခုဖြစ်တဲ့ INEOS အနေနဲ့





ယူနိုက်တက်အသင်းကိုဝယ်ယူဖို့အလျင်အမြန်လုပ်ဆောင်နေပြီလို့
ပိုင်ရှင်ဖြစ်တဲ့ ဂျင်ရက်ဖ်ကလစ်ဖ်က အတည်ပြုလိုက်ပါတယ်။





ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ ရက်ကလစ်ဖ်ဟာ ပြီးခဲ့တဲ့
နိုဝင်ဘာကတည်းက အရောင်းစာရင်းတင်ထားတဲ့ ယူနိုက်တက်ကို
ဝယ်ယူဖို့ကြိုးစားနေတာပဲဖြစ်တယ်။ Times သတင်းစာနဲ့





တွေ့ဆုံမှုမှာတော့ INEOS ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက
“ကျွန်တော်တို့ ဒီလုပ်ငန်းစဉ်တွေမှာ တရားဝင်အားစိုက်ထုတ်ထား





ပါတယ်” လို့ ဆိုထားပါတယ်။ အိုးလ်ထရက်ဖို့ဒ်ကလပ်ကို
၂၀၀၅ ခုနှစ်မှာ ဂလေဇာမိသားစုတွေစတင်ပိုင်ဆိုင်ခဲ့ပြီးနောက်
အမေရိကန်ပိုင်ရှင်တွေဟာ အသင်းအတွက်အငြင်းပွားဖွယ်ရာတွေ





ဖြစ်တယ်လို့ဝေဖန်မှုတွေရှိခဲ့တာဖြစ်တယ်။ ပရိသတ်တွေဟာ
ကွင်းပြင်ပမှာ ဂလေဇာတွေရဲ့ပိုင်ဆိုင်မှုကို ကန့်ကွက်ဆန္ဒပြမှုတွေ





မကြာခဏလုပ်ဆောင်လေ့ရှိကြတာပါ။ လွန်ခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့
ဂလေဇာတွေဘက်က အသင်းအတွက်ရင်းနှီးမြုပ်နှံလိုသူတွေရဲ့
အလားအလာကိုစောင့်ကြည့်နေတယ်လို့အတည်ပြုလိုက်ပါတယ်။





တနည်းအားဖြင့်တော့ ယူနိုက်တက်ရဲ့ပိုင်ဆိုင်မှုအလုံးစုံကို
ရောင်းချမယ်ဆိုတာနဲ့ပက်သတ်လို့ အမေရိကန်စီးပွားရေး





လုပ်ငန်းရှင်တွေဘက်က မငြင်းဆန်တော့တာဖြစ်တယ်။
သရဲနီတွေဟာ ဂန္တဝင်နည်းပြကြီးဖာဂူဆန်ရဲ့နောက်ဆုံးနှစ်
(၂၀၁၃)မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုနောက်ဆုံးအကြိမ်





ရရှိခဲ့တာပါ။ အဲ့ဒီနောက်ပိုင်း မော်ရင်ဟိုလက်အောက်မှာ
ကာရာဘောင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံဆုတွေကိုရရှိခဲ့ပြီးနောက်ပိုင်း





ဖလားလက်မဲ့နဲ့သာဖြတ်သန်းနေခဲ့ရတာဖြစ်တယ်။
ဂလေဇာမိသားစုဘက်ကတော့ အလုံးစုံရောင်းချတဲ့နေရာမှာ
ပေါင် ၅ ဘီလီယံအထိရရှိဖို့မျှော်လင့်နေတာပါ။





ရက်ကလစ်ဖ်ကတော့ ငယ်ဘဝကတည်းက ယူနိုက်တက်
အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး အသင်းကိုဝယ်ယူဖို့





စိတ်ဝင်စားမှုအကြိမ်ကြိမ်ပြသခဲ့ပါတယ်။ ရက်ကလစ်ဖ်ဟာ
၂၀၂၂ အတွင်း အေဗရာမိုဗစ်ပိုင်ဆိုင်တဲ့ ချဲလ်ဆီးအသင်းကို
လက်လွှဲယူဖို့စိတ်ဝင်စားခဲ့သေးတာဖြစ်တယ်။ ဒါပေမဲ့ Ineos ဟာ





နောက်ဆုံးမှာတော့ ပြင်သစ်ကလပ်နိုက်စ်ကိုသာ ဝယ်ယူဖို့
ဆုံးဖြတ်ခဲ့တာပါ။ ရက်ကလစ်ဖ်ကတော့ သူ့နေနဲ့ ဂျိုရယ်လ်နဲ့





အေဗရမ်ဂလေဇာတို့နဲ့တွေ့ဆုံဖူးတယ်လို့ ပြီးခဲ့တဲ့အောက်တိုဘာလမှာ
ဖွင့်ဟခဲ့ဖူးပါတယ်။ “ယူနိုက်တက်ကိုပိုင်ဆိုင်တဲ့ ဂလေဇာ
မိသားစုတွေနဲ့ တွေ့ဆုံခဲ့ဖူးတယ်။ ငါ့ဘက်က ဂျိုရယ်လ်နဲ့





အေဗရမ်ကိုတွေ့ဆုံခဲ့ပြီး သူတို့တွေကလူကောင်းတွေဖြစ်ကြတယ်။
သူတို့ကလူကြီးလူကောင်းတွေပါ။ သူတို့က မရောင်းချင်ကြဘူး။





ဒီအသင်းကို သူတို့အဖေရဲ့ သားသမီး ၆ယောက်က ပိုင်ဆိုင်
ထားတာဖြစ်လို့ မရောင်းရက်ကြဘူး။ တကယ်လို့နွေရာသီမှာ
ရောင်းထုတ်ဖြစ်ခဲ့ရင်တော့…ဟုတ်ပါတယ် ချဲလ်ဆီးနောက်လိုက်ခဲ့သလို





ကျွန်တော်တို့လုပ်ဆောင်မှာပါ။ ဒါပေမဲ့ တစ်နေ့မှာည
ယူနိုက်တက်ကို ပိုင်ဆိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့တော့





ထိုင်မစောင့်နေနိုင်ပါဘူး။ ကျွန်တော်တို့ဆီမှာအားကစားနဲ့
ပက်သတ်လို့စိတ်လှုပ်ရှားဖွယ်ရာလုပ်ဆောင်ချက်အဖြစ်
နိုက်စ်အသင်းရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာမရှိတဲ့





အရာတစ်ခုကတော့ ထိပ်တန်းကလပ်အသင်းဖြစ်တယ်” လို့
ရက်ကလစ်ဖ်က ပြောဆိုခဲ့ဖူးပါတယ်။





zawgyi
ယူႏိုက္တက္ကို ဝယ္ယူဖို႔အေျပးအလႊားလုပ္ေဆာင္ေနၿပီလို႔ ဂ်င္မ္ရက္ကလစ္ဖ္ အတည္ျပဳ
ကမာၻလုံးဆိုင္ရာ ဓာတုကုမၸဏီတစ္ခုျဖစ္တဲ့ INEOS အေနနဲ႔





ယူႏိုက္တက္အသင္းကိုဝယ္ယူဖို႔အလ်င္အျမန္လုပ္ေဆာင္ေနၿပီလို႔
ပိုင္ရွင္ျဖစ္တဲ့ ဂ်င္ရက္ဖ္ကလစ္ဖ္က အတည္ျပဳလိုက္ပါတယ္။





ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္တဲ့ ရက္ကလစ္ဖ္ဟာ ၿပီးခဲ့တဲ့
ႏိုဝင္ဘာကတည္းက အေရာင္းစာရင္းတင္ထားတဲ့ ယူႏိုက္တက္ကို
ဝယ္ယူဖို႔ႀကိဳးစားေနတာပဲျဖစ္တယ္။ Times သတင္းစာနဲ႔





ေတြ႕ဆုံမႈမွာေတာ့ INEOS ရဲ႕ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက
“ကြၽန္ေတာ္တို႔ ဒီလုပ္ငန္းစဥ္ေတြမွာ တရားဝင္အားစိုက္ထုတ္ထား





ပါတယ္” လို႔ ဆိုထားပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ကလပ္ကို
၂၀၀၅ ခုႏွစ္မွာ ဂေလဇာမိသားစုေတြစတင္ပိုင္ဆိုင္ခဲ့ၿပီးေနာက္
အေမရိကန္ပိုင္ရွင္ေတြဟာ အသင္းအတြက္အျငင္းပြားဖြယ္ရာေတြ





ျဖစ္တယ္လို႔ေဝဖန္မႈေတြရွိခဲ့တာျဖစ္တယ္။ ပရိသတ္ေတြဟာ
ကြင္းျပင္ပမွာ ဂေလဇာေတြရဲ႕ပိုင္ဆိုင္မႈကို ကန႔္ကြက္ဆႏၵျပမႈေတြ





မၾကာခဏလုပ္ေဆာင္ေလ့ရွိၾကတာပါ။ လြန္ခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာေတာ့
ဂေလဇာေတြဘက္က အသင္းအတြက္ရင္းႏွီးျမဳပ္ႏွံလိုသူေတြရဲ႕
အလားအလာကိုေစာင့္ၾကည့္ေနတယ္လို႔အတည္ျပဳလိုက္ပါတယ္။





တနည္းအားျဖင့္ေတာ့ ယူႏိုက္တက္ရဲ႕ပိုင္ဆိုင္မႈအလုံးစုံကို
ေရာင္းခ်မယ္ဆိုတာနဲ႔ပက္သတ္လို႔ အေမရိကန္စီးပြားေရး





လုပ္ငန္းရွင္ေတြဘက္က မျငင္းဆန္ေတာ့တာျဖစ္တယ္။
သရဲနီေတြဟာ ဂႏၲဝင္နည္းျပႀကီးဖာဂူဆန္ရဲ႕ေနာက္ဆုံးႏွစ္
(၂၀၁၃)မွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုေနာက္ဆုံးအႀကိမ္





ရရွိခဲ့တာပါ။ အဲ့ဒီေနာက္ပိုင္း ေမာ္ရင္ဟိုလက္ေအာက္မွာ
ကာရာေဘာင္းနဲ႔ ယူ႐ိုပါလိဂ္ခ်န္ပီယံဆုေတြကိုရရွိခဲ့ၿပီးေနာက္ပိုင္း





ဖလားလက္မဲ့နဲ႔သာျဖတ္သန္းေနခဲ့ရတာျဖစ္တယ္။
ဂေလဇာမိသားစုဘက္ကေတာ့ အလုံးစုံေရာင္းခ်တဲ့ေနရာမွာ
ေပါင္ ၅ ဘီလီယံအထိရရွိဖို႔ေမွ်ာ္လင့္ေနတာပါ။





ရက္ကလစ္ဖ္ကေတာ့ ငယ္ဘဝကတည္းက ယူႏိုက္တက္
အမာခံပရိသတ္တစ္ေယာက္ျဖစ္ၿပီး အသင္းကိုဝယ္ယူဖို႔





စိတ္ဝင္စားမႈအႀကိမ္ႀကိမ္ျပသခဲ့ပါတယ္။ ရက္ကလစ္ဖ္ဟာ
၂၀၂၂ အတြင္း ေအဗရာမိုဗစ္ပိုင္ဆိုင္တဲ့ ခ်ဲလ္ဆီးအသင္းကို
လက္လႊဲယူဖို႔စိတ္ဝင္စားခဲ့ေသးတာျဖစ္တယ္။ ဒါေပမဲ့ Ineos ဟာ





ေနာက္ဆုံးမွာေတာ့ ျပင္သစ္ကလပ္ႏိုက္စ္ကိုသာ ဝယ္ယူဖို႔
ဆုံးျဖတ္ခဲ့တာပါ။ ရက္ကလစ္ဖ္ကေတာ့ သူ႔ေနနဲ႔ ဂ်ိဳရယ္လ္နဲ႔





ေအဗရမ္ဂေလဇာတို႔နဲ႔ေတြ႕ဆုံဖူးတယ္လို႔ ၿပီးခဲ့တဲ့ေအာက္တိုဘာလမွာ
ဖြင့္ဟခဲ့ဖူးပါတယ္။ “ယူႏိုက္တက္ကိုပိုင္ဆိုင္တဲ့ ဂေလဇာ
မိသားစုေတြနဲ႔ ေတြ႕ဆုံခဲ့ဖူးတယ္။ ငါ့ဘက္က ဂ်ိဳရယ္လ္နဲ႔





ေအဗရမ္ကိုေတြ႕ဆုံခဲ့ၿပီး သူတို႔ေတြကလူေကာင္းေတြျဖစ္ၾကတယ္။
သူတို႔ကလူႀကီးလူေကာင္းေတြပါ။ သူတို႔က မေရာင္းခ်င္ၾကဘူး။





ဒီအသင္းကို သူတို႔အေဖရဲ႕ သားသမီး ၆ေယာက္က ပိုင္ဆိုင္
ထားတာျဖစ္လို႔ မေရာင္းရက္ၾကဘူး။ တကယ္လို႔ေႏြရာသီမွာ
ေရာင္းထုတ္ျဖစ္ခဲ့ရင္ေတာ့…ဟုတ္ပါတယ္ ခ်ဲလ္ဆီးေနာက္လိုက္ခဲ့သလို





ကြၽန္ေတာ္တို႔လုပ္ေဆာင္မွာပါ။ ဒါေပမဲ့ တစ္ေန႔မွာည
ယူႏိုက္တက္ကို ပိုင္ဆိုင္မယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ေတာ့





ထိုင္မေစာင့္ေနႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ဆီမွာအားကစားနဲ႔
ပက္သတ္လို႔စိတ္လႈပ္ရွားဖြယ္ရာလုပ္ေဆာင္ခ်က္အျဖစ္
ႏိုက္စ္အသင္းရွိေနပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔မွာမရွိတဲ့





အရာတစ္ခုကေတာ့ ထိပ္တန္းကလပ္အသင္းျဖစ္တယ္” လို႔
ရက္ကလစ္ဖ္က ေျပာဆိုခဲ့ဖူးပါတယ္။