ယူနိုက်တက်ကို လူ ၁၀ ယောက်နဲ့ကစားတဲ့အသင်းလို့ဝေဖန်ခဲ့တဲ့ ရစ်ချတ်ကီးစ်ကို ဘရူနိုဖာနန်ဒက်စ် တုံ့ပြန်လိုက်

လက်စတာနဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်ဟာ လူ ၁၀ ယောက်နဲ့ကစားတဲ့

အသင်းလို့ ရစ်ချတ်ကီးစ်က ဝေဖန်ပြောဆိုခဲ့ပြီးနောက် ဒါနဲ့ပက်သတ်လို့

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က တုံ့ပြန်မှုတွေလုပ်လာပါတယ်။

တန်ဟတ်ရဲ့အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ လက်စတာကို ကောင်းမွန်တဲ့ပုံစံတစ်ရပ်နဲ့

အနိုင်ရခဲ့ပေမယ့် ရစ်ချတ်ကီးစ်ကတော့ ဇန်နဝါရီမှာအငှားနဲ့ခေါ်ယူထားတဲ့

ဝက်စ်ဟော့ကိုဝေဖန်ထိုးနှက်သွားတာဖြစ်တယ်။ “ဝက်စ်ဟော့ပါဝင်နေရင်တော့

မင်းတို့ဟာသီတင်းပတ်အများစုမှာ လူ ၁၀ ယောက်နဲ့ကစားနေရသလိုပါပဲ။

ငါဆိုလိုချင်တာက သူဟာပွဲထွက်ခွင့်နေရာအတွက် လုံလောက်တဲ့အကြောင်းပြချက်မျိုး

မပေးနိုင်တဲ့သူလား။ ငါတို့ရိုးသားကြပါစို့” လို့ ရစ်ချတ်ကီးစ်က ပြောဆိုခဲ့တာပါ။

ဝက်စ်ဟော့ရဲ့ကစားဟန်ကိုဦးတည်ဝေဖန်တဲ့မှတ်ချက်တွေထွက်ပေါ်လာတဲ့နောက်

ဘရူနိုဖာနန်ဒက်စ်က ရှေ့ထွက်ပြီး တုံ့ပြန်ပြခဲ့ပါတယ်။ MUTV ကတစ်ဆင့်

ဖာနန်ဒက်စ်က “တစ်ခါတရံမှာ ဒီလိုမျိုးဖြစ်နေတယ်၊ မင်းက ဘောလုံးနဲ့

အံဝင်အောင်လုပ်ချင်နေပြီး အဲ့ဒါကအချိန်တစ်ခုပဲ။ တိုက်စစ်မှူးတစ်ယောက်အနေနဲ့

မင်းအမြဲတမ်းဂိုးသွင်းချင်ပေမယ့် သူက လိုအပ်တဲ့ပြေးလွှားမှုနဲ့ ဖိအားပေးမှုတွေ

အများကြီးလုပ်နေပါတယ်။ အဲ့ဒါကြောင့် သူကစားခွင့်ရနေတုန်းပဲ။

သွင်းဂိုးတွေလာဖို့ကတော့ အချိန်ကအရေးကြီးပါတယ်။ သူအဖွင့်ဂိုးစရရင်

နောက်ထပ်ဂိုးတွေအတွက်လမ်းပွင့်သွားမှာဖြစ်လို့ အသင်းကိုပိုလို့တောင်

ကူညီပေးနိုင်ဦးမှာပါ” လို့ ကာကွယ်ပြောဆိုလိုက်ပါတယ်။

zawgyi

ယူႏိုက္တက္ကို လူ ၁၀ ေယာက္နဲ႔ကစားတဲ့အသင္းလို႔ေဝဖန္ခဲ့တဲ့ ရစ္ခ်တ္ကီးစ္ကို ဘ႐ူႏိုဖာနန္ဒက္စ္ တုံ႔ျပန္လိုက္

လက္စတာနဲ႔ပြဲစဥ္အၿပီးမွာ ယူႏိုက္တက္ဟာ လူ ၁၀ ေယာက္နဲ႔ကစားတဲ့

အသင္းလို႔ ရစ္ခ်တ္ကီးစ္က ေဝဖန္ေျပာဆိုခဲ့ၿပီးေနာက္ ဒါနဲ႔ပက္သတ္လို႔

အသင္းေခါင္းေဆာင္ ဘ႐ူႏိုဖာနန္ဒက္စ္က တုံ႔ျပန္မႈေတြလုပ္လာပါတယ္။

တန္ဟတ္ရဲ႕အသင္းဟာ အိုးလ္ထရက္ဖို႔ဒ္မွာ လက္စတာကို ေကာင္းမြန္တဲ့ပုံစံတစ္ရပ္နဲ႔

အႏိုင္ရခဲ့ေပမယ့္ ရစ္ခ်တ္ကီးစ္ကေတာ့ ဇန္နဝါရီမွာအငွားနဲ႔ေခၚယူထားတဲ့

ဝက္စ္ေဟာ့ကိုေဝဖန္ထိုးႏွက္သြားတာျဖစ္တယ္။ “ဝက္စ္ေဟာ့ပါဝင္ေနရင္ေတာ့

မင္းတို႔ဟာသီတင္းပတ္အမ်ားစုမွာ လူ ၁၀ ေယာက္နဲ႔ကစားေနရသလိုပါပဲ။

ငါဆိုလိုခ်င္တာက သူဟာပြဲထြက္ခြင့္ေနရာအတြက္ လုံေလာက္တဲ့အေၾကာင္းျပခ်က္မ်ိဳး

မေပးႏိုင္တဲ့သူလား။ ငါတို႔႐ိုးသားၾကပါစို႔” လို႔ ရစ္ခ်တ္ကီးစ္က ေျပာဆိုခဲ့တာပါ။

ဝက္စ္ေဟာ့ရဲ႕ကစားဟန္ကိုဦးတည္ေဝဖန္တဲ့မွတ္ခ်က္ေတြထြက္ေပၚလာတဲ့ေနာက္

ဘ႐ူႏိုဖာနန္ဒက္စ္က ေရွ႕ထြက္ၿပီး တုံ႔ျပန္ျပခဲ့ပါတယ္။ MUTV ကတစ္ဆင့္

ဖာနန္ဒက္စ္က “တစ္ခါတရံမွာ ဒီလိုမ်ိဳးျဖစ္ေနတယ္၊ မင္းက ေဘာလုံးနဲ႔

အံဝင္ေအာင္လုပ္ခ်င္ေနၿပီး အဲ့ဒါကအခ်ိန္တစ္ခုပဲ။ တိုက္စစ္မႉးတစ္ေယာက္အေနနဲ႔

မင္းအၿမဲတမ္းဂိုးသြင္းခ်င္ေပမယ့္ သူက လိုအပ္တဲ့ေျပးလႊားမႈနဲ႔ ဖိအားေပးမႈေတြ

အမ်ားႀကီးလုပ္ေနပါတယ္။ အဲ့ဒါေၾကာင့္ သူကစားခြင့္ရေနတုန္းပဲ။

သြင္းဂိုးေတြလာဖို႔ကေတာ့ အခ်ိန္ကအေရးႀကီးပါတယ္။ သူအဖြင့္ဂိုးစရရင္

ေနာက္ထပ္ဂိုးေတြအတြက္လမ္းပြင့္သြားမွာျဖစ္လို႔ အသင္းကိုပိုလို႔ေတာင္

ကူညီေပးႏိုင္ဦးမွာပါ” လို႔ ကာကြယ္ေျပာဆိုလိုက္ပါတယ္။