ကာတာလုပ်ငန်းရှင် ရှိတ်ဂျက်ဆင်မ်ရဲ့သိမ်းပိုက်မှုဟာ ယူနိုက်တက်အသင်းအတွက်
ပိုကောင်းလိမ့်မယ်လို့ ဇာဗီကယုံကြည်နေကြောင်း The Sun သတင်းစာက
ရေးသားလိုက်ပါတယ်။ ဘာစီလိုနာနည်းပြ ဇာဗီဟာ ကာတာကလပ်
အယ်လ်ဆတ်မှာ ၂၀၁၅ ကနေ ၂၀၁၉ အထိ ကစားခဲ့သလို ၂၀၁၉ ကနေ
၂၀၂၁ ခုနှစ်အထိ နည်းပြအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်တယ်။
ဇာဗီဟာ မကြာသေးခင်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သံတမန်အဖြစ်
ဆောင်ရွက်ခဲ့ဖူးပြီး ရှိတ်ဂျက်ဆင်မ်နဲ့ သိကျွမ်းသူဖြစ်ပါတယ်။
ယူနိုက်တက်နဲ့ ဘာစီလိုနာတို့ရဲ့ အရေးကြီးတဲ့ ယူရိုပါလိဂ် ၃၂ သင်းအဆင့်
ဒုတိယအကျော့မတိုင်ခင်မှာတော့ ဇာဗီက ယူနိုက်တက်အနေနဲ့
ရှိတ်ဂျက်ဆင်မ်ရဲ့ ကမ်းလှမ်းမှုကိုလက်ခံတာကောင်းလိမ့်မယ်လို့
ထောက်ခံပေးခဲ့တာဖြစ်တယ်။ “ရှိတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး
သူက အလုပ်ကိုကောင်းမွန်စွာလုပ်မယ်ထင်တယ်။ သူက လေးနက်တဲ့
တာဝန်ဝတ္တရားတွေနဲ့ပက်သတ်ရင် အရမ်းတော်တဲ့လူတစ်ယောက်ပါ” လို့
ဇာဗီက ပြောဆိုခဲ့ပါတယ်။ ရှိတ်ဂျက်ဆင်မ်ဟာ ဂလေဇာတွေလက်ထဲက
ယူနိုက်တက်ကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် ဗြိတိန်အချမ်းသာဆုံးပုဂ္ဂိုလ်
ဆာဂျင်မ်ရက်ကလစ်ဖ်နဲ့အပြိုင်ကမ်းလှမ်းထားတာဖြစ်တယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းထုတ်ပြန်ချက်မှာတော့ ရှိတ်ဂျက်ဆင်မ်ဟာ
ကလပ်ကိုမှန်ကန်စွာဝယ်ယူပြီး နံပါတ်တစ်ပြန်ဖြစ်လာဖို့အတွက်
သူ့ရဲ့ရည်ရွယ်ချက်တွေကိုရှင်းရှင်းလင်းလင်းပြောဆိုထားပါတယ်။
zawgyi
ယူနိုက်တက်ကို ရှိတ်ဂျက်ဆင်မ်ရဲ့လက်ထဲထည့်ပေးလိုက်တာပိုကောင်းလိမ့်မယ်လို့ ဇာဗီ ထောက်ခံပေးလိုက်