





ယူနိုက်တက်နည်းပြတန်ဟတ်က ရော်နယ်ဒိုဟာ အိုးလ်ထရက်ဖို့ဒ်က
ထွက်ခွာချင်တယ်လို့ ဘယ်တုန်းကမှမပြောခဲ့ဘူးလို့ ရင်ဖွင့်ခဲ့ပါတယ်။





ပေါ်တူဂီကြယ်ပွင့်ဟာ ပေါက်ကွဲအားပြင်းတဲ့အင်တာဗျူးမှာ တန်ဟတ်က
သူ့ကိုမလေးစားဘူးလို့အတိအလင်းပြောချခဲ့တာဖြစ်တယ်။
မန်ချက်စတာညနေခင်းသတင်းကတစ်ဆင့် နည်းပြတန်ဟတ်က





“အင်တာဗျူးပြီးတဲ့နောက်မှာတော့ သူထွက်ခွာချင်တယ်ဆိုတာ
အတော်လေးရှင်းသွားပါတယ်။ ကျွန်တော်တို့ ဒါနဲ့ပတ်သတ်လို့





ဆွေးနွေးစရာမလိုဘူးထင်တယ်။ ပထမဆုံးအခိုက်အတန့်ကနေ
အခုအချိန်အထိသူ့ကိုဆက်နေစေချင်ခဲ့တယ်။ သူကိုယ်တိုင်
ထွက်သွားချင်နေတာက တော်တော်လေးရှင်းပါတယ်။





ကစားသမားတစ်ယောက်ဟာ ဒီကလပ်မှာဆက်မနေချင်တော့ဘူးဆိုတာ
သေချာရင် ရှင်းရှင်းလင်းလင်းထွက်သွားရမှာပါ။ အင်တာဗျူးနဲ့





တိုက်ခိုက်တာကိုတော့ ကလပ်ဘက်ကလက်မခံနိုင်ဘူးလို့ ငါထင်တယ်။
အကျိုးဆက်တွေရှိလာလိမ့်မယ်။ ဒီလိုအဆင့်မှာ အကျိုးဆက်
ဘာဖြစ်လာနိုင်တယ်ဆိုတာ သူသိနေတယ်။ အဲ့ဒီမတိုင်ခင်မှာ သူ့ဘက်က





ထွက်ခွာချင်တယ်လို့ တစ်ခွန်းမျှမပြောဖူးပါဘူး” လို့ ဖွင့်ဟခဲ့ပါတယ်။
တန်ဟတ်ဟာ ယူနိုက်တက်အသင်းသားအချို့နဲ့အတူစပိန်နိုင်ငံကို





ရောက်ရှိနေပြီး ဆောင်းရာသီလေ့ကျင့်ရေးကိုဖြတ်သန်းနေစဉ်အတွင်း
ရော်နယ်ဒိုနဲ့ပတ်သတ်တဲ့အံ့အားသင့်စရာအကြောင်းကို ဖွင့်ဟလိုက်တာဖြစ်တယ်။





zawgyi
ယူႏိုက္တက္ကို ေရာ္နယ္ဒိုေက်ာခိုင္းသြားတဲ့ပုံစံက ရွင္းရွင္းလင္းလင္းမရွိဘူးလို႔ တန္ဟတ္ ရင္ဖြင့္





ယူႏိုက္တက္နည္းျပတန္ဟတ္က ေရာ္နယ္ဒိုဟာ အိုးလ္ထရက္ဖို႔ဒ္က
ထြက္ခြာခ်င္တယ္လို႔ ဘယ္တုန္းကမွမေျပာခဲ့ဘူးလို႔ ရင္ဖြင့္ခဲ့ပါတယ္။
ေပၚတူဂီၾကယ္ပြင့္ဟာ ေပါက္ကြဲအားျပင္းတဲ့အင္တာဗ်ဴးမွာ တန္ဟတ္က





သူ႔ကိုမေလးစားဘူးလို႔အတိအလင္းေျပာခ်ခဲ့တာျဖစ္တယ္။
မန္ခ်က္စတာညေနခင္းသတင္းကတစ္ဆင့္ နည္းျပတန္ဟတ္က





“အင္တာဗ်ဴးၿပီးတဲ့ေနာက္မွာေတာ့ သူထြက္ခြာခ်င္တယ္ဆိုတာ
အေတာ္ေလးရွင္းသြားပါတယ္။ ကြၽန္ေတာ္တို႔ ဒါနဲ႔ပတ္သတ္လို႔
ေဆြးေႏြးစရာမလိုဘူးထင္တယ္။ ပထမဆုံးအခိုက္အတန႔္ကေန





အခုအခ်ိန္အထိသူ႔ကိုဆက္ေနေစခ်င္ခဲ့တယ္။ သူကိုယ္တိုင္
ထြက္သြားခ်င္ေနတာက ေတာ္ေတာ္ေလးရွင္းပါတယ္။





ကစားသမားတစ္ေယာက္ဟာ ဒီကလပ္မွာဆက္မေနခ်င္ေတာ့ဘူးဆိုတာ
ေသခ်ာရင္ ရွင္းရွင္းလင္းလင္းထြက္သြားရမွာပါ။ အင္တာဗ်ဴးနဲ႔
တိုက္ခိုက္တာကိုေတာ့ ကလပ္ဘက္ကလက္မခံႏိုင္ဘူးလို႔ ငါထင္တယ္။





အက်ိဳးဆက္ေတြရွိလာလိမ့္မယ္။ ဒီလိုအဆင့္မွာ အက်ိဳးဆက္
ဘာျဖစ္လာႏိုင္တယ္ဆိုတာ သူသိေနတယ္။ အဲ့ဒီမတိုင္ခင္မွာ သူ႔ဘက္က





ထြက္ခြာခ်င္တယ္လို႔ တစ္ခြန္းမွ်မေျပာဖူးပါဘူး” လို႔ ဖြင့္ဟခဲ့ပါတယ္။
တန္ဟတ္ဟာ ယူႏိုက္တက္အသင္းသားအခ်ိဳ႕နဲ႔အတူစပိန္ႏိုင္ငံကို
ေရာက္ရွိေနၿပီး ေဆာင္းရာသီေလ့က်င့္ေရးကိုျဖတ္သန္းေနစဥ္အတြင္း





ေရာ္နယ္ဒိုနဲ႔ပတ္သတ္တဲ့အံ့အားသင့္စရာအေၾကာင္းကို ဖြင့္ဟလိုက္တာျဖစ္တယ္။