ယူနိုက်တက်ကို ရောက်လာနိုင်တဲ့ ချယ်လ်ဆီးကစားသမား

ချယ်လ်ဆီးအသင်းရဲ့ဂျာမန်လက်ရွေးစင်နောက်ခံလူရူဒီဂါကို ခေါ်ယူဖို့စိတ်ဝင်စား

နေကြတဲ့အသင်းတွေထဲမှာ ယူနိုက်တက်အသင်းလည်ထူးထူးခြားခြား

ပါဝင်လာပါပြီ။ ချယ်လ်ဆီးအသင်းခံစစ်မှာခြေစွမ်းပြနေတဲ့ရူဒီဂါရဲ့လက်ရှိ

စာချုပ်က လာမယ့်နှစ်နွေရာသီကျရင်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးအသင်းက

စာချုပ်သက်တမ်းတိုးဖို့ကြိုးပမ်းနေပေမယ့် ကြန့်ကြာနေပါတယ်။

အသက် ၆၃ နှစ်အရွယ် ရန်းနစ်ခ်အနေနဲ့ ရူဒီဂါရဲ့ အေးဂျင့်လည်းဖြစ်သလို

အစ်ကိုတစ်ဝမ်းကွဲလည်း ဖြစ်တဲ့ ဇာဇီနေဇီနဲ့ ရင်းနှီးပြီး ကောင်းမွန်တဲ့

ဆက်ဆံရေးတွေလည်း ရှိနေကြောင်း BILD သတင်းဌာနရဲ့ သတင်းထောက်

ခရစ်ရှန် ဖော့ခ်ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဇီနေဇီအနေနဲ့ သူ့ရဲ့ညီကို အမြတ်အစွန်းတွေရရှိစေမယ့် သဘောတူညီချက်

တစ်ခုကို ရရှိဖို့အတွက် ကြိုးပမ်းလာမယ့်အနေအထားမှာ ယူနိုက်တက်နဲ့

ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ ဆန္ဒရှိနေနိုင်တာလည်း ဖြစ်ပြီး ချယ်လ်ဆီးအသင်းရဲ့

မန်နေဂျာ သောမတ်စ် တူချယ်လ်ကတော့ အသင်းကို စတင်ကိုင်တွယ်

ကတည်းက ရူဒီဂါကို အသင်းမှာ ထိန်းသိမ်းလိုနေခဲ့တာ ဖြစ်ပါတယ်။ရူဒီဂါ

အနေနဲ့ လက်ရှိဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်

ပွဲစဉ် ၁၅ ပွဲ ကစားပေးထားခဲ့ပြီး သွင်းဂိုး ၂ ဂိုးရယူထားနိုင်ခဲ့တာပါ။

“မှန်ပါတယ်။ ကျွန်တော်ဟာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပါ

သေးတယ်။ ဒါပေမယ့် ဆောင်းရာသီကာလမှာတော့ အသင်းကနေ မထွက်

ချင်ပါဘူး။ ဒ့ါကြောင့်နွေရာသီကျမှ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ဖူးပါတယ်။”

“အဲဒီအချိန်မှာ နည်းပြတူချယ်လ် ရောက်လာခဲ့ပြီး ဖြစ်လာတာတွေကတော့

ခင်ဗျားတို့သိခဲ့ကြတဲ့ အတိုင်းပါပဲ။ သူဟာကျွန်တော့်ရဲ့ဘဝမှာ အရေးပါတဲ့

လူတစ်ယောက်အဖြစ် ရှိနေမှာဖြစ်သလို ကျွန်တော့်အတွက် တံခါးသစ်တစ်ချပ်

ဖွင့်ပေးခဲ့တဲ့သူလို့ ပြောလို့ရပါတယ်”ဆိုပြီး ရူဒီဂါက ပြောထားပါတယ်။

Zawgyi

ယူႏိုက္တက္ကို ေရာက္လာႏိုင္တဲ့ ခ်ယ္လ္ဆီးကစားသမား

ခ်ယ္လ္ဆီးအသင္းရဲ႕ဂ်ာမန္လက္ေ႐ြးစင္ေနာက္ခံလူ႐ူဒီဂါကို ေခၚယူဖို႔စိတ္ဝင္စား

ေနၾကတဲ့အသင္းေတြထဲမွာ ယူႏိုက္တက္အသင္းလည္ထူးထူးျခားျခား

ပါဝင္လာပါၿပီ။ ခ်ယ္လ္ဆီးအသင္းခံစစ္မွာေျခစြမ္းျပေနတဲ့႐ူဒီဂါရဲ႕လက္ရွိ

စာခ်ဳပ္က လာမယ့္ႏွစ္ေႏြရာသီက်ရင္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးအသင္းက

စာခ်ဳပ္သက္တမ္းတိုးဖို႔ႀကိဳးပမ္းေနေပမယ့္ ၾကန႔္ၾကာေနပါတယ္။

 

အသက္ ၆၃ ႏွစ္အ႐ြယ္ ရန္းနစ္ခ္အေနနဲ႔ ႐ူဒီဂါရဲ႕ ေအးဂ်င့္လည္းျဖစ္သလို

အစ္ကိုတစ္ဝမ္းကြဲလည္း ျဖစ္တဲ့ ဇာဇီေနဇီနဲ႔ ရင္းႏွီးၿပီး ေကာင္းမြန္တဲ့

ဆက္ဆံေရးေတြလည္း ရွိေနေၾကာင္း BILD သတင္းဌာနရဲ႕ သတင္းေထာက္

ခရစ္ရွန္ ေဖာ့ခ္ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ဇီေနဇီအေနနဲ႔ သူ႔ရဲ႕ညီကို အျမတ္အစြန္းေတြရရွိေစမယ့္ သေဘာတူညီခ်က္

တစ္ခုကို ရရွိဖို႔အတြက္ ႀကိဳးပမ္းလာမယ့္အေနအထားမွာ ယူႏိုက္တက္နဲ႔

ညႇိႏႈိင္းမႈေတြ ျပဳလုပ္ဖို႔ ဆႏၵရွိေနႏိုင္တာလည္း ျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းရဲ႕

မန္ေနဂ်ာ ေသာမတ္စ္ တူခ်ယ္လ္ကေတာ့ အသင္းကို စတင္ကိုင္တြယ္

ကတည္းက ႐ူဒီဂါကို အသင္းမွာ ထိန္းသိမ္းလိုေနခဲ့တာ ျဖစ္ပါတယ္။႐ူဒီဂါ

အေနနဲ႔ လက္ရွိေဘာလုံးရာသီမွာ ခ်ယ္လ္ဆီးအသင္းအတြက္ ပရီးမီးယားလိဂ္

ပြဲစဥ္ ၁၅ ပြဲ ကစားေပးထားခဲ့ၿပီး သြင္းဂိုး ၂ ဂိုးရယူထားႏိုင္ခဲ့တာပါ။

“မွန္ပါတယ္။ ကြၽန္ေတာ္ဟာ ခ်ယ္လ္ဆီးအသင္းကေန ထြက္ခြာဖို႔ နီးစပ္ခဲ့ပါ

ေသးတယ္။ ဒါေပမယ့္ ေဆာင္းရာသီကာလမွာေတာ့ အသင္းကေန မထြက္

ခ်င္ပါဘူး။ ဒ့ါေၾကာင့္ေႏြရာသီက်မွ အသင္းကေန ထြက္ခြာဖို႔ ဆုံးျဖတ္ခဲ့ဖူးပါတယ္။”

“အဲဒီအခ်ိန္မွာ နည္းျပတူခ်ယ္လ္ ေရာက္လာခဲ့ၿပီး ျဖစ္လာတာေတြကေတာ့

ခင္ဗ်ားတို႔သိခဲ့ၾကတဲ့ အတိုင္းပါပဲ။ သူဟာကြၽန္ေတာ့္ရဲ႕ဘဝမွာ အေရးပါတဲ့

လူတစ္ေယာက္အျဖစ္ ရွိေနမွာျဖစ္သလို ကြၽန္ေတာ့္အတြက္ တံခါးသစ္တစ္ခ်ပ္

ဖြင့္ေပးခဲ့တဲ့သူလို႔ ေျပာလို႔ရပါတယ္”ဆိုၿပီး ႐ူဒီဂါက ေျပာထားပါတယ္။