ကယ်လ်ဗင် ဖိလစ်က ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှု ခံနေရပေမယ့်လည်း
အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး အသင်းမှာ ပျော်ရွှင်နေတယ်လို့
ပြောကြားခဲ့ပါတယ်။ကယ်လ်ဗင်ဖိလစ် ဟာ အသက်(၁၄)နှစ်အရွယ်ထဲက
လိဒ်စ် အသင်းကို ရောက်ရှိလာခဲ့တာပါ။လိဒ်စ်အသင်းရဲ့ ပံပိုးမှုတွေနဲ့
အင်္ဂလန်ကစားသမားဟာ ခြေစွမ်းပိုင်း ထက်မြက်နေခဲ့တာလည်းဖြစ်ပါတယ်။
ကယ်လ်ဗင်ဖိလစ် ဟာ (၂၀၁၄)ထဲက လိဒ်စ် အသင်းအတွက်
ပွဲထွက်ခွင့်စတင်ရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ ယခုနှစ်မှာ အင်္ဂလန်ကွင်းလယ်ကစားသမားကို
စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး ယာယီနည်းပြ ရန်းနစ်ခ်ဟာ အသက် ၂၆ နှစ်အရွယ်
အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို အလွန်နှစ်သက်သူဖြစ်တယ်လို့
သိရပါတယ်။ အိုးထရက်ဖို့ဒ်က ယာယီနည်းပြရာထူးအတွက်
အင်တာဗျူးဖြေခဲ့စဉ်အတွင်း ရန်းနစ်ခ်က အသင်းရဲ့အားနည်းချက်ဟာ
ကွင်းလယ်ဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး ကယ်လ်ဗင် ဖိလစ်ကို ခေါ်ယူဖို့
ကြိုးပမ်းသင့်တယ်လို့ အကြုံပြုခဲ့သလို ဒေါ့မွန်ကြယ်ပွင့် ဘယ်လ်လင်ဂမ်နဲ့
လိုက်ပ်ဇစ်ကြယ်ပွင့် ဟိုင်ဒါရာတို့ကိုလည်း ခေါ်ယူဖို့ အကြုံပြုခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နဲ့အတူ လီဗာပူးအသင်းကလည်း ကယ်လ်ဗင် ဖိလစ်ကို
နှစ်သက်နေတာဖြစ်ပေမယ့်လည်း အင်္ဂလန်ကွင်းလယ်ကစားသမားက
လိဒ်စ်ယူနိုက်တက်အသင်းမှာ ရှိနေရတာကို ပျော်ရွှင်နေတယ်လို့
ပြောကြားခဲ့တာဖြစ်ပါတယ်။
“ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်၊ ပရီးမီးယားလိဂ်ကနေ အင်္ဂလန်ရဲ့
တစ်နှစ်တာအကောင်းဆုံးကစားသမား ဖြစ်လာတာက ကျွန်တော့်ကို
မျက်စိဖွင့်ပေးလိုက်တာဖြစ်ပြီး ငါ ဒီဟာကို လုပ်နိုင်တယ်ဆိုတာကို သိသွားစေခဲ့ပါတယ်။
အရာအားလုံးက အတူတကွ ဖြစ်လာခဲ့ကြပြီး အလုပ်ကြိုးစားမှုက
ကျွန်တော် ရှိနေချင်တဲ့ နေရာကို ရောက်အောင် ပို့ဆောင်ပေးပါတယ်။
တကယ်လို့ ကျွန်တော် ဒီတိုင်းသာ ဆက်လုပ်နေရင် ကျွန်တော်
ဘယ်နေရာမှာရှိနေမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ”
“ကျွန်တော် ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ကိုပဲ အာရုံစိုက်ချင်တာပါ။
ဒါပေမယ့် ကျွန်တော် အသင်းပိုင်ရှင်နဲ့ ပုံမှန်စကားပြောပါတယ်။
ကျွန်တော် စာချုပ်သစ် ချုပ်ဆိုချင်ပါတယ်။ ကျွန်တော်
ဒီမှာ အရမ်း ပျော်ရွှင်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
zawgyi
ယူနိုက်တက်ကို ပြောင်းဖို့ စိတ်မဝင်စားတဲ့ ကယ်လ်ဗင်ဖိလစ်