ယူနိုက်တက်ကို ပေါင် ၆ ဘီလီယံနဲ့ဝယ်ယူပြီး လိုအပ်ချက်အတွက် ပေါင် ၂ ဘီလီယံသုံးစွဲမယ့် ပိုင်ရှင်လောင်းပေါ်ထွက်လာ

ကာတာရင်းနှီးမြုပ်နှံသူတွေဟာ ဂလေဇာမိသားစုလက်ထဲက ယူနိုက်တက်ကို

ပေါင် ၈ ဘီလီယံ အကုန်အကျခံပြီး လက်လွှဲယူဖို့ပြင်ဆင်နေတယ်လို့ Dailyamil သတင်းစာက

ဖော်ပြလိုက်ပါတယ်။ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်မရှိတော့တဲ့နောက်ပိုင်းမှာ

အမေရိကန်ပိုင်ရှင်တွေဟာ ကွင်းတွင်းအောင်မြင်မှုထက် စီးပွားရေးဆိုင်ရာ

သဘောတူညီချက်တွေကနေ ငွေကြေးရယူဖို့အဓိကထားသလို ပရီးမီးယားလိဂ်ဆုဖလားနဲ့

၁၀ နှစ်ကြာဝေးကွာခဲ့တာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာတော့ ဂလေဇာမိသားစုဘက်က

အရောင်းစာရင်းတင်လိုက်တဲ့အတွက် သရဲနီပရိသတ်တွေပျော်ရွှင်ခဲ့ပေမဲ့

ပိုင်ရှင်သစ်တွေဆီက မြင့်မားတဲ့တန်ဖိုးတောင်းဆိုနေတာကြောင့်အထမမြောက်နိုင်ခဲ့ပါဘူး။

ဗြိတိန်အချမ်းသာဆုံးစာရင်းဝင်ဖြစ်သလို ငယ်စဉ်ကတည်းက ယူနိုက်တက်ပရိသတ်ဖြစ်ခဲ့တဲ့

ရက်ကလစ်ဖ်က လက်လွှဲယူချင်ပေမဲ့ အမေရိကန်ပိုင်ရှင်တွေရဲ့တောင်းဆိုမှုက

မြင့်မားနေခဲ့တာဖြစ်တယ်။ လက်ရှိမှာတော့ ယူနိုက်တက်ကို ပေါင် ၆ ဘီလီယံကျော်နဲ့

လက်လွှဲယူမယ့် ဝယ်လက်အသစ်ထွက်ပေါ်လာခဲ့သလို ကာတာရင်းနှီးမြုပ်နှံသူတွေဟာ

သူတို့လက်ထဲကိုရောက်ပြီဆိုရင် ကွင်းပြုပြင်မွန်းမံခြင်းနဲ့ အသစ်ဆောင်လုပ်ခြင်းအပါအဝင်

နောက်ထပ် ပေါင် ၂ ဘီလီယံ သုံးစွဲဖို့အားမခံချက်ပေးဖို့ရှိနေပါတယ်။

ကာတာရင်းနှီးမြုပ်နှံသူတွေဘက်က နာမည်ကျော်ကလပ်အတွက်ပြိုင်ဆိုင်မှုမှာ

အနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ပြင်းပြနေတာဖြစ်တယ်။ ဖာဂူဆန်လက်ထက်မှာ

ပရီးမီးယားလိဂ်ဆုဖလား ၁၃ ကြိမ်ပိုင်ဆိုင်ခဲ့တဲ့ ယူနိုက်တက်အနေနဲ့ပိုင်ရှင်သစ်လက်အောက်မှာ

အခုထက်ပိုမိုအောင်မြင်လိမ့်မယ်လို့လည်း ပရိသတ်တွေကအခိုင်အမာယုံကြည်ထားပါတယ်။

zawgyi

ယူႏိုက္တက္ကို ေပါင္ ၆ ဘီလီယံနဲ႔ဝယ္ယူၿပီး လိုအပ္ခ်က္အတြက္ ေပါင္ ၂ ဘီလီယံသုံးစြဲမယ့္ ပိုင္ရွင္ေလာင္းေပၚထြက္လာ

ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဟာ ဂေလဇာမိသားစုလက္ထဲက ယူႏိုက္တက္ကို

ေပါင္ ၈ ဘီလီယံ အကုန္အက်ခံၿပီး လက္လႊဲယူဖို႔ျပင္ဆင္ေနတယ္လို႔ Dailyamil သတင္းစာက

ေဖာ္ျပလိုက္ပါတယ္။ ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္မရွိေတာ့တဲ့ေနာက္ပိုင္းမွာ

အေမရိကန္ပိုင္ရွင္ေတြဟာ ကြင္းတြင္းေအာင္ျမင္မႈထက္ စီးပြားေရးဆိုင္ရာ

သေဘာတူညီခ်က္ေတြကေန ေငြေၾကးရယူဖို႔အဓိကထားသလို ပရီးမီးယားလိဂ္ဆုဖလားနဲ႔

၁၀ ႏွစ္ၾကာေဝးကြာခဲ့တာျဖစ္တယ္။ ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းမွာေတာ့ ဂေလဇာမိသားစုဘက္က

အေရာင္းစာရင္းတင္လိုက္တဲ့အတြက္ သရဲနီပရိသတ္ေတြေပ်ာ္႐ႊင္ခဲ့ေပမဲ့

ပိုင္ရွင္သစ္ေတြဆီက ျမင့္မားတဲ့တန္ဖိုးေတာင္းဆိုေနတာေၾကာင့္အထမေျမာက္ႏိုင္ခဲ့ပါဘူး။

ၿဗိတိန္အခ်မ္းသာဆုံးစာရင္းဝင္ျဖစ္သလို ငယ္စဥ္ကတည္းက ယူႏိုက္တက္ပရိသတ္ျဖစ္ခဲ့တဲ့

ရက္ကလစ္ဖ္က လက္လႊဲယူခ်င္ေပမဲ့ အေမရိကန္ပိုင္ရွင္ေတြရဲ႕ေတာင္းဆိုမႈက

ျမင့္မားေနခဲ့တာျဖစ္တယ္။ လက္ရွိမွာေတာ့ ယူႏိုက္တက္ကို ေပါင္ ၆ ဘီလီယံေက်ာ္နဲ႔

လက္လႊဲယူမယ့္ ဝယ္လက္အသစ္ထြက္ေပၚလာခဲ့သလို ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဟာ

သူတို႔လက္ထဲကိုေရာက္ၿပီဆိုရင္ ကြင္းျပဳျပင္မြန္းမံျခင္းနဲ႔ အသစ္ေဆာင္လုပ္ျခင္းအပါအဝင္

ေနာက္ထပ္ ေပါင္ ၂ ဘီလီယံ သုံးစြဲဖို႔အားမခံခ်က္ေပးဖို႔ရွိေနပါတယ္။

ကာတာရင္းႏွီးျမဳပ္ႏွံသူေတြဘက္က နာမည္ေက်ာ္ကလပ္အတြက္ၿပိဳင္ဆိုင္မႈမွာ

အႏိုင္ရမယ္ဆိုတဲ့ယုံၾကည္ခ်က္ျပင္းျပေနတာျဖစ္တယ္။ ဖာဂူဆန္လက္ထက္မွာ

ပရီးမီးယားလိဂ္ဆုဖလား ၁၃ ႀကိမ္ပိုင္ဆိုင္ခဲ့တဲ့ ယူႏိုက္တက္အေနနဲ႔ပိုင္ရွင္သစ္လက္ေအာက္မွာ

အခုထက္ပိုမိုေအာင္ျမင္လိမ့္မယ္လို႔လည္း ပရိသတ္ေတြကအခိုင္အမာယုံၾကည္ထားပါတယ္။