ယူနိုက်တက်ကို ထပ် ဖဲ့လိုက်တဲ့  မိုဗစ်

အေစီမီလန်အသင်းရဲ့ဆွီဒင်ဝါရင့်တိုက်စစ်မှူးကြီးအီဘရာဟီမိုဗစ်ကတော့

အခုရက်ပိုင်းအတွင်း ဘာတွေမကျေမနပ်ဖြစ်နေလဲတော့မသိပါဘူး ..

သူ့အသင်းဟောင်း မန်ချက်စတာယူနိုက်တက်အသင်းကို ဓာတ်ကျနေပြီး

စကားလုံးတွေနဲ့ တောက်လျှောက်ဆော်နေပါတယ်။ အသက်(၄၀)အရွယ်ရှိပြီဖြစ်တဲ့

ဆွီဒင်နတ်ဘုရားကြီးဟာ ယူနိုက်တက်အသင်းရဲ့ရင်ခွင်မှာ

နှစ်ကြိမ်တိုင်တိုင်ခိုလှုံခဲ့ဖူးပြီး ပထမအကြိမ် ၂၀၁၆-၁၇ ရာသီမှာ အသင်းအတွက်

ခြေစွမ်းပြနိုင်ခဲ့သလို ပြိုင်ပွဲစုံ(၂၈)ဂိုးသွင်းခဲ့တဲ့အပြင် ယူရိုပါလိဂ်၊

လိဂ်ဖလား၊ ကွန်မြူနစ်တီဒိုင်းတွေရယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် ၂၀၁၇-၁၈ ရာသီမှာတော့ ဒဏ်ရာတွေကြောင့် ပုံမှန်ကစားခွင့်မရခဲ့ဘဲ

စုစုပေါင်းမှ(၇)ပွဲသာကစားခဲ့ရပြီး (၁)ဂိုးသာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အီဘရာဟီမိုဗစ်က ယူနိုက်တက်ကစားသမားဘဝမှာ

အသင်းတည်းခိုတဲ့ဟိုတယ်က မီနီဘားတစ်ခုမှာ အချိုရည်တစ်ခွက်သောက်ခဲ့ပြီး

အဲဒီအတွက် ယူနိုက်တက်အသင်းက သူ့လစာထဲကနေ

တစ်ပေါင်ဖြတ်လိုက်တာကို မကျေမနပ်နဲ့ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။

အခုလည်း အီဘရာဟီမိုဗစ်က ယူနိုက်တက်အသင်းမှာကစားခဲ့ချိန်က

အနေအထားကို ပြန်ပြောင်းပြောပြီးတော့ဝေဖန်ပြစ်တင်လိုက်ပါတယ်။

အီဘရာဟီမိုဗစ်က “ကျွန်တော် အံ့အားသင့်ရတာတစ်ခုရှိပါတယ်။

လူတိုင်းက မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာ့ထိပ်တန်းကလပ်၊

ကမ္ဘာ့အချမ်းသာဆုံးကလပ်၊ ကမ္ဘာ့ပေါ်မှာ အင်အားကြီးတဲ့ကလပ်အသင်းအဖြစ်

သတ်မှတ်ထားကြပါတယ်။ အပြင်ပန်းကကြည့်ရင်တော့

အဲဒါက ဟုတ်သလိုလိုပါပဲ။ ဒါပေမဲ့ အဲဒီအသင်းမှာ ကျွန်တော်ကစားခဲ့ချိန်မှာတော့

ယူနိုက်တက်အသင်းက စိတ်ဓာတ်သေးသိမ်ပြီး ပွင့်လင်းမှုမရှိတဲ့ကလပ်ဆိုတာ

သိလိုက်ရပါတယ်”လို့ပြောကြားခဲ့တာပါ။

zawgyi

ယူႏိုက္တက္ကို ထပ္ ဖဲ့လိုက္တဲ့  မိုဗစ္

ေအစီမီလန္အသင္းရဲ႕ဆြီဒင္ဝါရင့္တိုက္စစ္မႉးႀကီးအီဘရာဟီမိုဗစ္ကေတာ့

အခုရက္ပိုင္းအတြင္း ဘာေတြမေက်မနပ္ျဖစ္ေနလဲေတာ့မသိပါဘူး ..

သူ႔အသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဓာတ္က်ေနၿပီး

စကားလုံးေတြနဲ႔ ေတာက္ေလွ်ာက္ေဆာ္ေနပါတယ္။ အသက္(၄၀)အ႐ြယ္ရွိၿပီျဖစ္တဲ့

ဆြီဒင္နတ္ဘုရားႀကီးဟာ ယူႏိုက္တက္အသင္းရဲ႕ရင္ခြင္မွာ

ႏွစ္ႀကိမ္တိုင္တိုင္ခိုလႈံခဲ့ဖူးၿပီး ပထမအႀကိမ္ ၂၀၁၆-၁၇ ရာသီမွာ အသင္းအတြက္

ေျခစြမ္းျပႏိုင္ခဲ့သလို ၿပိဳင္ပြဲစုံ(၂၈)ဂိုးသြင္းခဲ့တဲ့အျပင္ ယူ႐ိုပါလိဂ္၊

လိဂ္ဖလား၊ ကြန္ျမဴနစ္တီဒိုင္းေတြရယူႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ ၂၀၁၇-၁၈ ရာသီမွာေတာ့ ဒဏ္ရာေတြေၾကာင့္ ပုံမွန္ကစားခြင့္မရခဲ့ဘဲ

စုစုေပါင္းမွ(၇)ပြဲသာကစားခဲ့ရၿပီး (၁)ဂိုးသာသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက အီဘရာဟီမိုဗစ္က ယူႏိုက္တက္ကစားသမားဘဝမွာ

အသင္းတည္းခိုတဲ့ဟိုတယ္က မီနီဘားတစ္ခုမွာ အခ်ိဳရည္တစ္ခြက္ေသာက္ခဲ့ၿပီး

အဲဒီအတြက္ ယူႏိုက္တက္အသင္းက သူ႔လစာထဲကေန

တစ္ေပါင္ျဖတ္လိုက္တာကို မေက်မနပ္နဲ႔ေဝဖန္ေျပာဆိုခဲ့ဖူးပါတယ္။

အခုလည္း အီဘရာဟီမိုဗစ္က ယူႏိုက္တက္အသင္းမွာကစားခဲ့ခ်ိန္က

အေနအထားကို ျပန္ေျပာင္းေျပာၿပီးေတာ့ေဝဖန္ျပစ္တင္လိုက္ပါတယ္။

အီဘရာဟီမိုဗစ္က “ကြၽန္ေတာ္ အံ့အားသင့္ရတာတစ္ခုရွိပါတယ္။

လူတိုင္းက မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ကမာၻ႔ထိပ္တန္းကလပ္၊

ကမာၻ႔အခ်မ္းသာဆုံးကလပ္၊ ကမာၻ႔ေပၚမွာ အင္အားႀကီးတဲ့ကလပ္အသင္းအျဖစ္

သတ္မွတ္ထားၾကပါတယ္။ အျပင္ပန္းကၾကည့္ရင္ေတာ့

အဲဒါက ဟုတ္သလိုလိုပါပဲ။ ဒါေပမဲ့ အဲဒီအသင္းမွာ ကြၽန္ေတာ္ကစားခဲ့ခ်ိန္မွာေတာ့

ယူႏိုက္တက္အသင္းက စိတ္ဓာတ္ေသးသိမ္ၿပီး ပြင့္လင္းမႈမရွိတဲ့ကလပ္ဆိုတာ

သိလိုက္ရပါတယ္”လို႔ေျပာၾကားခဲ့တာပါ။