
စပါးကိုအနိုင်ရခဲ့တဲ့ အာဆင်နယ်ဟာ ယခုသီတင်းပတ်မှာတော့





ယူနိုက်တက်နဲ့ပွဲကောင်းတစ်ပွဲထပ်နွှဲရဖို့ရှိနေပါသေးတယ်။
လန်ဒန်ဒါဘီမှာ အနိုင်ရခဲ့တဲ့ ဂန်းနားတွေဟာ မန်စီးတီးကို





၈မှတ်ဖြစ်ထားသလို ယူနိုက်တက်နဲ့ ၉မှတ်အကွာမှာရှိနေတာဖြစ်တယ်။
အာတီတာအနေနဲ့ လက်ရှိခြေစွာနေတဲ့ ယူနိုက်တက်ကို
သရေလောက်တင်းထားမယ်ဆိုရင် အခြေအနေကောင်းမှာဖြစ်ပေမဲ့





ဂန်းနားပဲ့ကိုင်ရှင်ကတော့ အနိုင်ဖြိုမယ်လို့ကြုံးဝါးထားတာပါ။
“ချန်ပီယံဆုအတွက် ရမှတ် ၉၀ အထက်ယူနိုင်ဖို့လိုပါတယ်။





ဒါမှသာရာနှုန်းပြည့်သေချာမှာဖြစ်တယ်။ အခုလိုအချိန်မှာ
ကြိုတင်တွက်ချက်တာတွေမလုပ်ချင်သေးဘူး။ လာမယ့် ယူနိုက်တက်နဲ့
ပွဲအတွက်ပြင်ဆင်ချင်ပါတယ်။ အနိုင် ၃မှတ်ရအောင်ကြိုးစားမှာဖြစ်သလို





အနိုင်ရလဒ်နဲ့ထိုက်တန်တဲ့ပုံစံတစ်ခုထုတ်ပြဖို့ပြင်ဆင်သွားမှာပါ” လို့
အာတီတာက ကြုံးဝါးထားပါတယ်။ သရဲနီနောက်ခံလူဟောင်း





ဖာဒီနန်ကတော့ အခုလိုအချိန်မှာ သရဲနီတွေက အာဆင်နယ်အတွက်
ပြဿနာတစ်ခုလို့ သတိပေးလိုက်တာဖြစ်တယ်။
“ယူနိုက်တက်ကစားပုံက အာဆင်နယ်အတွက်ပြဿနာ





တစ်ခုလို့ထင်ပါတယ်။ မန်စီးတီးလည်းပြဿနာတက်ခဲ့တယ်။
အာဆင်နယ်ကဘောလုံးပိုင်ဆိုင်မှုအသာရမယ်လို့တော့ထင်တယ်၊





ဒါပေမဲ့ အကူးအပြောင်းတွေမှာ ယူနိုက်တက်ကစားပုံကတကယ့်ကို
အန္တရာယ်များတာပါ။ ဆိုးလ်ရှားလက်ထက်တုန်းကလည်း ဒီလိုပါပဲ။
ဒါပေမဲ့ အခုအဖွဲ့အစည်းက ဖြိုရပိုခက်တဲ့တည်ဆောက်မှုမျိုးရှိနေပါတယ်။





မန်စီးတီးတောင် အခွင့်အရေးအများကြီးမရခဲ့ဘူး။ ပြီးခဲ့တဲ့ရာသီ
ယူနိုက်တက်မှာ အဆင်မပြေတာတွေရှိခဲ့တယ်။ မန်စီးတီး ၁-၀ နဲ့





ဦးဆောင်လိုက်တာနဲ့ သွားပါပြီဆိုတဲ့ခံစားမှုမျိုးမင်းတို့ရခဲ့မှာပါ။
အခုအချိန်မှာတော့ ဒါကိုသူတို့ခံနိုင်ရည်ရှိလာကြသလို တကယ့်ကို
ကောင်းမွန်စွာပြန်လာနိုင်ပါပြီ” လို့ ဖာဒီနန်က ဂန်းနားတွေကို သတိပေးလိုက်ပါတယ်။





zawgyi
ယူႏိုက္တက္ကိုအႏိုင္ကစားမွာပါဆိုတဲ့ အာတီတာကို မင္းတို႔အတြက္ သရဲနီေတြကျပႆနာတစ္ခုလို႔ ဖာဒီနန္ သတိေပးလိုက္





စပါးကိုအႏိုင္ရခဲ့တဲ့ အာဆင္နယ္ဟာ ယခုသီတင္းပတ္မွာေတာ့
ယူႏိုက္တက္နဲ႔ပြဲေကာင္းတစ္ပြဲထပ္ႏႊဲရဖို႔ရွိေနပါေသးတယ္။
လန္ဒန္ဒါဘီမွာ အႏိုင္ရခဲ့တဲ့ ဂန္းနားေတြဟာ မန္စီးတီးကို





၈မွတ္ျဖစ္ထားသလို ယူႏိုက္တက္နဲ႔ ၉မွတ္အကြာမွာရွိေနတာျဖစ္တယ္။
အာတီတာအေနနဲ႔ လက္ရွိေျခစြာေနတဲ့ ယူႏိုက္တက္ကို





သေရေလာက္တင္းထားမယ္ဆိုရင္ အေျခအေနေကာင္းမွာျဖစ္ေပမဲ့
ဂန္းနားပဲ့ကိုင္ရွင္ကေတာ့ အႏိုင္ၿဖိဳမယ္လို႔ႀကဳံးဝါးထားတာပါ။
“ခ်န္ပီယံဆုအတြက္ ရမွတ္ ၉၀ အထက္ယူႏိုင္ဖို႔လိုပါတယ္။





ဒါမွသာရာႏႈန္းျပည့္ေသခ်ာမွာျဖစ္တယ္။ အခုလိုအခ်ိန္မွာ
ႀကိဳတင္တြက္ခ်က္တာေတြမလုပ္ခ်င္ေသးဘူး။ လာမယ့္ ယူႏိုက္တက္နဲ႔





ပြဲအတြက္ျပင္ဆင္ခ်င္ပါတယ္။ အႏိုင္ ၃မွတ္ရေအာင္ႀကိဳးစားမွာျဖစ္သလို
အႏိုင္ရလဒ္နဲ႔ထိုက္တန္တဲ့ပုံစံတစ္ခုထုတ္ျပဖို႔ျပင္ဆင္သြားမွာပါ” လို႔
အာတီတာက ႀကဳံးဝါးထားပါတယ္။ သရဲနီေနာက္ခံလူေဟာင္း





ဖာဒီနန္ကေတာ့ အခုလိုအခ်ိန္မွာ သရဲနီေတြက အာဆင္နယ္အတြက္
ျပႆနာတစ္ခုလို႔ သတိေပးလိုက္တာျဖစ္တယ္။





“ယူႏိုက္တက္ကစားပုံက အာဆင္နယ္အတြက္ျပႆနာ
တစ္ခုလို႔ထင္ပါတယ္။ မန္စီးတီးလည္းျပႆနာတက္ခဲ့တယ္။
အာဆင္နယ္ကေဘာလုံးပိုင္ဆိုင္မႈအသာရမယ္လို႔ေတာ့ထင္တယ္၊





ဒါေပမဲ့ အကူးအေျပာင္းေတြမွာ ယူႏိုက္တက္ကစားပုံကတကယ့္ကို
အႏၲရာယ္မ်ားတာပါ။ ဆိုးလ္ရွားလက္ထက္တုန္းကလည္း ဒီလိုပါပဲ။





ဒါေပမဲ့ အခုအဖြဲ႕အစည္းက ၿဖိဳရပိုခက္တဲ့တည္ေဆာက္မႈမ်ိဳးရွိေနပါတယ္။
မန္စီးတီးေတာင္ အခြင့္အေရးအမ်ားႀကီးမရခဲ့ဘူး။ ၿပီးခဲ့တဲ့ရာသီ
ယူႏိုက္တက္မွာ အဆင္မေျပတာေတြရွိခဲ့တယ္။ မန္စီးတီး ၁-၀ နဲ႔





ဦးေဆာင္လိုက္တာနဲ႔ သြားပါၿပီဆိုတဲ့ခံစားမႈမ်ိဳးမင္းတို႔ရခဲ့မွာပါ။
အခုအခ်ိန္မွာေတာ့ ဒါကိုသူတို႔ခံႏိုင္ရည္ရွိလာၾကသလို တကယ့္ကို





ေကာင္းမြန္စြာျပန္လာႏိုင္ပါၿပီ” လို႔ ဖာဒီနန္က ဂန္းနားေတြကို သတိေပးလိုက္ပါတယ္။