
ယူနိုက်တက်အသင်းဟာ အင်္ဂလန်နဲ့ စပါးတိုက်စစ်မှူး





ဟယ်ရီကိန်းကိုခေါ်ယူချင်နေပြီလို့ The Sun သတင်းစာက
ဖော်ပြလိုက်ပါတယ်။ ကိန်းဟာ နွေရာသီမှာ စပါးနဲ့စာချုပ်သက်တမ်း





နောက်ဆုံးနှစ်ထဲကိုဝင်ရောက်တော့မှာဖြစ်တယ်။
ယူနိုက်တက်ကတော့ အသက် ၂၉နှစ်အရွယ် တိုက်စစ်မှူးကို
အံ့အားသင့်ဖွယ်ကောင်းတဲ့အသာစီးအနေအထားနဲ့ခေါ်ယူဖို့





စီစဉ်နေတာပါ။ Daily Mail ရဲ့ဖော်ပြချက်အရ နည်းပြတန်ဟတ်ရဲ့
ပထမဦးစားပေးခေါ်ယူမှုက တိုက်စစ်မှူးဖြစ်တယ်လို့လည်း





သိရပါတယ်။ ရလဒ်အနေနဲ့တော့ တန်ဟတ်ဟာ နွေဈေးကွက်မှာ
ကိန်းကို နံပါတ် ၁ ပစ်မှတ်အဖြစ်စာရင်းသွင်းလိုက်တာဖြစ်တယ်။
ဒီရာသီ ပရီးမီးယားလိဂ် ပွဲ ၂၀ မှာ ၁၅ဂိုး သွင်းထားတဲ့





အင်္ဂလန်ကြယ်ပွင့်ဟာ ဂိုးသွင်းအများဆုံးစာရင်းမှာ ဟာလန်းရဲ့နောက်
ဒုတိယနေရာရပ်တည်နေသူဖြစ်ပါတယ်။ ကိန်းဟာ တန်ဟတ်





လိုချင်တဲ့မှတ်တမ်းနဲ့ကိုက်ညီတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး
ဂိုးသွင်းနိုင်ရုံတင်မကဘဲ ဖန်တီးမှုကောင်းတွေလုပ်နိုင်တယ်ဆိုတာကို
သူနဲ့ဆွန်ဟောင်မင်အတွဲအဖက်က သက်သေပြထားတာဖြစ်တယ်။





The Mail ရဲ့အဆိုအရတော့ အင်္ဂလန်ကြယ်ပွင့်ဟာ အိုးလ်ထရက်ဖို့ဒ်ကို
ပြောင်းရွှေ့ဖို့အတွက် လမ်းဖွင့်ပေးလိုက်ပြီလို့သိရပါတယ်။





ယူနိုက်တက်အနေနဲ့ ကိန်းကို စပါးကဆွဲထုတ်ဖို့အတွက်ဆိုရင်တော့
အနည်းဆုံး ပေါင် ၈၅ သန်းအသုံးချရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
zawgyi





ယူႏိုက္တက္ကိုလမ္းဖြင့္ေပးလိုက္တဲ့အတြက္ တန္ဟတ္ရဲ႕ နံပါတ္ ၁ ပစ္မွတ္ ဟယ္ရီကိန္းျဖစ္လာ
ယူႏိုက္တက္အသင္းဟာ အဂၤလန္နဲ႔ စပါးတိုက္စစ္မႉး





ဟယ္ရီကိန္းကိုေခၚယူခ်င္ေနၿပီလို႔ The Sun သတင္းစာက
ေဖာ္ျပလိုက္ပါတယ္။ ကိန္းဟာ ေႏြရာသီမွာ စပါးနဲ႔စာခ်ဳပ္သက္တမ္း
ေနာက္ဆုံးႏွစ္ထဲကိုဝင္ေရာက္ေတာ့မွာျဖစ္တယ္။





ယူႏိုက္တက္ကေတာ့ အသက္ ၂၉ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို
အံ့အားသင့္ဖြယ္ေကာင္းတဲ့အသာစီးအေနအထားနဲ႔ေခၚယူဖို႔





စီစဥ္ေနတာပါ။ Daily Mail ရဲ႕ေဖာ္ျပခ်က္အရ နည္းျပတန္ဟတ္ရဲ႕
ပထမဦးစားေပးေခၚယူမႈက တိုက္စစ္မႉးျဖစ္တယ္လို႔လည္း
သိရပါတယ္။ ရလဒ္အေနနဲ႔ေတာ့ တန္ဟတ္ဟာ ေႏြေဈးကြက္မွာ





ကိန္းကို နံပါတ္ ၁ ပစ္မွတ္အျဖစ္စာရင္းသြင္းလိုက္တာျဖစ္တယ္။
ဒီရာသီ ပရီးမီးယားလိဂ္ ပြဲ ၂၀ မွာ ၁၅ဂိုး သြင္းထားတဲ့





အဂၤလန္ၾကယ္ပြင့္ဟာ ဂိုးသြင္းအမ်ားဆုံးစာရင္းမွာ ဟာလန္းရဲ႕ေနာက္
ဒုတိယေနရာရပ္တည္ေနသူျဖစ္ပါတယ္။ ကိန္းဟာ တန္ဟတ္
လိုခ်င္တဲ့မွတ္တမ္းနဲ႔ကိုက္ညီတဲ့ တိုက္စစ္မႉးတစ္ဦးျဖစ္ၿပီး





ဂိုးသြင္းႏိုင္႐ုံတင္မကဘဲ ဖန္တီးမႈေကာင္းေတြလုပ္ႏိုင္တယ္ဆိုတာကို
သူနဲ႔ဆြန္ေဟာင္မင္အတြဲအဖက္က သက္ေသျပထားတာျဖစ္တယ္။





The Mail ရဲ႕အဆိုအရေတာ့ အဂၤလန္ၾကယ္ပြင့္ဟာ အိုးလ္ထရက္ဖို႔ဒ္ကို
ေျပာင္းေ႐ႊ႕ဖို႔အတြက္ လမ္းဖြင့္ေပးလိုက္ၿပီလို႔သိရပါတယ္။
ယူႏိုက္တက္အေနနဲ႔ ကိန္းကို စပါးကဆြဲထုတ္ဖို႔အတြက္ဆိုရင္ေတာ့





အနည္းဆုံး ေပါင္ ၈၅ သန္းအသုံးခ်ရလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။