ယူနိုက်တက်ကိုစွန့်ခွာဖို့ အစီအစဥ်ရှိတဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်ကခန့်အပ်တဲ့နည်းပြသစ်က

သူနှင့်ကိုက်ညီမှုမရှိလျှင် ရာသီအကုန်တွင်ထွက်ခွာရန်

စဉ်းစားသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ယူနိုက်တက်ဟာရေးဖ်ရန်းနစ်ခ်ကိုရာသီအကုန်အထိ

ယာယီနည်းပြအဖြစ်ခန့်အပ်ထားပြီး နွေရာသီတွင်

အမြဲတမ်းနည်းပြခန့်အပ်သွားပါမယ်။

ရော်နယ်ဒိုဟာယူနိုက်တက်နှင့်၂၀၂၃ခုနှစ်၊ဇွန်လအထိစာချုပ်ချုပ်

ဆိုထားပေမဲ့လည်းလာမယ့်ယူနိုက်တက်နည်းပြသစ်သာ

သူနဲ့ကိုက်ညီမှုမရှိပါက၁၂လစောပြီးထွက်ခွာသွားမှာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ယာယီနည်းပြရန်းနစ်ခ်ဟာ ရာသီအကုန်အထိ

ယူနိုက်တက်ကိုကိုင်တွယ်ပြီး နွေရာသီမှစတင်ကာစီနီယာ

ဘောလုံးအကြံပေးအဖြစ်၂ နှစ်တာဝန်ထမ်းဆောင်ပါမယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာရေးဖ်ရန်းနစ်ခ်ကိုလည်း

အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ရေးအပေါ်ထောက်ခံမှုရှိပုံမရပါဘူး။

လက်ရှိအချိန်တွင်ယူနိုက်တက်နည်းပြရာထူးအတွက်

ပီအက်စ်ဂျီနည်းပြပိုချက်တီနို၊အေဂျက်စ်နည်းပြတင်ဟက်နှင့်

လက်စတာနည်းပြဘရန်ဒန်ရော်ဂျာတို့ကထိပ်ဆုံးမှရေပန်းစားနေပါတယ်။

လက်ရှိအချိန်တွင်ယူနိုက်တက်အဝတ်အစားလဲခန်းအတွင်းတွင်

ကစားသမားများအကြားသဘောထားကွဲလွဲမှုများဖြစ်နေပြီး

စည်းလုံးမှုလည်းပျောက်ဆုံးနေပါတယ်။

အစောပိုင်းသတင်းများအရယူနိုက်တက်အသင်းရှိကစားသမား၁၇ဦးအထိ

အသင်းတွင်မပျော်မရွှင်ဖြစ်နေကြောင်းသိရပါတယ်။

zawgyi






















