ယူနိုက်တက်ကပ်ဘေးသင့်မှုက နည်းပြကြောင့်မဟုတ်ဘူးဆိုတာ သက်သေပြဖို့ အချိန်တစ်ပတ်ပဲ ယူခဲ့တဲ့ ရန်းနစ်

ယူနိုက်တက်နည်းပြဟောင်း ရန်းနစ်ဟာ

သြစတြီးယားနည်းပြဘ၀ ပထမဆုံးပွဲအဖြစ်
ခရိုအေးရှားကို ၃ဂိုးပြတ်အနိုင်ယူကာ
အကောင်းဆုံးစတင်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပဲ
ယူနိုက်တက်ပရိသတ်တွေလည်း အဲဒီပွဲအပြီးမှာ
တူညီတဲ့အကြောင်းအရာတစ်ခုကို တွစ်တာမှာ ရေးသားခဲ့ကြပါတယ်။

ရန်းနစ်ဟာ ယခုရာသီ ဒုတိယရာသီဝက်မှာ
ယူနိုက်တက်ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး
နွေရာသီမှာ အသင်းရဲ့အကြံပေးအဖြစ်
ပြောင်းလဲတာဝန်ယူဖို့ စီစဉ်ခဲ့တာပါ။
ရန်းနစ်ဟာ ဧပြီလက သြစတြီးယားနည်းပြအဖြစ်

ခန့်အပ်ခံခဲ့ရပြီး အစောပိုင်းက
အလုပ်နှစ်ခုစလုံးကို ဟန်ချက်မျှတစွာနဲ့
လုပ်ကိုင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်က
ရန်းနစ်ဟာ ယူနိုက်တက်အကြံပေးရာထူးကနေ
ထွက်ခွာခဲ့ပါတယ်။

အသက် ၆၃ နှစ်အရွယ်ရှိ ရန်းနစ်အတွက်
အစကောင်းခဲ့ပြီး သြစတြီးယားက
နေးရှင်းလိဂ်အဖွင့်ပွဲမှာ မထင်မှတ်တဲ့အောင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
သြစတြီးယားဟာ ၁ပွဲကစားပြီးချိန်မှာ
အုပ်စုကို ဦးဆောင်ထားပြီး နိုင်ပွဲနဲ့

ထိုက်တန်တဲ့ခြေစွမ်းမျိုးလည်း ပြသနိုင်ခဲ့ပါတယ်။
သြစတြီးယားဟာ အဝေးကွင်းမှာ
ခရိုအေးရှားကို ဝ-၃ ဂိုးနဲ့ အနိုင်ယူခဲ့လို့
Clean Sheet ပါ ရယူနိုင်ခဲ့ရာ
ရန်းနစ်ကိုင်တွယ်ခဲ့စဉ် ယူနိုက်တက်ရဲ့

ခံစစ်နဲ့ ယှဉ်ရင် အတော်လေးကွာခြားတာကိုတွေ့ရပါလိမ့်မယ်။
ယူနိုက်တက်ဟာ ရန်းနစ် တာဝန်ယူခဲ့တဲ့ ၆လအတွင်း
Clean Sheet ၆ပွဲပဲ ရခဲ့ပြီး ပရိသတ်တွေကတော့
ဒါဟာ အသင်းသားတွေကြောင့်ဖြစ်တယ်လို့ စွဲချက်တင်နေကြပါတယ်။
”ကစားသမားတွေကပဲ ညွန်ကြားချက်တွေ

နားထောင်ပြီး ကောင်းကောင်းကြိုးစားကြတာပါ။
ယူနိုက်တက်မှာ နည်းပြပိုင်းက
တစ်ခါမှ ပြဿနာမဟုတ်ခဲ့ပါဘူး”
”ယူနိုက်တက်ကနေ ထွက်လိုက်တာနဲ့
ဘဝက အကြီးကြီးမြင့်လာတော့တာပဲ”လို့

ယူနိုက်တက်ပရိသတ်တွေက
အသီးသီးရေးသားခဲ့ကြပါတယ်။
ယူနိုက်တက်ဟာ အသင်းသမိုင်းတစ်လျှောက်
ပရီးမီးယားလိဂ်မှာ အမှတ်အနည်းဆုံးရာသီအဖြစ်
ယခုရာသီမှာ ၅၈မှတ်ပဲ ရရှိခဲ့ပြီး

အသင်းကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။

Zawgyi

ယူႏိုက္တက္ကပ္ေဘးသင့္မႈက နည္းျပေၾကာင့္မဟုတ္ဘူးဆိုတာ သက္ေသျပဖို႔ အခ်ိန္တစ္ပတ္ပဲ ယူခဲ့တဲ့ ရန္းနစ္

ယူႏိုက္တက္နည္းျပေဟာင္း ရန္းနစ္ဟာ
ၾသစႀတီးယားနည္းျပဘ၀ ပထမဆုံးပြဲအျဖစ္
ခ႐ိုေအးရွားကို ၃ဂိုးျပတ္အႏိုင္ယူကာ
အေကာင္းဆုံးစတင္ႏိုင္ခဲ့ၿပီး တစ္ခ်ိန္တည္းမွာပဲ
ယူႏိုက္တက္ပရိသတ္ေတြလည္း အဲဒီပြဲအၿပီးမွာ

တူညီတဲ့အေၾကာင္းအရာတစ္ခုကို တြစ္တာမွာ ေရးသားခဲ့ၾကပါတယ္။
ရန္းနစ္ဟာ ယခုရာသီ ဒုတိယရာသီ၀က္မွာ
ယူႏိုက္တက္ယာယီနည္းျပအျဖစ္ တာ၀န္ယူခဲ့ၿပီး
ေႏြရာသီမွာ အသင္းရဲ႕အၾကံေပးအျဖစ္
ေျပာင္းလဲတာ၀န္ယူဖို႔ စီစဥ္ခဲ့တာပါ။

ရန္းနစ္ဟာ ဧၿပီလက ၾသစႀတီးယားနည္းျပအျဖစ္
ခန႔္အပ္ခံခဲ့ရၿပီး အေစာပိုင္းက
အလုပ္ႏွစ္ခုစလုံးကို ဟန္ခ်က္မွ်တစြာနဲ႔
လုပ္ကိုင္ဖို႔ ျပင္ဆင္ခဲ့ေပမယ့္ ၿပီးခဲ့တဲ့အပတ္က
ရန္းနစ္ဟာ ယူႏိုက္တက္အၾကံေပးရာထူးကေန

ထြက္ခြာခဲ့ပါတယ္။
အသက္ ၆၃ ႏွစ္အရြယ္ရွိ ရန္းနစ္အတြက္
အစေကာင္းခဲ့ၿပီး ၾသစႀတီးယားက
ေနးရွင္းလိဂ္အဖြင့္ပြဲမွာ မထင္မွတ္တဲ့ေအာင္ပြဲ ရယူႏိုင္ခဲ့ပါတယ္။
ၾသစႀတီးယားဟာ ၁ပြဲကစားၿပီးခ်ိန္မွာ

အုပ္စုကို ဦးေဆာင္ထားၿပီး ႏိုင္ပြဲနဲ႔
ထိုက္တန္တဲ့ေျခစြမ္းမ်ိဳးလည္း ျပသႏိုင္ခဲ့ပါတယ္။
ၾသစႀတီးယားဟာ အေ၀းကြင္းမွာ
ခ႐ိုေအးရွားကို ၀-၃ ဂိုးနဲ႔ အႏိုင္ယူခဲ့လို႔
Clean Sheet ပါ ရယူႏိုင္ခဲ့ရာ

ရန္းနစ္ကိုင္တြယ္ခဲ့စဥ္ ယူႏိုက္တက္ရဲ႕
ခံစစ္နဲ႔ ယွဥ္ရင္ အေတာ္ေလးကြာျခားတာကိုေတြ႕ရပါလိမ့္မယ္။
ယူႏိုက္တက္ဟာ ရန္းနစ္ တာ၀န္ယူခဲ့တဲ့ ၆လအတြင္း
Clean Sheet ၆ပြဲပဲ ရခဲ့ၿပီး ပရိသတ္ေတြကေတာ့
ဒါဟာ အသင္းသားေတြေၾကာင့္ျဖစ္တယ္လို႔ စြဲခ်က္တင္ေနၾကပါတယ္။

”ကစားသမားေတြကပဲ ၫြန္ၾကားခ်က္ေတြ
နားေထာင္ၿပီး ေကာင္းေကာင္းႀကိဳးစားၾကတာပါ။
ယူႏိုက္တက္မွာ နည္းျပပိုင္းက
တစ္ခါမွ ျပႆနာမဟုတ္ခဲ့ပါဘူး”
”ယူႏိုက္တက္ကေန ထြက္လိုက္တာနဲ႔

ဘ၀က အႀကီးႀကီးျမင့္လာေတာ့တာပဲ”လို႔
ယူႏိုက္တက္ပရိသတ္ေတြက
အသီးသီးေရးသားခဲ့ၾကပါတယ္။
ယူႏိုက္တက္ဟာ အသင္းသမိုင္းတစ္ေလွ်ာက္
ပရီးမီးယားလိဂ္မွာ အမွတ္အနည္းဆုံးရာသီအျဖစ္

ယခုရာသီမွာ ၅၈မွတ္ပဲ ရရွိခဲ့ၿပီး
အသင္းကလည္း ခ်န္ပီယံလိဂ္၀င္ခြင့္ဆုံးရံႈးခဲ့ရပါတယ္။