
ဒီတစ်ပတ်မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် အရေးပါလှတဲ့
ယူနိုက်တက် နဲ့ စပါး တို့ရဲ့ ပွဲစဉ်ကတော့ စိတ်ဝင်စားစရာ
အကောင်းဆုံး ပွဲစဉ် ဖြစ်ပါတယ်။ မိုက်ကယ်အိုဝင်ကတော့
အခုလိုမျိုးခန့်မှန်းပေးသွားခဲ့ပါတယ်။
“အခုကတော့ ယူနိုက်တက်အတွက် အရေးကြီး ရက်သတ္တပတ်တွေရဲ့ အစ ဖြစ်ပြီး
အင်္ဂါနေ့မှာလည်း အက်သလက်တီကိုနဲ့ ဒုတိယအကျော့ကို ကစားသွားရမှာပါ။
မန် စီးတီးနဲ့ပွဲစဉ်က ယူနိုက်တက်ရဲ့ ဒုတိယပိုင်းခြေစွမ်းဟာ ကောင်းမွန်မှု လုံးဝမရှိပါဘူး။
ဒါပေမယ့် သူတို့ဟာ ပထမပိုင်းမှာ ကစားပုံကောင်းခဲ့ပါတယ်။
ဆန်ချိုဟာ လှပတဲ့ဂိုးကို သွင်းနိုင်ခဲ့ပြီး ဒီအသင်းမှာ စတင်အထိုင်ကျလာသလို ပါပဲ။”
“စပါးဟာ ကွန်တီရဲ့လက်အောက်မှာ ခန့်မှန်းရခက်တဲ့ အသင်းဖြစ်လာပါတယ်။
သူတို့ အဲဗာတန်ကို ဂိုးပြတ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့ပါဘူး။
အဲဗာတန်ဟာ သူတို့ကို လွယ်ကူစေခဲ့ပေမယ့်လည်း
ဒီပွဲမှာ စပါးရဲ့ ကစားပုံဟာ တအားကို ကောင်းခဲ့ပါတယ်။
စပါးတို့ အားတက်စရာကတော့ ဟယ်ရီကိန်းရဲ့ ပုံစံ ပါပဲ။
သူဟာ တအားကို ကောင်းနေပြီး ဂိုးတွေ သွင်းနေသလို
ဂိုးဖန်တီးမှုတွေလည်း လုပ်နိုင်ခဲ့ပါတယ်။
ကိန်းဟာ အခုဆိုရင် သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမှာ အနိုင်ရဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
ဒီနှစ်သင်းကြား ခြေစွမ်းကွာဟမှု သိပ်မရှိပေမယ့် ကျွန်တော်ကတော့
ယူနိုက်တက်တို့ ကပ်ပြီး နိုင်သွားမယ်လို့ ထင်ပါတယ်။”ဆိုပြီး
မိုက်ကယ်အိုဝင်က ပြောပါတယ်။
အိုဝင်ရဲ့ ခန့်မှန်းချက် ကတော့ ယူနိုက်တက် ၂-၁ စပါးဖြစ်ပါတယ်။
zawgyi
ယူႏိုက္တက္ကပ္ၿပီး ႏိုင္သြားမယ္ဆိုတဲ့ မိုက္ကယ္အိုဝင္
ဒီတစ္ပတ္မွာေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာအတြက္ အေရးပါလွတဲ့
ယူႏိုက္တက္ နဲ႔ စပါး တို႔ရဲ႕ ပြဲစဥ္ကေတာ့ စိတ္ဝင္စားစရာ
အေကာင္းဆုံး ပြဲစဥ္ ျဖစ္ပါတယ္။ မိုက္ကယ္အိုဝင္ကေတာ့
အခုလိုမ်ိဳးခန႔္မွန္းေပးသြားခဲ့ပါတယ္။
“အခုကေတာ့ ယူႏိုက္တက္အတြက္ အေရးႀကီး ရက္သတၱပတ္ေတြရဲ႕ အစ ျဖစ္ၿပီး
အဂၤါေန႔မွာလည္း အက္သလက္တီကိုနဲ႔ ဒုတိယအေက်ာ့ကို ကစားသြားရမွာပါ။
မန္ စီးတီးနဲ႔ပြဲစဥ္က ယူႏိုက္တက္ရဲ႕ ဒုတိယပိုင္းေျခစြမ္းဟာ ေကာင္းမြန္မႈ လုံးဝမရွိပါဘူး။
ဒါေပမယ့္ သူတို႔ဟာ ပထမပိုင္းမွာ ကစားပုံေကာင္းခဲ့ပါတယ္။
ဆန္ခ်ိဳဟာ လွပတဲ့ဂိုးကို သြင္းႏိုင္ခဲ့ၿပီး ဒီအသင္းမွာ စတင္အထိုင္က်လာသလို ပါပဲ။”
“စပါးဟာ ကြန္တီရဲ႕လက္ေအာက္မွာ ခန႔္မွန္းရခက္တဲ့ အသင္းျဖစ္လာပါတယ္။
သူတို႔ အဲဗာတန္ကို ဂိုးျပတ္ႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ္ မထင္ခဲ့ပါဘူး။
အဲဗာတန္ဟာ သူတို႔ကို လြယ္ကူေစခဲ့ေပမယ့္လည္း
ဒီပြဲမွာ စပါးရဲ႕ ကစားပုံဟာ တအားကို ေကာင္းခဲ့ပါတယ္။
စပါးတို႔ အားတက္စရာကေတာ့ ဟယ္ရီကိန္းရဲ႕ ပုံစံ ပါပဲ။
သူဟာ တအားကို ေကာင္းေနၿပီး ဂိုးေတြ သြင္းေနသလို
ဂိုးဖန္တီးမႈေတြလည္း လုပ္ႏိုင္ခဲ့ပါတယ္။
ကိန္းဟာ အခုဆိုရင္ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံကို ျပန္ရေနၿပီ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဒီပြဲမွာ အႏိုင္ရဖို႔ မျဖစ္မေန လိုအပ္ပါတယ္။
ဒီႏွစ္သင္းၾကား ေျခစြမ္းကြာဟမႈ သိပ္မရွိေပမယ့္ ကြၽန္ေတာ္ကေတာ့
ယူႏိုက္တက္တို႔ ကပ္ၿပီး ႏိုင္သြားမယ္လို႔ ထင္ပါတယ္။”ဆိုၿပီး
မိုက္ကယ္အိုဝင္က ေျပာပါတယ္။
အိုဝင္ရဲ႕ ခန႔္မွန္းခ်က္ ကေတာ့ ယူႏိုက္တက္ ၂-၁ စပါးျဖစ္ပါတယ္။