
မန်ချက်စတာယူနိုက်တက်အသင်းဂိုးသမားဟန်ဒါဆင်ဟာ
နယူးကာဆယ်အသင်းကို အငှားနဲ့ပြောင်းရွှေ့ဖို့အတွက်
ဆွေးနွေးမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။
နယူးကာဆယ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ
လင်ဂတ်ကို မခေါ်နိုင်ခဲ့ပေမယ့် ဟန်ဒါဆင်ကိုတော့
အငှားခေါ်ယူနိုင်ဖို့နီးစပ်နေပါပြီ။ အင်္ဂလန်ဂိုးသမားဟန်ဒါဆင်ဟာ
ဒီရာသီမှာ ဒီဂီယာလက်စွမ်းပြကာကွယ်နေတာကြောင့်
ပွဲကစားခွင့်ပျောက်ဆုံးနေတဲ့အပေါ် စိတ်ပျက်နေပြီး
ယူနိုက်တက်ကနေထွက်ခွာဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။
နယူးကာဆယ်အသင်းက ဟန်ဒါဆင်ကို ပြီးခဲ့တဲ့နှစ်တွေကတည်းက
ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ဖူးပြီး အခု အသင်းဂိုးသမားဒူဘရက်ကာရဲ့
ကြ့ံခိုင်မှုအခြေအနေအရ ဂိုးသမားနေရာမှာ မဖြစ်မနေအားဖြည့်ရတော့မှာပါ။
ဟန်ဒါဆင်အနေနဲ့ နည်းပြဟောင်းဆိုးလ်ရှားလက်ထက်မှာသာမက
အခု ယာယီနည်းပြရန်နစ်ခ်လက်ထက်မှာပါ ပုံမှန်ကစားခွင့်ရဖို့အတွက်
အသင်းပြောင်းလိုတယ်လို့ အသိပေးခဲ့ပြီး နည်းပြနှစ်ယောက်စလုံးက
ဟန်ဒါဆင်ကို အငှားမချလိုတာကြောင့် အရန်ခုံမှာသာ အချိန်ကုန်နေရတာဖြစ်ပါတယ်။
အခုအချိန်မှာတော့ ဟန်ဒါဆင်ဟာ ပွဲထွက်ကစားခွင့်ရဖို့ ဆန္ဒပြင်းပြနေတဲ့အတွက်
ရန်နစ်ခ်က သူ့ဆန္ဒကို လိုက်လျောခဲ့တာကြောင့် နယူးကာဆယ်အသင်းကို
ဟန်ဒါဆင် အငှားနဲ့ပြောင်းရွှေ့ဖို့ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပါပြီ။
တကယ်လို့ ဟန်ဒါဆင်သာ နယူးကာဆယ်အသင်းနဲ့အပြောင်းအရွှေ့ကိစ္စ
တရားဝင်ဖြစ်လာမယ်ဆိုရင် အခု ဇန်နဝါရီအပြောင်းအရွှေ့အတွင်း
မာစီယဲလ်ပြီးရင် ယူနိုက်တက်ကနေ ဒုတိယမြောက်
အငှားနဲ့ထွက်မယ့်ကစားသမားဖြစ်လာမှာပါ။
zawgyi
ယူႏိုက္တက္ကေန ဒုတိယေျမာက္ အငွားနဲ႔ထြက္မယ့္ကစားသမားျဖစ္လာမယ့္ ဟန္ဒါဆင္
မန္ခ်က္စတာယူႏိုက္တက္အသင္းဂိုးသမားဟန္ဒါဆင္ဟာ
နယူးကာဆယ္အသင္းကို အငွားနဲ႔ေျပာင္းေ႐ႊ႕ဖို႔အတြက္
ေဆြးေႏြးမႈေတြျပဳလုပ္ေနၿပီျဖစ္ပါတယ္။
နယူးကာဆယ္အသင္းဟာ ယူႏိုက္တက္ကြင္းလယ္လူ
လင္ဂတ္ကို မေခၚႏိုင္ခဲ့ေပမယ့္ ဟန္ဒါဆင္ကိုေတာ့
အငွားေခၚယူႏိုင္ဖို႔နီးစပ္ေနပါၿပီ။ အဂၤလန္ဂိုးသမားဟန္ဒါဆင္ဟာ
ဒီရာသီမွာ ဒီဂီယာလက္စြမ္းျပကာကြယ္ေနတာေၾကာင့္
ပြဲကစားခြင့္ေပ်ာက္ဆုံးေနတဲ့အေပၚ စိတ္ပ်က္ေနၿပီး
ယူႏိုက္တက္ကေနထြက္ခြာဖို႔ ဆႏၵျပင္းျပေနတာျဖစ္ပါတယ္။
နယူးကာဆယ္အသင္းက ဟန္ဒါဆင္ကို ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက
ေခၚယူဖို႔ ပစ္မွတ္ထားခဲ့ဖူးၿပီး အခု အသင္းဂိုးသမားဒူဘရက္ကာရဲ႕
ၾက့ံခိုင္မႈအေျခအေနအရ ဂိုးသမားေနရာမွာ မျဖစ္မေနအားျဖည့္ရေတာ့မွာပါ။
ဟန္ဒါဆင္အေနနဲ႔ နည္းျပေဟာင္းဆိုးလ္ရွားလက္ထက္မွာသာမက
အခု ယာယီနည္းျပရန္နစ္ခ္လက္ထက္မွာပါ ပုံမွန္ကစားခြင့္ရဖို႔အတြက္
အသင္းေျပာင္းလိုတယ္လို႔ အသိေပးခဲ့ၿပီး နည္းျပႏွစ္ေယာက္စလုံးက
ဟန္ဒါဆင္ကို အငွားမခ်လိုတာေၾကာင့္ အရန္ခုံမွာသာ အခ်ိန္ကုန္ေနရတာျဖစ္ပါတယ္။
အခုအခ်ိန္မွာေတာ့ ဟန္ဒါဆင္ဟာ ပြဲထြက္ကစားခြင့္ရဖို႔ ဆႏၵျပင္းျပေနတဲ့အတြက္
ရန္နစ္ခ္က သူ႔ဆႏၵကို လိုက္ေလ်ာခဲ့တာေၾကာင့္ နယူးကာဆယ္အသင္းကို
ဟန္ဒါဆင္ အငွားနဲ႔ေျပာင္းေ႐ႊ႕ဖို႔ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနပါၿပီ။
တကယ္လို႔ ဟန္ဒါဆင္သာ နယူးကာဆယ္အသင္းနဲ႔အေျပာင္းအေ႐ႊ႕ကိစၥ
တရားဝင္ျဖစ္လာမယ္ဆိုရင္ အခု ဇန္နဝါရီအေျပာင္းအေ႐ႊ႕အတြင္း
မာစီယဲလ္ၿပီးရင္ ယူႏိုက္တက္ကေန ဒုတိယေျမာက္
အငွားနဲ႔ထြက္မယ့္ကစားသမားျဖစ္လာမွာပါ။