ယူနိုက်တက်ကနေ ထွက်တော့မယ့် မာစီယဲလ်

မန်ချက်စတာယူနိုက်တက်အသင်းမှာ ရုန်းကန်နေရတဲ့ တိုက်စစ်ကစားသမား

မာစီယဲလ်ဟာ သူ့ရဲ့စိတ်ပျက်စရာကောင်းတဲ့ မန်ချက်စတာယူနိုက်တက်ကစား

သမားဘဝကို အဆုံးသတ်နိုင်ဖို့နည်းလမ်းရှာဖွေနေပြီး လာမယ့်ဇန်နဝါရီ

အပြောင်းအရွှေ့ကျရင် အသင်းကနေထွက်ခွာဖို့ဆန္ဒရှိနေတယ်ဆိုတာ အသင်း

တာဝန်ရှိသူတွေကို အသိပေးပြောဆိုခဲ့ပါတယ်။ ပြင်သစ်တိုက်စစ်ကစားသမား

မာစီယဲလ်ဟာ ဒီရာသီပရီးမီးယားလိဂ်(၁၅)ပွဲကစားပြီးချိန်မှာ အသင်းအတွက်

(၂)ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး လူစားဝင်ကစားသမားအဖြစ် (၅)ပွဲပါဝင်ကစားခွင့်

ရခဲ့ပါတယ်။

ဒါ့အပြင် မာစီယဲလ်ဟာ ဒီရာသီချန်ပီယံလိဂ်မှာလည်း စုစုပေါင်း

(၆၇)မိနစ်သာကစားခဲ့ရသလို ဗီလာရီးယဲလ်ကို အဝေးကွင်းမှာအနိုင်ရခဲ့တဲ့

တစ်ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့တာပါ။ ယူနိုက်တက်တိုက်စစ်ပိုင်းမှာ

ရွေးချယ်စရာကစားသမားတွေများပြားနေတာကြောင့် မာစီယဲလ်ဟာ ပွဲချိန်

အနည်းငယ်သာကစားခွင့်ရနေတဲ့အပေါ် မကျေမနပ်ဖြစ်နေပြီး ဇန်နဝါရီ

အပြောင်းအရွှေ့ကျရင် အသင်းနဲ့လမ်းခွဲဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

မာစီယဲလ်ရဲ့အေးဂျင့်ဖြစ်သူ ဖိလစ်ပီလမ်ဘိုလေက “မာစီယဲလ်ဟာ

ဇန်နဝါရီမှာ ယူနိုက်တက်အသင်းနဲ့လမ်းခွဲဖို့ဆန္ဒရှိနေပါတယ်။ သူက ပွဲကစား

ခွင့်ရဖို့လိုအပ်နေတာဖြစ်တာကြောင့် ယူနိုက်တက်အသင်းမှာ ဆက်ကစားဖို့

ဆန္ဒမရှိတော့ဘဲ မကြာခင် အသင်းတာဝန်ရှိသူတွေနဲ့ ကျွန်တော်တွေ့ဆုံ

စကားပြောသွားမှာပါ”လို့ Sky Sports သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်း ယာယီနည်းပြရန်နစ်ခ်လက်ထက်မှာ မာစီယဲလ်ဟာ

ဒူးဒဏ်ရာပြဿနာကြောင့် ပွဲမကစားနိုင်သေးပေမယ့် ရန်နစ်ခ်အနေနဲ့

မာစီယဲလ်ကို ပွဲထွက်ကစားသမားအဖြစ်အသုံးပြုဖို့ဆိုတာက သိပ်မဖြစ်

နိုင်ပါဘူး။ အခုလောလောဆယ် မာစီယဲလ်ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့

အသင်းတွေထဲမှာ ဘာစီလိုနာအသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး

ဘာစီလိုနာတာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့တစ်ပတ်က ယူနိုက်တက်အသင်းဆီ

လာရောက်လည်ပတ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေ

ထိပ်သီးဂျူဗင်တပ်စ်အသင်းကလည်း မာစီယဲလ်ကို ပစ်မှတ်ထားနေပြီး

မာစီယဲလ်ဟာ ယူနိုက်တက်အသင်းနဲ့(၃)နှစ်စာချုပ်သက်တမ်းကျန်ရှိနေသလို

ယူနိုက်တက်အသင်းက မာစီယဲလ်ကို စျေးပေါပေါနဲ့ရောင်းချသွားမယ့်

အနေအထားမရှိပါဘူး။

Zawgyi

ယူႏိုက္တက္ကေန ထြက္ေတာ့မယ့္ မာစီယဲလ္

မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ ႐ုန္းကန္ေနရတဲ့ တိုက္စစ္ကစားသမား

မာစီယဲလ္ဟာ သူ႔ရဲ႕စိတ္ပ်က္စရာေကာင္းတဲ့ မန္ခ်က္စတာယူႏိုက္တက္ကစား

သမားဘဝကို အဆုံးသတ္ႏိုင္ဖို႔နည္းလမ္းရွာေဖြေနၿပီး လာမယ့္ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕က်ရင္ အသင္းကေနထြက္ခြာဖို႔ဆႏၵရွိေနတယ္ဆိုတာ အသင္း

တာဝန္ရွိသူေတြကို အသိေပးေျပာဆိုခဲ့ပါတယ္။ ျပင္သစ္တိုက္စစ္ကစားသမား

မာစီယဲလ္ဟာ ဒီရာသီပရီးမီးယားလိဂ္(၁၅)ပြဲကစားၿပီးခ်ိန္မွာ အသင္းအတြက္

(၂)ပြဲသာပြဲထြက္ခြင့္ရခဲ့ၿပီး လူစားဝင္ကစားသမားအျဖစ္ (၅)ပြဲပါဝင္ကစားခြင့္

ရခဲ့ပါတယ္။ ဒါ့အျပင္ မာစီယဲလ္ဟာ ဒီရာသီခ်န္ပီယံလိဂ္မွာလည္း စုစုေပါင္း

(၆၇)မိနစ္သာကစားခဲ့ရသလို ဗီလာရီးယဲလ္ကို အေဝးကြင္းမွာအႏိုင္ရခဲ့တဲ့

တစ္ပြဲသာ ပြဲထြက္ကစားခြင့္ရခဲ့တာပါ။ ယူႏိုက္တက္တိုက္စစ္ပိုင္းမွာ

ေ႐ြးခ်ယ္စရာကစားသမားေတြမ်ားျပားေနတာေၾကာင့္ မာစီယဲလ္ဟာ ပြဲခ်ိန္

အနည္းငယ္သာကစားခြင့္ရေနတဲ့အေပၚ မေက်မနပ္ျဖစ္ေနၿပီး ဇန္နဝါရီ

အေျပာင္းအေ႐ႊ႕က်ရင္ အသင္းနဲ႔လမ္းခြဲဖို႔ ဆႏၵရွိေနတာျဖစ္ပါတယ္။

မာစီယဲလ္ရဲ႕ေအးဂ်င့္ျဖစ္သူ ဖိလစ္ပီလမ္ဘိုေလက “မာစီယဲလ္ဟာ

ဇန္နဝါရီမွာ ယူႏိုက္တက္အသင္းနဲ႔လမ္းခြဲဖို႔ဆႏၵရွိေနပါတယ္။ သူက ပြဲကစား

ခြင့္ရဖို႔လိုအပ္ေနတာျဖစ္တာေၾကာင့္ ယူႏိုက္တက္အသင္းမွာ ဆက္ကစားဖို႔

ဆႏၵမရွိေတာ့ဘဲ မၾကာခင္ အသင္းတာဝန္ရွိသူေတြနဲ႔ ကြၽန္ေတာ္ေတြ႕ဆုံ

စကားေျပာသြားမွာပါ”လို႔ Sky Sports သတင္းဌာနကို ေျဖၾကားခဲ့ပါတယ္။

ယူႏိုက္တက္အသင္း ယာယီနည္းျပရန္နစ္ခ္လက္ထက္မွာ မာစီယဲလ္ဟာ

ဒူးဒဏ္ရာျပႆနာေၾကာင့္ ပြဲမကစားႏိုင္ေသးေပမယ့္ ရန္နစ္ခ္အေနနဲ႔

မာစီယဲလ္ကို ပြဲထြက္ကစားသမားအျဖစ္အသုံးျပဳဖို႔ဆိုတာက သိပ္မျဖစ္

ႏိုင္ပါဘူး။ အခုေလာေလာဆယ္ မာစီယဲလ္ကိုေခၚယူဖို႔စိတ္ဝင္စားေနတဲ့

အသင္းေတြထဲမွာ ဘာစီလိုနာအသင္းက ေရပန္းအစားဆုံးျဖစ္ေနၿပီး

ဘာစီလိုနာတာဝန္ရွိသူေတြဟာ ၿပီးခဲ့တဲ့တစ္ပတ္က ယူႏိုက္တက္အသင္းဆီ

လာေရာက္လည္ပတ္ခဲ့တယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ ဒါ့အျပင္ စီးရီးေအ

ထိပ္သီးဂ်ဴဗင္တပ္စ္အသင္းကလည္း မာစီယဲလ္ကို ပစ္မွတ္ထားေနၿပီး

မာစီယဲလ္ဟာ ယူႏိုက္တက္အသင္းနဲ႔(၃)ႏွစ္စာခ်ဳပ္သက္တမ္းက်န္ရွိေနသလို

ယူႏိုက္တက္အသင္းက မာစီယဲလ္ကို ေစ်းေပါေပါနဲ႔ေရာင္းခ်သြားမယ့္

အေနအထားမရွိပါဘူး။